Spots news

ချယ်လ်ဆီးတိုက်စစ်မှူး အေဘရာဟမ်ကို ခေါ်ယူရန် ပြင်ဆင်နေတဲ့ ဆောက်သမ်တန်

Unicode Version

ဆောက်သမ်တန် အသင်းဟာ ယခုနွေရာသီ အပြောင်းအရွေ့မှာ ချယ်လ်ဆီး အသင်းက ရောင်းချဖို့ ပြင်ဆင်နေတဲ့ တိုက်စစ်မှူး အေဘရာဟမ်ကို ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန် အခြေစိုက် သတင်းမီဒီယာများက ဖော်ပြခဲ့ပါတယ်။

ဆောက်သမ်တန် အသင်းဟာ မကြာသေးမီကပဲ အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ဒန်နီအင့်စ်ကို အက်စတွန်ဗီလာအသင်းထံ ပြောင်းရွေ့ကြေး ပေါင်သန်း ၃၀ ဖြင့် ရောင်းထုတ်ခဲ့ပြီးနောက် တိုက်စစ်အင်အား ပြန်လည်ဖြည့်တင်းဖို့ ချယ်လ်ဆီး လူငယ်တိုက်စစ်မှူး အေဘရာဟမ်ကို ပြန်လည်အစားထိုးခေါ်ယူလိုနေတာ ဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းရဲဲ့ ကနဦး ရည်ရွယ်ချက်က တိုက်စစ်မှူး အေဘရာဟမ်ကို အငှားဖြင့် ခေါ်ယူရေး ဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းက သူတို့ရဲ့ ကစားသမားကို အပြီးသတ်သာ ရောင်းချလိုနေပြီး ပြောင်းရွေ့ကြေး ပေါင်သန်း ၄၀ ဝန်းကျင် အလိုရှိနေကြောင်း Daily Mail သတင်းစာက ဖော်ပြထား ပါတယ်။

လက်ရှိအချိန်မှာ အသက် ၂၃ နှစ်အရွယ် သာရှိ‌သေးတဲ့ အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ်ကို ခေါ်ယူဖို့ ဆောက်သမ်တန် အသင်းနှင့်အပြိုင် ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်၊ ဝက်စ်ဟမ်း တို့အပြင် အီတလီ စီးရီးအေ ကလပ် အတ္တလန်တာအသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

ဆောက်သမ်တန် အသင်းဟာ ယခုအခါမှာ‌တော့ အေဘရာဟမ်အတွက် ပြိုင်ဘက်အသင်းတွေထက် လက်ဦးမှု ရယူဖို့ အငှားဖြင့် မဟုတ်ပဲ အပြီးသတ် ခေါ်ယူရေး အတွက် ချယ်လ်ဆီးအသင်းကို တရားဝင်ကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

Zawgyi Version

ေဆာက္သမ္တန္ အသင္းဟာ ယခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာ ခ်ယ္လ္ဆီး အသင္းက ေရာင္းခ်ဖိဳ႕ ျပင္ဆင္ေနတဲ့ တိုက္စစ္မႉး ေအဘရာဟမ္ကို ေခၚယူရန္ စီစဥ္ေနေၾကာင္း ၿဗိတိန္ အေျခစိုက္ သတင္းမီဒီယာမ်ားက ေဖာ္ျပခဲ့ပါတယ္။

ေဆာက္သမ္တန္ အသင္းဟာ မၾကာေသးမီကပဲ အသင္းရဲ႕ ဝါရင့္တိုက္စစ္မႉး ဒန္နီအင့္စ္ကို အက္စတြန္ဗီလာအသင္းထံ ေျပာင္းေ႐ြ႕ေၾကး ေပါင္သန္း ၃၀ ျဖင့္ ေရာင္းထုတ္ခဲ့ၿပီးေနာက္ တိုက္စစ္အင္အား ျပန္လည္ျဖည့္တင္းဖို႔ ခ်ယ္လ္ဆီး လူငယ္တိုက္စစ္မႉး ေအဘရာဟမ္ကို ျပန္လည္အစားထိုးေခၚယူလိုေနတာ ျဖစ္ပါတယ္။

ေဆာက္သမ္တန္အသင္းရဲဲ့ ကနဦး ရည္႐ြယ္ခ်က္က တိုက္စစ္မႉး ေအဘရာဟမ္ကို အငွားျဖင့္ ေခၚယူေရး ျဖစ္ေပမယ့္ ခ်ယ္လ္ဆီးအသင္းက သူတို႔ရဲ႕ ကစားသမားကို အၿပီးသတ္သာ ေရာင္းခ်လိဳေနၿပီး ေျပာင္းေ႐ြ႕ေၾကး ေပါင္သန္း ၄၀ ဝန္းက်င္ အလိုရွိေနေၾကာင္း Daily Mail သတင္းစာက ေဖာ္ျပထား ပါတယ္။

လက္ရွိအခ်ိန္မွာ အသက္ ၂၃ ႏွစ္အ႐ြယ္ သာရွိ‌ေသးတဲ့ အဂၤလန္တိုက္စစ္မႉး ေအဘရာဟမ္ကို ေခၚယူဖို႔ ေဆာက္သမ္တန္ အသင္းႏွင့္အၿပိဳင္ ပရီးမီးယားလိဂ္ ၿပိဳင္ဘက္ေတြျဖစ္တဲ့ အာဆင္နယ္၊ ဝက္စ္ဟမ္း တို႔အျပင္ အီတလီ စီးရီးေအ ကလပ္ အတၱလန္တာအသင္းတို႔ကလည္း စိတ္ဝင္စားေနေၾကာင္း သိရွိရပါတယ္။

ေဆာက္သမ္တန္ အသင္းဟာ ယခုအခါမွာ‌ေတာ့ ေအဘရာဟမ္အတြက္ ၿပိဳင္ဘက္အသင္းေတြထက္ လက္ဦးမႈ ရယူဖို႔ အငွားျဖင့္ မဟုတ္ပဲ အၿပီးသတ္ ေခၚယူေရး အတြက္ ခ်ယ္လ္ဆီးအသင္းကို တရားဝင္ကမ္းလွမ္းမႈျပဳလုပ္ရန္ စီစဥ္ေနၿပီ ျဖစ္ေၾကာင္း သိရွိရပါတယ္။