Unicode Version
လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ ချယ်လ်ဆီး အသင်းဟာ လာမယ့် ရာသီမှာ ဆုဖလားကို ကာကွယ်ဖို့ အတွက်ဘယခုနှစ် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း နောက်ခံလူ တဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေရာ ဂျူဗင်တပ်အသင်းရဲ့ နောက်ခံလူ ဒီလစ်ကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး လူကာကူနဲ့ ဆီဗီးလားအသင်းရဲ့ နောက်ခံလူ ကွန်ဒေတို့ကိုလဲ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပြီး လူကာကူကို ခေါ်ယူဖို့ အခြေအနေ ကောင်းနေပေမယ့် နောက်ခံကစားသမား ကွန်ဒေအတွက် ဆွေးနွေးမှုတွေ ကတော့ ကြန့်ကြာနေခဲ့ပါတယ်။
သို့ဖြစ်၍ ချယ်လ်ဆီးဟာ ဂျူဗင်တပ်အသင်းရဲ့ နောက်ခံလူ ဒီလစ်ကို ခေါ်ယူဖို့ စတင် ပြင်ဆင်နေတယ်လို့ သိရပြီး ဗြိတိန် အားကစား သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ဂျာမနီ တိုက်စစ် ကစားသမား တီမိုဝါနာကို အလိုက်ပေးပြီး ကမ်းလှမ်းမယ်လို့ သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ ကွန်ဒေကို ဆွေးနွေးမှုများ ကြန့်ကြာ နေတဲ့အတွက် အချိန်မနှောင်းခင် ဒီလစ်ကို ပြောင်းလဲ ခေါ်ယူဖို့ ပြင်ဆင်လာတာ ဖြစ်ပြီး ဒီလစ်အတွက် တီမိုဝါနာ + ယူရို ၅၀သန်း ဆိုတဲ့ ကမ်းလှမ်းမှု တခုကို ပြုလုပ်ဖို့ အသင့် ရှိနေကြောင်း သိရှိရပါတယ်။
တီမိုဝါနာဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ချယ်လ်ဆီးအသင်းထံ ရောက်ရှိလာသူ ဖြစ်ပြီး အသင်းနဲ့ ထိုက်သင့်သလောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်ကြောင့် အားလုံးရဲ့ ဝေဖန်မှုကို ခံနေရသူ ဖြစ်ပါတယ်။
အီတလီ အခြေစိုက် အားကစား သတင်းဌာနတွေ ကတော့ ဂျူဗင်တပ်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် တိုက်စစ်မှးး တီမိုဝါနာကို သဘောကျနေပြီး ချယ်လ်ဆီးအသင်းကသာ တီမိုဝါနာ + ယူရို ၆၀သန်း ဝန်းကျင် ပေးချေမယ် ဆိုပါက အသင်းရဲ့ နောက်ခံကစားသမား ဒီလစ်ကို လက်လွှတ်ဖွယ် ရှိကြောင်း ဖော်ပြနေကြပါတယ်။
Zawgyi Version
လက္ရွိ ပရီးမီးယားလိဂ္ ခ်န္ပီယံ ခ်ယ္လ္ဆီး အသင္းဟာ လာမယ့္ ရာသီမွာ ဆုဖလားကို ကာကြယ္ဖို႔ အတြက္ဘယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာ ထိပ္တန္း ေနာက္ခံလူ တဦးကို ေခၚယူဖို႔ ခ်ိန္႐ြယ္ေနရာ ဂ်ဴဗင္တပ္အသင္းရဲ႕ ေနာက္ခံလူ ဒီလစ္ကို စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။
ခ်ယ္လ္ဆီးအသင္းဟာ အင္တာမီလန္အသင္းရဲ႕ တိုက္စစ္မႉး လူကာကူနဲ႕ ဆီဗီးလားအသင္းရဲ႕ ေနာက္ခံလူ ကြန္ေဒတို႔ကိုလဲ ေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနတာ ျဖစ္ၿပီး လူကာကူကို ေခၚယူဖို႔ အေျခအေန ေကာင္းေနေပမယ့္ ေနာက္ခံကစားသမား ကြန္ေဒအတြက္ ေဆြးေႏြးမႈေတြ ကေတာ့ ၾကန႔္ၾကာေနခဲ့ပါတယ္။
သို႔ျဖစ္၍ ခ်ယ္လ္ဆီးဟာ ဂ်ဴဗင္တပ္အသင္းရဲ႕ ေနာက္ခံလူ ဒီလစ္ကို ေခၚယူဖို႔ စတင္ ျပင္ဆင္ေနတယ္လို႔ သိရၿပီး ၿဗိတိန္ အားကစား သတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္အရ ခ်ယ္လ္ဆီးအသင္းဟာ အသင္းရဲ႕ ဂ်ာမနီ တိုက္စစ္ ကစားသမား တီမိုဝါနာကို အလိုက္ေပးၿပီး ကမ္းလွမ္းမယ္လို႔ သိရပါတယ္။
ခ်ယ္လ္ဆီးအသင္းဟာ ကြန္ေဒကို ေဆြးေႏြးမႈမ်ား ၾကန႔္ၾကာ ေနတဲ့အတြက္ အခ်ိန္မေႏွာင္းခင္ ဒီလစ္ကို ေျပာင္းလဲ ေခၚယူဖို႔ ျပင္ဆင္လာတာ ျဖစ္ၿပီး ဒီလစ္အတြက္ တီမိုဝါနာ + ယူရို ၅၀သန္း ဆိုတဲ့ ကမ္းလွမ္းမႈ တခုကို ျပဳလုပ္ဖို႔ အသင့္ ရွိေနေၾကာင္း သိရွိရပါတယ္။
တီမိုဝါနာဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကမွ ခ်ယ္လ္ဆီးအသင္းထံ ေရာက္ရွိလာသူ ျဖစ္ၿပီး အသင္းနဲ႕ ထိုက္သင့္သေလာက္ ေျခစြမ္းေကာင္းေတြ ျပသနိုင္ခဲ့ေပမယ့္ အဆုံးသတ္ပိုင္း အားနည္းခ်က္ေၾကာင့္ အားလုံးရဲ႕ ေဝဖန္မႈကို ခံေနရသူ ျဖစ္ပါတယ္။
အီတလီ အေျခစိုက္ အားကစား သတင္းဌာနေတြ ကေတာ့ ဂ်ဴဗင္တပ္အသင္းဟာ အသင္းရဲ႕ တိုက္စစ္ပိုင္း အတြက္ တိုက္စစ္မွးး တီမိုဝါနာကို သေဘာက်ေနၿပီး ခ်ယ္လ္ဆီးအသင္းကသာ တီမိုဝါနာ + ယူရို ၆၀သန္း ဝန္းက်င္ ေပးေခ်မယ္ ဆိုပါက အသင္းရဲ႕ ေနာက္ခံကစားသမား ဒီလစ္ကို လက္လႊတ္ဖြယ္ ရွိေၾကာင္း ေဖာ္ျပေနၾကပါတယ္။