Unicode Version
မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ဂွါဒီယိုလာက စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူရန် စိတ်ဝင်စားကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အက်စတွန်ဗီလာအသင်းမှ ဂရီးလစ်ရှ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ဖြင့် ခေါ်ယူပြီးနောက် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကိုပါ ခေါ်ယူရန် စီစဉ်နေတာပါ။
တိုက်စစ်မှူး ဟယ်ရီကိန်းကိုယ်တိုင်ကလည်း စပါးအသင်းမှ ထွက်ခွာခွင့် တောင်းထားပြီး သြဂုတ်လ ၂ ရက်နေ့ ကတည်းက အသင်းနှင့်ပူးပေါင်းရမှာ ဖြစ်သော်လည်း လက်ရှိ အချိန်အထိ ပူးပေါင်းခြင်း မရှိသေးသဖြင့် စပါးအသင်း ပရိသတ်များရဲ့ ဒေါသထွက်ခြင်းကိုပင် ခံနေရသူပါ။
မန်စီးတီး နည်းပြ ဂွါဒီယိုလာက စပါးအသင်းအနေဖြင့် ဟယ်ရီကိန်းအတွက် မန်စီးတီး အသင်းရဲ့ ကမ်းလှမ်း ညှိနှိုင်းမှုများကို လက်ခံခြင်းမရှိသေးကြောင်း ပြောကြားခဲ့ ပါတယ်။
“ဟယ်ရီကိန်းက စပါးအသင်းရဲ့ ကစားသမား ဖြစ်ပါတယ်။ တကယ်လို့ စပါးအသင်းကသာ သူ့အတွက် ညှိနှိုင်းမှုတွေကို လက်မခံဘူးဆိုရင် အားလုံးက ပြီးသွားပါပြီ။ ”
“ တကယ်လို့ စပါးအသင်းအနေနဲ့ ဟယ်ရီကိန်းရဲ့ အပြောင်းအရွှေ့အတွက် လက်ခံဆွေးနွေးမယ်ဆိုရင် သူ့ကို လိုချင်တဲ့အသင်းတွေအများကြီး ရှိပါတယ်။
အဲဒီအသင်းတွေထဲမှာ ကျွန်တော်တို့ မန်စီးတီးအသင်းလည်း ပါပါတယ်။ ဒါပေမဲ့ ဟယ်ရီကိန်းရဲ့အပြောင်းအရွှေ့က စပါးအသင်းအပေါ်မှာ မူတည်ပါတယ်”ဟု ဂွါဒီယိုလာက ပြောကြားခဲ့ ပါတယ်။
Zawgyi Version
မန္ခ်က္စတာ စီးတီးအသင္းရဲ႕ နည္းျပ ဂြါဒီယိုလာက စပါးတိုက္စစ္မႉး ဟယ္ရီကိန္းကို ေခၚယူရန္ စိတ္ဝင္စားေၾကာင္း ဝန္ခံေျပာၾကားခဲ့ပါတယ္။
မန္စီးတီးအသင္းဟာ အက္စတြန္ဗီလာအသင္းမွ ဂရီးလစ္ရွ္ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၀၀ ျဖင့္ ေခၚယူၿပီးေနာက္ စပါးတိုက္စစ္မႉး ဟယ္ရီကိန္းကိုပါ ေခၚယူရန္ စီစဥ္ေနတာပါ။
တိုက္စစ္မႉး ဟယ္ရီကိန္းကိုယ္တိုင္ကလည္း စပါးအသင္းမွ ထြက္ခြာခြင့္ ေတာင္းထားၿပီး ၾသဂုတ္လ ၂ ရက္ေန႕ ကတည္းက အသင္းႏွင့္ပူးေပါင္းရမွာ ျဖစ္ေသာ္လည္း လက္ရွိ အခ်ိန္အထိ ပူးေပါင္းျခင္း မရွိေသးသျဖင့္ စပါးအသင္း ပရိသတ္မ်ားရဲ႕ ေဒါသထြက္ျခင္းကိုပင္ ခံေနရသူပါ။
မန္စီးတီး နည္းျပ ဂြါဒီယိုလာက စပါးအသင္းအေနျဖင့္ ဟယ္ရီကိန္းအတြက္ မန္စီးတီး အသင္းရဲ႕ ကမ္းလွမ္း ညွိႏွိုင္းမႈမ်ားကို လက္ခံျခင္းမရွိေသးေၾကာင္း ေျပာၾကားခဲ့ ပါတယ္။
“ဟယ္ရီကိန္းက စပါးအသင္းရဲ႕ ကစားသမား ျဖစ္ပါတယ္။ တကယ္လို႔ စပါးအသင္းကသာ သူ႕အတြက္ ညွိႏွိုင္းမႈေတြကို လက္မခံဘူးဆိုရင္ အားလုံးက ၿပီးသြားပါၿပီ။ ”
“ တကယ္လို႔ စပါးအသင္းအေနနဲ႕ ဟယ္ရီကိန္းရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ လက္ခံေဆြးေႏြးမယ္ဆိုရင္ သူ႕ကို လိုခ်င္တဲ့အသင္းေတြအမ်ားႀကီး ရွိပါတယ္။
အဲဒီအသင္းေတြထဲမွာ ကြၽန္ေတာ္တို႔ မန္စီးတီးအသင္းလည္း ပါပါတယ္။ ဒါေပမဲ့ ဟယ္ရီကိန္းရဲ႕အေျပာင္းအေ႐ႊ႕က စပါးအသင္းအေပၚမွာ မူတည္ပါတယ္”ဟု ဂြါဒီယိုလာက ေျပာၾကားခဲ့ ပါတယ္။