Spots news

ဆန်ချိုနဲ့ ကာဗာနီတို့ လာမည့်အပတ်မှာ အသင်းနဲ့ ပူးပေါင်းမည်ဟု နည်းပြဆိုးလ်ရှားပြာ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အိုလေဂန်နာ ဆိုးလ်ရှားက အသင်းမှ ခေါ်ယူထားတဲ့ တောင်ပံ ကစားသမားသစ် ဆန်ချိုနှင့် တိုက်စစ်မှူး ကာဗာနီတို့ဟာ လာမည့်အပတ်မှာ အသင်းနှင့်ပူးပေါင်းမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ယခုနွေရာသီ အပြောင်းအရွှေ့ကာလမှာ ဒေါ့မွန်အသင်းမှ ခေါ်ယူထားတဲ့ အင်္ဂလန်တောင်ပံ ကစားသမား ဆန်ချိုနှင့် ဥရုဂွေးဝါရင့် တိုက်စစ်မှူး ကာဗာနီတို့သည် အားလပ်ရက် အပန်းဖြေနေတာဖြစ်ပြီး လက်ရှိအချိန်အထိ အသင်းနှင့်ပူးပေါင်းခြင်းမရှိသေးကြောင်း သိရှိရပါတယ်။

ဆိုးလ်ရှားက “ကျွန်တော်တို့ လာ‌ရောက် ပူးပေါင်းတဲ့အခါ ဂျေဒန် နဲ့ ကာဗာနီ အနေနဲ့ ကြံ့ခိုင်မှုပြည့်ဝနေဖို့ မျှော်လင့်ပါတယ်။ လာမယ့် စနေ၊ တနင်္ဂနွေအပြီးမှာ သူတို့ဟာ ယူနိုက်တက် နဲ့ပူးပေါင်းပါလိမ့်မယ်။လက်ရှိ အချိန်မှာ သူတို့ဟာ

အခြေအနေ အမျိုးမျိုးကြောင့် အခုအချိန်ထိ အသင်းနဲ့ ပူးပေါင်းခြင်း မရှိသေးတာပါ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီက ပွဲစဉ်တွေ များပြားပြီး ကြာရှည်လွန်းတာကြောင့် သူတို့အနေနဲ့ အားလပ်ရက်နည်းနည်း ပိုယူတာ ကိစ္စမရှိပါဘူး”ဟု ပြောကြားခဲ့ပါတယ်။

ဆန်ချိုဟာ အင်္ဂလန်အသင်းနှင့် အတူ ယူရို-၂၀၂၀ ပြိုင်ပွဲကို ကစားခဲ့ပြီး ကာဗာနီကလည်း ဥရုဂွေးအသင်းနှင့် ကိုပါအမေရိက ပြိုင်ပွဲကို ကစားခဲ့ ပါတယ်။ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် သြဂုတ်လ ၁၄ ရက်မှာ လိဒ်စ်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းနည္းျပ အိုေလဂန္နာ ဆိုးလ္ရွားက အသင္းမွ ေခၚယူထားတဲ့ ေတာင္ပံ ကစားသမားသစ္ ဆန္ခ်ိဳႏွင့္ တိုက္စစ္မႉး ကာဗာနီတို႔ဟာ လာမည့္အပတ္မွာ အသင္းႏွင့္ပူးေပါင္းမည္ ျဖစ္ေၾကာင္း အတည္ျပဳ ေျပာၾကားခဲ့သည္။

ယခုေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလမွာ ေဒါ့မြန္အသင္းမွ ေခၚယူထားတဲ့ အဂၤလန္ေတာင္ပံ ကစားသမား ဆန္ခ်ိဳႏွင့္ ဥ႐ုေဂြးဝါရင့္ တိုက္စစ္မႉး ကာဗာနီတို႔သည္ အားလပ္ရက္ အပန္းေျဖေနတာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အသင္းႏွင့္ပူးေပါင္းျခင္းမရွိေသးေၾကာင္း သိရွိရပါတယ္။

ဆိုးလ္ရွားက “ကြၽန္ေတာ္တို႔ လာ‌ေရာက္ ပူးေပါင္းတဲ့အခါ ေဂ်ဒန္ နဲ႕ ကာဗာနီ အေနနဲ႕ ႀကံ့ခိုင္မႈျပည့္ဝေနဖို႔ ေမွ်ာ္လင့္ပါတယ္။ လာမယ့္ စေန၊ တနဂၤေႏြအၿပီးမွာ သူတို႔ဟာ ယူနိုက္တက္ နဲ႕ပူးေပါင္းပါလိမ့္မယ္။လက္ရွိ အခ်ိန္မွာ သူတို႔ဟာ

အေျခအေန အမ်ိဳးမ်ိဳးေၾကာင့္ အခုအခ်ိန္ထိ အသင္းနဲ႕ ပူးေပါင္းျခင္း မရွိေသးတာပါ။ ၿပီးခဲ့တဲ့ ေဘာလုံး ရာသီက ပြဲစဥ္ေတြ မ်ားျပားၿပီး ၾကာရွည္လြန္းတာေၾကာင့္ သူတို႔အေနနဲ႕ အားလပ္ရက္နည္းနည္း ပိုယူတာ ကိစၥမရွိပါဘူး”ဟု ေျပာၾကားခဲ့ပါတယ္။

ဆန္ခ်ိဳဟာ အဂၤလန္အသင္းႏွင့္ အတူ ယူရို-၂၀၂၀ ၿပိဳင္ပြဲကို ကစားခဲ့ၿပီး ကာဗာနီကလည္း ဥ႐ုေဂြးအသင္းႏွင့္ ကိုပါအေမရိက ၿပိဳင္ပြဲကို ကစားခဲ့ ပါတယ္။ ယူနိုက္တက္ အသင္းဟာ ပရီးမီးယားလိဂ္ အဖြင့္ပြဲအျဖစ္ ၾသဂုတ္လ ၁၄ ရက္မွာ လိဒ္စ္အသင္းနဲ႕ ကစားရမွာ ျဖစ္ပါတယ္။