Unicode Version
ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်ချ်ဟာ ဆွေးနွေးမှုတွေ ဆောင်ရွက်ဖို့ မက်ဆီရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အမြန်ဆုံး တွေ့ဆုံလိုနေတယ်လို့ စပိန်သတင်းဌာန AS က ဖော်ပြထားပါတယ်။ ချယ်လ်ဆီးနဲ့ မိုဗစ်ချ်ဟာ မက်ဆီကို အရခေါ်ယူဖို့ တောင့်တင်းတဲ့ ဘဏ္ဍာရေးအင်အား ရှိပါတယ်။
စပါးအသင်းဟာ အတ္တလန်တာအသင်းမှ အာဂျင်တီးနားနောက်ခံလူ ခရစ္စတီယန်ရိုမဲရိုး ကို ပေါင် ၅၅ သန်းဖြင့် ခေါ်ယူကာ ၅နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ ပါတယ်။ ခရစ္စတီယန်ရိုမဲရိုးဟာ စပါးအသင်းတွင် ကျောနံပါတ် ၄ ဂျာစီကို ဝတ်ဆင်မည်ဖြစ်ကြောင်း သိရပါတယ်။
မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ကစားဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ တိုက်စစ်ကစားသမား ဟယ်ရီကိန်းက သူအနေနဲ့ မနက်ဖြန်မှာ စပါးအသင်းနဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို ပြန်လည် လုပ်ဆောင် သွားတော့မှာ
ဖြစ်ကြောင်းနဲ့ အသင်းမှာ လေ့ကျင့်ခန်းဆင်းဖို့အတွက် ကိုလည်း ငြင်းဆန်တာမျိုး ဘယ်တော့မှ ပြုလုပ်ခဲ့ခြင်းလည်း မရှိပါကြောင်း စပါးအသင်းပရိသတ်တွေဆီ အသိပေးစာတစ်စောင် ထုတ်ပြန်သွားခဲ့ပါတယ်
လက်ရှိ ပီအက်စ်ဂျီအသင်းရဲ့ ကျောနံပါတ် ၁၀ကို ဝတ်ဆင်ထားတဲ့ ဘရာဇီးလ် တိုက်စစ်မှူး နေမာဟာ သူ့ရဲ့ အသင်းဖော်ဟောင်း မက်ဆီသာ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့လာပါက သူ့ရဲ့ ကျောနံပါတ် ၁၀ကို
မက်ဆီထံ လိုလိုလားလား ပေးချင်နေကြောင်း သိရပါတယ်။နေမာဟာ မက်ဆီကို ကျောနံပါတ် ၁၀ ပေးပြီးပါက သူ့ရဲ့ ကျောနံပါတ်ဟောင်း ဖြစ်တဲ့ နံပါတ် ၁၁ကို ပြောင်းလဲ ဝတ်ဆင်ဖို့ ရှိနေပါတယ်။
Zawgyi Version
ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်ခ်ျဟာ ဆွေးနွေးမှုတွေ ဆောင်ရွက်ဖို့ မက်ဆီရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အမြန်ဆုံး တွေ့ဆုံလိုနေတယ်လို့ စပိန်သတင်းဌာန AS က ဖော်ပြထားပါတယ်။ ချယ်လ်ဆီးနဲ့ မိုဗစ်ခ်ျဟာ မက်ဆီကို အရခေါ်ယူဖို့ တောင့်တင်းတဲ့ ဘဏ္ဍာရေးအင်အား ရှိပါတယ်။