Spots news

မန်စီးတီးအသင်းကနေ တရားဝင်ထွက်ခွာခွင့် တောင်းဆိုလိုက်တဲ့ ဘာနာဒို ဆေးလ်ဗား

Unicode Version

မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ဂွာဒီယိုလာကတော့ အသင်းရဲ့ ကွင်းလယ် ဘာနာဒို ဆေးလ်ဗားဟာ အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားကြောင်း တရားဝင် ပြောကြားသွားပါတယ်။

ဂွာဒီယိုလာရဲ့ ပြောကြားချက်အရ ဘာနာဒို ဆေးလ်ဗားအပြင် နောက်ထပ် ကစားသမား ၂ဦး (သို့) ၃ဦးကလည်း အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားကြောင်းနဲ့အဆိုပါ ကစားသမားတွေကို သင့်တော်တဲ့ ကမ်းလှမ်းမှု ရရှိပါက ရောင်းချသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂွာဒီယိုလာက ဘာစီလိုနာအသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာတဲ့ မက်ဆီကို ခေါ်ယူမှာ မဟုတ်ကြောင်းလည်း အတည်ပြုသွားပါတယ်။

ဒါကြောင့် မက်ဆီကို ခေါ်ယူဖို့ ကြိုးစားနေတဲ့အသင်းဟာ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းသာ ရှိတော့ပြီး နေမာကလည်း မက်ဆီ တယောက် ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့လာအောင် အစွမ်းကုန် ကြိုးစားနေကြောင်း သိရပါတယ်။

Zawgyi Version



