Spots news

လူစုံတက်စုံနဲ့ အဲဗာတန်ကို ဂိုးပြတ်သွင်း အနိုင်ယူခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်

Unicode Version

ယူရိုပြိုင်ပွဲနဲ့ ကိုပါအမေရိကပြိုင်ပွဲတွေကြောင့် အဓိက ကစားသမားတွေကို ရာသီကြိုခြေစွမ်းပွဲ အတော်များများမှာ လက်လွှတ်ထားရတဲ့ ယူနိုက်တက်ဟာ ယနေ့ပွဲမှာတော့ လူစုံတက်စုံနဲ့ အဲဗာတန်ကို ဧည့်ခံခဲ့ပြီး ရာသီအသစ်မှာ သစ်လွင်တဲ့ခြေစွမ်းနဲ့အတူ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

အဲဗာတန် တိုက်စစ်ဟာ တပွဲလုံး တိုက်စစ်သေနေခဲ့ပြီး အဂ်လန် လက်ရွေးစင် ဂိုးသမားကြီး ပစ်ဖို့ဒ်ကလည်း ပထမပိုင်း တစ်ပိုင်းလုံး အမှားအချို့ ရှိခဲ့ပြီး ဂိုထိုင်ပေးနေခဲ့တာကြောင့် ယူနိုက်တက်အတွက် ပိုမိုလွယ်ကူစွာ အနိုင်ယူနိုင်ခဲ့တာပါ။

ယူနိုက်တက် အတွက် သွင်းဂိုးတွေကိုတော့ ပစ်ဖို့ဒ်ရဲ့ အမှားကနေ တဆင့် ဂရင်းဝုဒ်က ပိတ်သွင်းကာ ဦးဆောင်ဂိုး ရှာဖွေနိုင်ခဲ့ပြီး မရှေးမနှောင်းမှာပဲ ဒုတိယအနိုင်ဂိုးကို နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက လုရှော တင်ပေးလိုက်တဲ့ corner ball ကို ခေါင်းတိုက်ပြီး သွင်းယူသွားခဲ့ပါတယ်။

ယူနိုက်တက် အတွက် တတိယမြောက် ဦးဆောင်ဂိုးကိုတော့ ပထမပိုင်းမှာပဲ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ဖရီးကစ်ကနေ လှပစွာ သွင်းယူခဲ့ပါတယ်။ လေးဂိုးမြောက်ကတော့ ပွဲပြီးဆုံးခါနီးမှာ လူစားဝင်ကစားသမား ဒါလော့က ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။

ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေစွမ်းတွေ အတက်အကျများနေခဲ့တဲ့ ယူနိုက်တက်အနေနဲ့ မကြာခင်စတင်တော့မယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ ခြေစွမ်းမှန်မှန် ထိန်းထားနိုင်ပါ့မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

Zawgyi Version

ယူရိုၿပိဳင္ပြဲနဲ႕ ကိုပါအေမရိကၿပိဳင္ပြဲေတြေၾကာင့္ အဓိက ကစားသမားေတြကို ရာသီႀကိဳေျခစြမ္းပြဲ အေတာ္မ်ားမ်ားမွာ လက္လႊတ္ထားရတဲ့ ယူနိုက္တက္ဟာ ယေန႕ပြဲမွာေတာ့ လူစုံတက္စုံနဲ႕ အဲဗာတန္ကို ဧည့္ခံခဲ့ၿပီး ရာသီအသစ္မွာ သစ္လြင္တဲ့ေျခစြမ္းနဲ႕အတူ ဂိုးျပတ္အနိုင္ယူခဲ့ပါတယ္။

အဲဗာတန္ တိုက္စစ္ဟာ တပြဲလုံး တိုက္စစ္ေသေနခဲ့ၿပီး အဂ္လန္ လက္ေ႐ြးစင္ ဂိုးသမားႀကီး ပစ္ဖို႔ဒ္ကလည္း ပထမပိုင္း တစ္ပိုင္းလုံး အမွားအခ်ိဳ႕ ရွိခဲ့ၿပီး ဂိုထိုင္ေပးေနခဲ့တာေၾကာင့္ ယူနိုက္တက္အတြက္ ပိုမိုလြယ္ကူစြာ အနိုင္ယူနိုင္ခဲ့တာပါ။

ယူနိုက္တက္ အတြက္ သြင္းဂိုးေတြကိုေတာ့ ပစ္ဖို႔ဒ္ရဲ႕ အမွားကေန တဆင့္ ဂရင္းဝုဒ္က ပိတ္သြင္းကာ ဦးေဆာင္ဂိုး ရွာေဖြနိုင္ခဲ့ၿပီး မေရွးမေႏွာင္းမွာပဲ ဒုတိယအနိုင္ဂိုးကို ေနာက္ခံလူ ဟယ္ရီ မက္ဂြိုင္းယားက လုေရွာ တင္ေပးလိုက္တဲ့ corner ball ကို ေခါင္းတိုက္ၿပီး သြင္းယူသြားခဲ့ပါတယ္။

ယူနိုက္တက္ အတြက္ တတိယေျမာက္ ဦးေဆာင္ဂိုးကိုေတာ့ ပထမပိုင္းမွာပဲ ကြင္းလယ္လူ ဘ႐ူနို ဖာနန္ဒက္စ္က ဖရီးကစ္ကေန လွပစြာ သြင္းယူခဲ့ပါတယ္။ ေလးဂိုးေျမာက္ကေတာ့ ပြဲၿပီးဆုံးခါနီးမွာ လူစားဝင္ကစားသမား ဒါေလာ့က ေခါင္းတိုက္သြင္းယူသြားခဲ့တာပါ။

ရာသီႀကိဳေျခစမ္းပြဲေတြမွာ ေျခစြမ္းေတြ အတက္အက်မ်ားေနခဲ့တဲ့ ယူနိုက္တက္အေနနဲ႕ မၾကာခင္စတင္ေတာ့မယ့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာေတာ့ ေျခစြမ္းမွန္မွန္ ထိန္းထားနိုင္ပါ့မလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပါ။