Spots news
အဲ‌ဗာတန်နဲ့ ခြေစမ်းပွဲမှာ ပါဝင်လာမယ့် ဆန်ချိုနဲ့ ယူနိုက်တက် သတင်းတိုများ
Unicode Version
ကွင်းလယ်လူ ပေါ့ဘာ အနေနဲ့ ပီအက်စ်ဂျီ သို့ပြောင်းရွေ့ရန် ဆန္ဒ ရှိနေသေးသော်လည်း နည်းပြ အိုလေ နှင့် ဆက်ဆံရေကောင်းများရှိခြင်းနှင့်အတူ အသင်းပြောင်းရွေ့ရန် ပြသာနာဖန်တီးခြင်းမျိုး တွန်းအားပေးခြင်းမျိုး လုပ်ဆောင်သွားရန် မရှိပေ။
ပီအက်စ်ဂျီ အနေဖြင့် မက်ဆီ နှင့်ဆွေးနွေးမှုများအရှိန်အဟုန်မြှင့်လုပ်ဆောင်လာနေပြီး ပေါ့ဘာ အတွက်လာမည့် နွေရာသီ အလွတ်ပြောင်းရွေ့ကြေးဖြင့် ခေါ်ယူဖွယ်ရှိပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဖန် များစောင့်မျှော်နေသော ဒေါ့မွန် အသင်းမှ ခေါ်ယူထားတဲ့ အဂ်လန် တောင်ပံကစားသမားသစ် ဂျေဒန် ဆန်ချိုဟာ ယူနိုက်တက် အဖွဲ့သားများ နှင့် စနေနေ့ အဲ‌ဗာတန် အသင်းနှင့်ခြေစမ်းပွဲမတိုင်မှီ ပူပေါင်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။
အက်သလက်တီကို နောက်ခံလူ ထရစ်ပီယာအနေနှင့် မန်ယူနိုက်တက်ဆီသို့ ပြောင်းရွှေ့နိုင်လိမ့်မည်ဟု ထရစ်ပီယာ​၏ မိသားစုဝင်များက အလွန်ယုံကြည်နေလျက်ရှိပြီး အကယ်၍ အပြောင်း အရွှေ့ ဖြစ်မြောက်ခဲ့ပါက ဈေးကွက်ပိတ်ခါနီးတွင် ဖြစ်လာဖွယ် ရှိပါတယ်။
ယူန်ိုက်တက်ဟာ ပြင်သစ် လူငယ်ကြယ်ပွင့် ကာမာဗင်ဂါအား ခေါ်ယူလိုနေသော်လည်း ကစားသမား​၏ ဆန္ဒမှာ မပြတ်မသားဖြစ်နေပါတယ်။ ကစားသမား​၏ အေးဂျင့် ဂျွန်နသန်ဘားနက်ကမူ ယူနိုက်တက်နှင့် အပြောင်းအရွှေ့ ဖြစ်မြောက်စေရန် တွန်းအားပေးလျက်ရှိပါတယ်။
Zawgyi Version