Unicode Version
မနေ့ညက မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အဲဗာတန်အသင်းတို့ဟာ ပရီးမီးယားလိဂ် ရာသီကြို ခြေစမ်းပွဲ ကစားခဲ့ကြပါတယ်။ ပရိတ်သတ် အားလုံး မျှော်လင့်နေကြတဲ့ ပရီးမီးယားလိဂ်ကတော့ ပွဲစဉ်တွေ စတင်ဖို့ ၇ ရက်သာ လိုတော့တာပဲ ဖြစ်ပါတယ်။
ကားလို့စ် အန်ဆလော့တီ ထံကနေ အဲဗာတန်အသင်းကို လွဲပြောင်းရယူခဲ့တဲ့ ဘင်နီတက်ဟာ အိုးထရတ်ဖို့ဒ်မှာ ခက်ခဲတဲ့ ပွဲစဉ်တစ်ခုရင်ဆိုင်ခဲ့ရပြီး အဲဗာတန် တိုက်စစ်ဟာ တပွဲလုံး တိုက်စစ်သေနေခဲ့ကာ ခံစစ်အမှားတွေနဲ့ ယူနိုက်တက်ဟာ ပထမပိုင်းကတည်းက ၃ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။
ယူနိုက်တက် အတွက် သွင်းဂိုးတွေကိုတော့ ပစ်ဖို့ဒ်ရဲ့ အမှားကနေ တဆင့် ဂရင်းဝုဒ်က ပိတ်သွင်းကာ ဦးဆောင်ဂိုး ရှာဖွေနိုင်ခဲ့ပြီး မရှေးမနှောင်းမှာပဲ ဒုတိယအနိုင်ဂိုးကို နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက လုရှော တင်ပေးလိုက်တဲ့ corner ball ကို ခေါင်းတိုက်ပြီး သွင်းယူသွားခဲ့ပါတယ်။
ယူနိုက်တက် အတွက် တတိယမြောက် ဦးဆောင်ဂိုးကိုတော့ ပထမပိုင်းမှာပဲ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က မာတစ်ကြောင့်ရတဲ့ ဖရီးကစ်ကနေ လှပစွာ သွင်းယူခဲ့ပါတယ်။ လေးဂိုးမြောက်ကတော့ ပွဲပြီးဆုံးခါနီးမှာ လူစားဝင်ကစားသမား ဒါလော့က ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။
ဒါပေမယ့် အဆိုပါ ပွဲစဉ်မှာ ဘရူနို ဖာနန်ဒက်စ်က လူပြောအများဆုံး ဖြစ်ခဲ့ပြီး ပေါ်တူဂီ ကွင်းလယ်ကစားသမားက ပြစ်ဒဏ်ဘောကို လှလှပပ အဆုံးသတ် သွင်းယူခဲ့တာကြောင့်
ယူနိုက်တက်ကို ရောက်ရှိလာတဲ့ အသင်းဖော်သစ် ဂျေဒန် ဆန်ချိုက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ လှပတဲ့ အသင်းဖော်သစ် ဘရူနိုရဲ့ ကန်ချက်အပေါ် သဘောကျလျက်ရှိကြောင်း ချီးကျူး ဂုဏ်ပြခဲ့ပါတယ်။
ယခုနှစ်နွေရာသီ အပြောင်းအရွေ့ ကာလမှာ ယူနိုက်တက်အသင်းက ပြောင်းရွေ့ကြေး မြင့်မားစွာ ခေါ်ယူထားတဲ့ လူငယ်ကြယ်ပွင့် တောင်ပံ ကစားသမား ဆန်ချိုက လာမယ့်အပတ်မှာ ယူနိုက်တက်နဲ့ လာရောက် ပူးပေါင်းဖို့ ရှိပြီး စနေနေ့ လိဒ်အသင်းနဲ့ ပွဲစဉ်မှာ ယူနိုက်တက်အတွက် ပထမဆုံး ကစားခွင့်ရနိုင်ပါတယ်။
