Spots news

ရီနာတို ဆန်းချက်စ်ကို သဘောတူညီမှု ရယူနိုင်ခဲ့တဲ့ ဘာစီလိုနာနဲ့ သတင်းတိုများ

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား လင်ဂတ်ဟာ COVID-19 စစ်ဆေးမှု၌ Positive ထွက်ခဲ့သောကြောင့် အဲဗာတန်နှင့် ခြေစမ်းပွဲအား လွဲချော်ခဲ့ကြောင်း အသင်းမှ အတည်ပြုထုတ်ပြန် ထားပါတယ်။

လင်ဂတ်အနေဖြင့် COVID-19 ရောဂါကာကွယ်ရေး စည်းမျဉ်းများအတိုင်း သီးခြားနေထိုင်ကုသမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လင်ဂတ်အနေဖြင့် အမြန်ဆုံးသက်သာလာစေရန် ဆန္ဒပြုကြောင်း မန်ယူအသင်းမှ Twitter မှာ ဆုတောင်းပေးခဲ့ပါတယ်။

အင်တာမီလန် တိုက်စစ်ကစားသမား လူကာကူဟာ အသင်းဟောင်း ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို ၁၁၅ သန်းနဲ့ ပြောင်းရွှေ့ကစားဖို့အတွက် အင်တာနဲ့ ချယ်လ်ဆီးအသင်းတို့ကြားမှာ သဘောတူညီမှု ရရှိသွားခဲ့တယ်လို့ သိရှိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အနေနဲ့ အသင်းရဲ့ တိုက်စစ်မှူးဟောင်း လူကာကူကို အင်တာမီလန်အသင်းသို့ ရောင်းချစဉ်က ထည့်သွင်းချုပ်ဆို ခဲ့တဲ့ စာချုပ်ပါအချက်အလက်တွေကြောင့် လူကာကူ နဲ့ ချယ်လ်ဆီး အပြောင်းအရွှေ့ကနေ ယူရို ၄ သန်း ရရှိမှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပေါ်တူဂီ ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ကို ခေါ်ယူသွားဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ

ရယူနိုင်ခဲ့ပြီဖြစ်ပြီးပြောင်းရွှေ့ကြေး ညှိနှိုင်းဖို့သာ လိုအပ်နေတော့တယ်လို့ ပြင်သစ်သတင်းမီဒီယာ Le 10sport ကနေ ဖော်ပြလာခဲ့ပါတယ်။

ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီ အသင်းဟာ ဘာစီလိုနာအသင်းနှင့် လမ်းခွဲခဲ့သည့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို တစ်နှစ်အခွန်ဆောင်ပြီး

လစာ ယူရိုသန်း (၄၀)ပေးချေကာ (၃)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ဖြင့် ခေါ်ယူမည်ဖြစ်ကြောင်း ပြင်သစ်သတင်းစာ L’Equipe က ဖော်ပြခဲ့ပါတယ်။

Zawgyi Version





