Spots news

ယနေ့မှာပဲ လန်ဒန်ကို ဆေးစစ်ဖို့ လာရောက်နေပြီဖြစ်တဲ့ ချယ်လ်ဆီး တိုက်စစ်မှူးသစ် လူကာကူ

Unicode Version

အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး လူကာကူဟာ ယနေ့မှာပဲ ချယ်လ်ဆီးအသင်း အခြေစိုက်ရာ လန်ဒန်မြို့ဆီ လာရောက်ကာ ဆေးစစ်မှုတွေ လုပ်ဆောင်မယ်လို့ သိရှိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ လူကာကူအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၁၅သန်း အထိ အင်တာမီလန်အသင်းကို ပေးချေခဲ့ရပြီး လူကာကူကို တနှစ် အသားတင် လုပ်ခလစာ ယူရို ၁၂သန်း + အပိုဆုကြေးတွေ ပေးဖို့ သဘောတူညီမှု ရထားကာ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုမှာလည်း ဖြစ်ပါတယ်။

ဒါကြောင့် လူကာကူဟာ ပရီးမီးယားလိဂ်ရဲ့ သမိုင်းတလျှောက် ဒုတိယမြောက် ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်တော့မှာပါ။

လူကာကူရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ လူကာကူကို အင်တာမီလန်အသင်းဆီ ရောင်းချစဉ်က ထည့်သွင်းခဲ့တဲ့ Sell On Clauseကြောင့် ယူရို ၄သန်းနဲ့ ၅သန်းကြား ရရှိမယ်လို့ သိရပါတယ်။

Zawgyi Version

အင္တာမီလန္အသင္းရဲ႕ တိုက္စစ္မႉး လူကာကူဟာ ယေန႕မွာပဲ ခ်ယ္လ္ဆီးအသင္း အေျခစိုက္ရာ လန္ဒန္ၿမိဳ႕ဆီ လာေရာက္ကာ ေဆးစစ္မႈေတြ လုပ္ေဆာင္မယ္လို႔ သိရွိရပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ လူကာကူအတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၁၅သန္း အထိ အင္တာမီလန္အသင္းကို ေပးေခ်ခဲ့ရၿပီး လူကာကူကို တႏွစ္ အသားတင္ လုပ္ခလစာ ယူရို ၁၂သန္း + အပိုဆုေၾကးေတြ ေပးဖို႔ သေဘာတူညီမႈ ရထားကာ ၅ႏွစ္ သက္တမ္း ရွိတဲ့ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုမွာလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ လူကာကူဟာ ပရီးမီးယားလိဂ္ရဲ႕ သမိုင္းတေလွ်ာက္ ဒုတိယေျမာက္ ေျပာင္းေ႐ႊ႕ေၾကး အျမင့္ဆုံး ကစားသမားအျဖစ္ မွတ္တမ္းဝင္ေတာ့မွာပါ။

လူကာကူရဲ႕ အသင္းေဟာင္း တသင္း ျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္း ကေတာ့ လူကာကူကို အင္တာမီလန္အသင္းဆီ ေရာင္းခ်စဥ္က ထည့္သြင္းခဲ့တဲ့ Sell On Clauseေၾကာင့္ ယူရို ၄သန္းနဲ႕ ၅သန္းၾကား ရရွိမယ္လို႔ သိရပါတယ္။