Zawgyi Version
မေန႕ညက မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ အဲဗာတန္အသင္းတို႔ဟာ ပရီးမီးယားလိဂ္ ရာသီႀကိဳ ေျခစမ္းပြဲ ကစားခဲ့ၾကပါတယ္။ ပရိတ္သတ္ အားလုံး ေမွ်ာ္လင့္ေနၾကတဲ့ ပရီးမီးယားလိဂ္ကေတာ့ ပြဲစဥ္ေတြ စတင္ဖို႔ ၇ ရက္သာ လိုေတာ့တာပဲ ျဖစ္ပါတယ္။
ကားလို႔စ္ အန္ဆေလာ့တီ ထံကေန အဲဗာတန္အသင္းကို လြဲေျပာင္းရယူခဲ့တဲ့ ဘင္နီတက္ဟာ အိုးထရတ္ဖို႔ဒ္မွာ ခက္ခဲတဲ့ ပြဲစဥ္တစ္ခုရင္ဆိုင္ခဲ့ရၿပီး အဲဗာတန္ တိုက္စစ္ဟာ တပြဲလုံး တိုက္စစ္ေသေနခဲ့ကာ ခံစစ္အမွားေတြနဲ႕ ယူနိုက္တက္ဟာ ပထမပိုင္းကတည္းက ၃ ဂိုးျပတ္ ဦးေဆာင္နိုင္ခဲ့ပါတယ္။
ယူနိုက္တက္ အတြက္ သြင္းဂိုးေတြကိုေတာ့ ပစ္ဖို႔ဒ္ရဲ႕ အမွားကေန တဆင့္ ဂရင္းဝုဒ္က ပိတ္သြင္းကာ ဦးေဆာင္ဂိုး ရွာေဖြနိုင္ခဲ့ၿပီး မေရွးမေႏွာင္းမွာပဲ ဒုတိယအနိုင္ဂိုးကို ေနာက္ခံလူ ဟယ္ရီ မက္ဂြိုင္းယားက လုေရွာ တင္ေပးလိုက္တဲ့ corner ball ကို ေခါင္းတိုက္ၿပီး သြင္းယူသြားခဲ့ပါတယ္။
ယူနိုက္တက္ အတြက္ တတိယေျမာက္ ဦးေဆာင္ဂိုးကိုေတာ့ ပထမပိုင္းမွာပဲ ကြင္းလယ္လူ ဘ႐ူနို ဖာနန္ဒက္စ္က မာတစ္ေၾကာင့္ရတဲ့ ဖရီးကစ္ကေန လွပစြာ သြင္းယူခဲ့ပါတယ္။ ေလးဂိုးေျမာက္ကေတာ့ ပြဲၿပီးဆုံးခါနီးမွာ လူစားဝင္ကစားသမား ဒါေလာ့က ေခါင္းတိုက္သြင္းယူသြားခဲ့တာပါ။
ဒါေပမယ့္ အဆိုပါ ပြဲစဥ္မွာ ဘ႐ူနို ဖာနန္ဒက္စ္က လူေျပာအမ်ားဆုံး ျဖစ္ခဲ့ၿပီး ေပၚတူဂီ ကြင္းလယ္ကစားသမားက ျပစ္ဒဏ္ေဘာကို လွလွပပ အဆုံးသတ္ သြင္းယူခဲ့တာေၾကာင့္
ယူနိုက္တက္ကို ေရာက္ရွိလာတဲ့ အသင္းေဖာ္သစ္ ေဂ်ဒန္ ဆန္ခ်ိဳက သူ႕ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာကေန လွပတဲ့ အသင္းေဖာ္သစ္ ဘ႐ူနိုရဲ႕ ကန္ခ်က္အေပၚ သေဘာက်လ်က္ရွိေၾကာင္း ခ်ီးက်ဴး ဂုဏ္ျပခဲ့ပါတယ္။
ယခုႏွစ္ေႏြရာသီ အေျပာင္းအေ႐ြ႕ ကာလမွာ ယူနိုက္တက္အသင္းက ေျပာင္းေ႐ြ႕ေၾကး ျမင့္မားစြာ ေခၚယူထားတဲ့ လူငယ္ၾကယ္ပြင့္ ေတာင္ပံ ကစားသမား ဆန္ခ်ိဳက လာမယ့္အပတ္မွာ ယူနိုက္တက္နဲ႕ လာေရာက္ ပူးေပါင္းဖို႔ ရွိၿပီး စေနေန႕ လိဒ္အသင္းနဲ႕ ပြဲစဥ္မွာ ယူနိုက္တက္အတြက္ ပထမဆုံး ကစားခြင့္ရနိုင္ပါတယ္။