Spots news

မွေးနေ့လက်ဆောင်အဖြစ် မက်ဆီကိုခေါ်ပေးဖို့ မန်ယူကို တောင်းဆိုလိုက်တဲ့ ဗန်ပါစီ

Unicode Version

အသက် ၃၈နှစ်ပြည့်ခဲ့တဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ရော်ဘင် ဗန်ပါစီကတော့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းကို ဘာစီလိုနာအသင်း ကနေ စာချုပ်ဖျက်သိမ်းပြီး အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိထားတဲ့ လီယွန်နယ် မက်ဆီအား ခေါ်ယူဖို့ မွေးနေ့လက်ဆောင်အဖြစ် တောင်းဆိုခဲ့ပါတယ်။

အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့မှာ ကစားခဲ့တဲ့ ရော်ဘင် ဗန်ပါစီဟာ မက်ဆီရဲ့ ပရိတ်သတ် တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းက သူ့အတွက် ၃၈ နှစ်ပြည့် မွေးနေ့ဆုတောင်း ပေးခဲ့တဲ့ ပို့စ်အောက်မှာ မက်ဆီကို ခေါ်ယူဖို့ တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဗန်ပါစီရဲ့ မွေးနေ့နဲ့ အတွက် “ ယူနိုက်တက်ရဲ့ အကောင်းဆုံး မွေးနေ့ဆုတောင်းတွေကို မင်းဆီ ပို့လိုက်တယ် ဗန်ပါစီရေ” လို့ ဆုတောင်းပေးခဲ့တာ ဖြစ်ကာ ဗန်ပါစီကတော့ ယူနိုက်တက်အသင်းရဲ့ မွေးနေ့ဆုတောင်း ပို့စ်အောက်မှာ မက်ဆီကို ခေါ်ပေးပါလို့ တောင်းဆိုခဲ့တာပါ။

ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ဆုဖလား ရယူရမှာ အဓိကနေရာက စွမ်းဆောင်ပေးခဲ့တဲ့ ဗန်ပါစီက “ကျေးဇူးတင်ပါတယ် မန်ချက်စတာ ယူနိုက်တက်ရေ။ ကျေးဇူးပြုပြီးတော့ မက်ဆီကို ခေါ်ယူနိုင်ခဲ့ကြောင်း ကြေညာပေးပါဦး” လို့ ရေးသားကာ တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေဟာ အချစ်တော် တိုက်စစ်မှူးဟောင်း ဗန်ပါစီရဲ့ တောင်းဆိုမှုကို သဘောကျနေကြပြီး ဘာစီလိုနာ ကြယ်ပွင့်ဟောင်း မက်ဆီက သူတို့အသင်းမှာ လာရောက် ကစားတာကို မြင်တွေ့လိုကြောင်း ပြောဆိုနေကြပါတယ်။

သို့ပေမယ်် အသက် ၃၄နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ ပြင်သစ် ကလပ် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီး လာမယ့် ရက်ပိုင်း အတွင်းမှာပဲ ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားသစ် ဖြစ်လာဖွယ် ရှိကြောင်း ပြင်သစ် သတင်းဌာနတွေက ဆိုပါတယ်။

Zawgyi Version

အသက္ ၃၈ႏွစ္ျပည့္ခဲ့တဲ့ ပရီးမီးယားလိဂ္ တိုက္စစ္မႉးေဟာင္း တဦး ျဖစ္သူ ေရာ္ဘင္ ဗန္ပါစီကေတာ့ သူ႕ရဲ႕ အသင္းေဟာင္း မန္ခ်က္စတာ ယူနိုက္တက္အသင္းကို ဘာစီလိုနာအသင္း ကေန စာခ်ဳပ္ဖ်က္သိမ္းၿပီး အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ထြက္ခြာခြင့္ ရရွိထားတဲ့ လီယြန္နယ္ မက္ဆီအား ေခၚယူဖို႔ ေမြးေန႕လက္ေဆာင္အျဖစ္ ေတာင္းဆိုခဲ့ပါတယ္။

အာဆင္နယ္ နဲ႕ မန္ခ်က္စတာ ယူနိုက္တက္အသင္းတို႔မွာ ကစားခဲ့တဲ့ ေရာ္ဘင္ ဗန္ပါစီဟာ မက္ဆီရဲ႕ ပရိတ္သတ္ တဦး ျဖစ္ၿပီး မန္ခ်က္စတာ ယူနိုက္တက္အသင္းက သူ႕အတြက္ ၃၈ ႏွစ္ျပည့္ ေမြးေန႕ဆုေတာင္း ေပးခဲ့တဲ့ ပို႔စ္ေအာက္မွာ မက္ဆီကို ေခၚယူဖို႔ ေတာင္းဆိုခဲ့တာလည္း ျဖစ္ပါတယ္။

ယူနိုက္တက္အသင္းဟာ ဗန္ပါစီရဲ႕ ေမြးေန႕နဲ႕ အတြက္ “ ယူနိုက္တက္ရဲ႕ အေကာင္းဆုံး ေမြးေန႕ဆုေတာင္းေတြကို မင္းဆီ ပို႔လိုက္တယ္ ဗန္ပါစီေရ” လို႔ ဆုေတာင္းေပးခဲ့တာ ျဖစ္ကာ ဗန္ပါစီကေတာ့ ယူနိုက္တက္အသင္းရဲ႕ ေမြးေန႕ဆုေတာင္း ပို႔စ္ေအာက္မွာ မက္ဆီကို ေခၚေပးပါလို႔ ေတာင္းဆိုခဲ့တာပါ။

ယူနိုက္တက္ရဲ႕ ပရီးမီးယားလိဂ္ဆုဖလား ရယူရမွာ အဓိကေနရာက စြမ္းေဆာင္ေပးခဲ့တဲ့ ဗန္ပါစီက “ေက်းဇူးတင္ပါတယ္ မန္ခ်က္စတာ ယူနိုက္တက္ေရ။ ေက်းဇူးျပဳၿပီးေတာ့ မက္ဆီကို ေခၚယူနိုင္ခဲ့ေၾကာင္း ေၾကညာေပးပါဦး” လို႔ ေရးသားကာ ေတာင္းဆိုခဲ့တာပဲ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ပရိသတ္ေတြဟာ အခ်စ္ေတာ္ တိုက္စစ္မႉးေဟာင္း ဗန္ပါစီရဲ႕ ေတာင္းဆိုမႈကို သေဘာက်ေနၾကၿပီး ဘာစီလိုနာ ၾကယ္ပြင့္ေဟာင္း မက္ဆီက သူတို႔အသင္းမွာ လာေရာက္ ကစားတာကို ျမင္ေတြ႕လိုေၾကာင္း ေျပာဆိုေနၾကပါတယ္။

သို႔ေပမယ္္ အသက္ ၃၄ႏွစ္ အ႐ြယ္ ရွိၿပီ ျဖစ္တဲ့ လီယြန္နယ္ မက္ဆီဟာ ျပင္သစ္ ကလပ္ ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ေနၿပီး လာမယ့္ ရက္ပိုင္း အတြင္းမွာပဲ ပီအက္စ္ဂ်ီအသင္းရဲ႕ ကစားသမားသစ္ ျဖစ္လာဖြယ္ ရွိေၾကာင္း ျပင္သစ္ သတင္းဌာနေတြက ဆိုပါတယ္။