Spots news

ကစားသမားဟောင်း ပီယာနစ်ကို ပြန်လည်ခေါ်ယူနိုင်ခဲ့တဲ့ ဂျူဗင်တပ်

Unicode Version

ဂျူဗင်တပ်အသင်းဟာ ဘာစီလိုနာ အသင်းသို့ ရောင်းချခဲ့တဲ့ အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ပီယာနစ်ကို တစ်ရာသီအငှားနဲ့ အီတလီသို့ ပြန်လည် ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း နာမည်ကြီး စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

လက်ရှိ အချိန်မှာ အသက် ၃၁နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ ဘော့စနီးယား ကွင်းလယ်လူ ပီယာနစ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ အီတလီကလပ် ဂျူဗင်တပ်အသင်း ကနေ စပိန်က ပ် ဘာစီလိုနာအသင်းထံ ဘရာဇီး ကွင်းလယ်လူ အာသာနဲ့ အလဲအထပ် ပြုလုပ်ကာ ရောက်ရှိခဲ့သူပါ

သို့ပေမယ့် ပီယာနစ်ဟာ ဘာစီလိုနာအသင်းမှာ မူလက မျှော်လင့်ထားသလို ပုံမှန် ပွဲထွက် ကစားခွင့်တွေ မရရှိသလို နည်းပြဖြစ်သူ ကိုးမန်းရဲ့ အနာဂတ် အစီအစဉ်တွေမှာလဲ ပါဝင်ဖွယ်မရှိ တာကြောင့် ဘာစီသို့ ရောက်ရှိအပြီး တနှစ်အကြာမှာ ပြန်လည် ထွက်ခွာဖို့ ပြင်ဆင်နေတာပါ

လက်ရှိမှာ ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရတာကြောင့် လုပ်ခလစာ မြင့်မားတဲ့ ပီယာနစ်ကို ရှင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အပြီးသတ် ဝယ်ယူချင်တဲ့အသင်း မရှိတာကြောင့် ဂျူဗင်တပ်အသင်းထံ ပြန်လည် အငှားချခဲ့တာ ဖြစ်ပါတယ်

Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းဟာ ကစားသမားဟောင်း ပီယာနစ်ကို တရာသီအငှားနဲ့ ခေါ်ယူဖို့ အတွက် ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှု ရခဲ့ပြီး ရက်ပိုင်း အတွင်းမှာပဲ ပီယာနစ်ဟာ တူရင်မြို့ဆီ သွားရောက်ကာ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ ရှိနေပါတယ်။

ဂျူဗင်တပ်အသင်းဟာ ပီယာနစ်ကို အငှားနဲ့ ခေါ်ယူဖို့ အငှားကြေး ပေးချေရခြင်း မရှိပဲ ပီယာနစ်ရဲ့ လုပ်ခလစာကိုသာ ပေးချေရမှာ ဖြစ်ပြီး ဂျူဗင်တပ် နည်းပြ အယ်လီဂရီနီဟာ ပီယာနစ်နဲ့ အာသာတို့ ကွင်းလယ်အတွဲကို ရာသီသစ်မှာ အဓိက အသုံးပြုဖွယ် ရှိပါတယ်။

Zawgyi Version

ဂ်ဴဗင္တပ္အသင္းဟာ ဘာစီလိုနာ အသင္းသို႔ ေရာင္းခ်ခဲ့တဲ့ အသင္းရဲ႕ ကြင္းလယ္ ကစားသမားေဟာင္း ပီယာနစ္ကို တစ္ရာသီအငွားနဲ႕ အီတလီသို႔ ျပန္လည္ ေခၚယူနိုင္ဖို႔ နီးစပ္ေနေၾကာင္း နာမည္ႀကီး စပိန္ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

လက္ရွိ အခ်ိန္မွာ အသက္ ၃၁ႏွစ္ အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ေဘာ့စနီးယား ကြင္းလယ္လူ ပီယာနစ္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကမွ အီတလီကလပ္ ဂ်ဴဗင္တပ္အသင္း ကေန စပိန္က ပ္ ဘာစီလိုနာအသင္းထံ ဘရာဇီး ကြင္းလယ္လူ အာသာနဲ႕ အလဲအထပ္ ျပဳလုပ္ကာ ေရာက္ရွိခဲ့သူပါ

သို႔ေပမယ့္ ပီယာနစ္ဟာ ဘာစီလိုနာအသင္းမွာ မူလက ေမွ်ာ္လင့္ထားသလို ပုံမွန္ ပြဲထြက္ ကစားခြင့္ေတြ မရရွိသလို နည္းျပျဖစ္သူ ကိုးမန္းရဲ႕ အနာဂတ္ အစီအစဥ္ေတြမွာလဲ ပါဝင္ဖြယ္မရွိ တာေၾကာင့္ ဘာစီသို႔ ေရာက္ရွိအၿပီး တႏွစ္အၾကာမွာ ျပန္လည္ ထြက္ခြာဖို႔ ျပင္ဆင္ေနတာပါ

လက္ရွိမွာ ဘာစီလိုနာအသင္းဟာ ဘ႑ာေရး အၾကပ္အတည္းနဲ႕ ႀကဳံေတြ႕ေနရတာေၾကာင့္ လုပ္ခလစာ ျမင့္မားတဲ့ ပီယာနစ္ကို ရွင္းထုတ္ဖို႔ ဆုံးျဖတ္ခဲ့ၿပီး အၿပီးသတ္ ဝယ္ယူခ်င္တဲ့အသင္း မရွိတာေၾကာင့္ ဂ်ဴဗင္တပ္အသင္းထံ ျပန္လည္ အငွားခ်ခဲ့တာ ျဖစ္ပါတယ္

Marca သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္အသင္းဟာ ကစားသမားေဟာင္း ပီယာနစ္ကို တရာသီအငွားနဲ႕ ေခၚယူဖို႔ အတြက္ ဘာစီလိုနာအသင္းနဲ႕ သေဘာတူညီမႈ ရခဲ့ၿပီး ရက္ပိုင္း အတြင္းမွာပဲ ပီယာနစ္ဟာ တူရင္ၿမိဳ႕ဆီ သြားေရာက္ကာ ေဆးစစ္မႈေတြ လုပ္ေဆာင္ဖို႔ ရွိေနပါတယ္။

ဂ်ဴဗင္တပ္အသင္းဟာ ပီယာနစ္ကို အငွားနဲ႕ ေခၚယူဖို႔ အငွားေၾကး ေပးေခ်ရျခင္း မရွိပဲ ပီယာနစ္ရဲ႕ လုပ္ခလစာကိုသာ ေပးေခ်ရမွာ ျဖစ္ၿပီး ဂ်ဴဗင္တပ္ နည္းျပ အယ္လီဂရီနီဟာ ပီယာနစ္နဲ႕ အာသာတို႔ ကြင္းလယ္အတြဲကို ရာသီသစ္မွာ အဓိက အသုံးျပဳဖြယ္ ရွိပါတယ္။