Spots news

ဘာစီလိုနာ ပရိတ်သတ်တွေအတွက် နှုတ်ဆက်စကား‌ ပြောခဲ့တော့မယ့် မက်ဆီ

Unicode Version

ဘာစီလိုနာအသင်းနဲ့ စာချုပ် ဆက်လက်ချုပ်ဆိုခြင်း မရှိတော့တဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ မနက်ဖြန်မှာပဲ သတင်းစာ ရှင်းလင်းပွဲ တခု ပြုလုပ်ကာ ဘာစီလိုနာအသင်းနဲ့ အသင်းရဲ့  ပရိသတ်တွေကို နှုတ်ဆက်စကား ပြောကြားဖို့ ပြင်ဆင် ထားပြီးပါပြီ။

ဘာစီလိုနာအသင်း ကနေ ထွက်ခွာအပြီးမှာ မက်ဆီဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့သွားဖို့ ရှိနေပြီး မက်ဆီရဲ့ အေးဂျင့်တွေဟာ ယနေ့မှာပဲ ပြင်သစ်နိုင်ငံ နိုက်စ်မြို့ကို ရောက်ရှိကာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကိစ္စ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဘာစီလိုနာနဲ့ လမ်းခွဲခဲ့ပြီးဖြစ်တဲ့ မက်ဆီဟာ ပီအက်စ်ဂျီကိုရောက်ရှိဖို့ ရေပန်းအစားဆုံးဖြစ်နေသူပါ။ ပီအက်စ်ဂျီကတော့ လာမယ့်ရက်အနည်းငယ်အတွင်းတောင် မဟုတ်ဘဲ နာရီအနည်းငယ်အတွင်း မက်ဆီနဲ့ သဘောတူညီမှုရရှိမယ်လို့ ယုံကြည်နေကြောင်းလည်း သိရပါတယ်။

ကာတာအခြေစိုက် အယ်လ်ဆတ်အသင်းဟာ မက်ဆီကို သူတို့အသင်းမှာ လာရောက် ကစားဖို့ ကမ်းလှမ်းခဲ့ပြီး ၃နှစ်အတွက် လုပ်ခလစာ ယူရို ၁ဘီလီယံ အထိ ပေးမယ်လို့ ဆိုခဲ့ပေမယ့် မက်ဆီကတော့ ချန်ပီယံလိဂ် ဆုဖလားကို နောက်တကြိမ် အရယူနိုင်ဖို့ အတွက် ပီအက်စ်ဂျီအသင်းဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို ခေါ်ယူနိုင်ခဲ့ကြောင်းကို ဩဂုတ်လ ၁၀ရက်နေ့မှာ တရား​ဝင် ကြေညာဖို့ စီစဉ်ထားပြီး မက်ဆီရဲ့ မိတ်ဆက်ပွဲအတွက် အီဖယ်တာဝါကိုလည်း ၁ရက်တာ ငှားရမ်းထားပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၄ ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရထားပြီး ၃နှစ် အတွက် အသားတင် လုပ်ခလစာ ယူရို ၇၅သန်း ရရှိဖွယ် ရှိနေပါတယ်။

ပြင်သစ်အခြေစိုက် သတင်းဌာနတွေ ကတော့ မက်ဆီဟာ သူ့ရဲ့ အသင်းဖော်ဟောင်း နေမာကို ကျော်ဖြတ်ကာ ပီအက်စ်ဂျီအသင်းရဲ့ လုပ်ခလစာ အမြင့်မားဆုံး ကစားသမား ဖြစ်လာလိမ့်မယ်လို့ ဖော်ပြထားတယ်။

Zawgyi Version

ဘာစီလိုနာအသင္းနဲ႕ စာခ်ဳပ္ ဆက္လက္ခ်ဳပ္ဆိုျခင္း မရွိေတာ့တဲ့ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ မနက္ျဖန္မွာပဲ သတင္းစာ ရွင္းလင္းပြဲ တခု ျပဳလုပ္ကာ ဘာစီလိုနာအသင္းနဲ႕ အသင္းရဲ႕  ပရိသတ္ေတြကို ႏႈတ္ဆက္စကား ေျပာၾကားဖို႔ ျပင္ဆင္ ထားၿပီးပါၿပီ။

ဘာစီလိုနာအသင္း ကေန ထြက္ခြာအၿပီးမွာ မက္ဆီဟာ ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေ႐ႊ႕သြားဖို႔ ရွိေနၿပီး မက္ဆီရဲ႕ ေအးဂ်င့္ေတြဟာ ယေန႕မွာပဲ ျပင္သစ္နိုင္ငံ နိုက္စ္ၿမိဳ႕ကို ေရာက္ရွိကာ ပီအက္စ္ဂ်ီအသင္းနဲ႕ စာခ်ဳပ္ကိစၥ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ဘာစီလိုနာနဲ႕ လမ္းခြဲခဲ့ၿပီးျဖစ္တဲ့ မက္ဆီဟာ ပီအက္စ္ဂ်ီကိုေရာက္ရွိဖို႔ ေရပန္းအစားဆုံးျဖစ္ေနသူပါ။ ပီအက္စ္ဂ်ီကေတာ့ လာမယ့္ရက္အနည္းငယ္အတြင္းေတာင္ မဟုတ္ဘဲ နာရီအနည္းငယ္အတြင္း မက္ဆီနဲ႕ သေဘာတူညီမႈရရွိမယ္လို႔ ယုံၾကည္ေနေၾကာင္းလည္း သိရပါတယ္။

ကာတာအေျခစိုက္ အယ္လ္ဆတ္အသင္းဟာ မက္ဆီကို သူတို႔အသင္းမွာ လာေရာက္ ကစားဖို႔ ကမ္းလွမ္းခဲ့ၿပီး ၃ႏွစ္အတြက္ လုပ္ခလစာ ယူရို ၁ဘီလီယံ အထိ ေပးမယ္လို႔ ဆိုခဲ့ေပမယ့္ မက္ဆီကေတာ့ ခ်န္ပီယံလိဂ္ ဆုဖလားကို ေနာက္တႀကိမ္ အရယူနိုင္ဖို႔ အတြက္ ပီအက္စ္ဂ်ီအသင္းဆီသာ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့တာပါ။

ပီအက္စ္ဂ်ီအသင္းဟာ မက္ဆီကို ေခၚယူနိုင္ခဲ့ေၾကာင္းကို ဩဂုတ္လ ၁၀ရက္ေန႕မွာ တရား​ဝင္ ေၾကညာဖို႔ စီစဥ္ထားၿပီး မက္ဆီရဲ႕ မိတ္ဆက္ပြဲအတြက္ အီဖယ္တာဝါကိုလည္း ၁ရက္တာ ငွားရမ္းထားပါတယ္။

မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းနဲ႕ ၂၀၂၄ ခုႏွစ္ အထိ သက္တမ္း ရွိတဲ့ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ ရထားၿပီး ၃ႏွစ္ အတြက္ အသားတင္ လုပ္ခလစာ ယူရို ၇၅သန္း ရရွိဖြယ္ ရွိေနပါတယ္။

ျပင္သစ္အေျခစိုက္ သတင္းဌာနေတြ ကေတာ့ မက္ဆီဟာ သူ႕ရဲ႕ အသင္းေဖာ္ေဟာင္း ေနမာကို ေက်ာ္ျဖတ္ကာ ပီအက္စ္ဂ်ီအသင္းရဲ႕ လုပ္ခလစာ အျမင့္မားဆုံး ကစားသမား ျဖစ္လာလိမ့္မယ္လို႔ ေဖာ္ျပထားတယ္။