Spots news

မက်ဆီသာ ဆက်ရှိနေရင် ဘာစီလိုနာ နှစ်ပေါင်း ၅၀ အထိ အခက်တွေ့လိမ့်မည်ဟု လာပေါ်တာပြော

Unicode Version

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက အသင်းခေါင်းဆောင် မက်ဆီနှင့် လမ်းခွဲရခြင်းမှာ အသင်းအပေါ် နှစ်ပေါင်း ၅၀ သက်ရောက်စေမည့်အဖြစ်ဆိုးကို ရှောင်လွှဲလို၍ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင် မက်ဆီကို စာချုပ်သစ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ဘဏ္ဍာရေးအခြေအနေနှင့် လာလီဂါပြိုင်ပွဲ၏ ဘဏ္ဍာရေးထိန်းချုပ်မှုစည်းမျဉ်းကြောင့် စာချုပ်သက်တမ်းမတိုးဘဲ လမ်းခွဲတော့မည်ဖြစ်ကြောင်း ကြာသပတေး နေ့ ညပိုင်းတွင် ကြေငြာခဲ့ပါတယ်။

မက်ဆီဟာ လစာကို ရာခိုင်နှုန်း ၅၀ လျှော့ယူ၍ ငါးနှစ်စာချုပ်လက်မှတ်ရေးထိုး ဖွယ်ရှိကြောင်း သတင်းများထွက် ပေါ်ခဲ့သော်လည်း မမျှော်လင့်ဘဲ လမ်းခွဲခဲ့ရခြင်းဖြစ်ပါတယ်။ မက်ဆီနှင့် လမ်းခွဲရသည့်အကြောင်းကို

သောကြာနေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ဥက္ကဋ္ဌ လာပေါ်တာက ရှင်းလင်းပြောကြားခဲ့ပြီး အသင်းအတွက် စဉ်းစားဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

“အသင်းအတွက် နှစ်ပေါင်း ၅၀ ကြာအောင် အကျိုးသက်ရောက်စေမယ့် ဆုံးဖြတ်ချက်ကို ကျွန်တော် မချနိုင်ပါဘူး။ ဒီအသင်းက နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေပါပြီ။ အသင်းကပဲ အားလုံးရဲ့အထက်မှာ ရှိပါတယ်။

ကမ္ဘာ့အကောင်းဆုံး ကစားသမားရဲ့အထက်မှာလည်း အတူတူပါပဲ။ ကျွန်တော်တို့အတွက် သူလုပ်ပေးခဲ့သမျှ အရာအားလုံးအတွက် အမြဲတမ်း ကျေးဇူးတင်နေမှာပါ။

ဘဏ္ဍာရေးထိန်းချုပ်မှုစည်းမျဉ်းအရ ကျွန်တော်တို့အနေနဲ့ ဒါကို မဖြစ် မနေလုပ်ရတာပါ။ အဲဒီလိုမဟုတ်ရင် အသင်းအတွက် အန္တရာယ်ဖြစ် စေနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့

ဆက်မသွားနိုင်တော့ဘဲ ဆုံးဖြတ်ချက်ချခဲ့ရတာပါ။ လီယိုက အသင်းမှာ ဆက်နေချင်ပါတယ်။ အဲဒါကြောင့် သူလည်း မပျော်ရွှင်ရ ပါဘူး။ ကျွန်တော်တို့အားလုံးကလည်း သူ့ကိုဆက်ရှိစေချင်ပါတယ်။

သူ့အတွက်လည်း အမှန်တရားကို ရင်ဆိုင်ဖို့ လိုပါတယ်။ ဒီအမှန်တရားက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ သူဘယ်ကိုပဲသွားသွား အကောင်းဆုံးဖြစ်စေဖို့ ကျွန်တော်ဆုတောင်း ပေးနေမယ်ဆိုတာ

သူသိပါတယ်။ လီယိုရဲ့အမွေအနှစ်တွေက အရမ်းထူးခြားကောင်းမွန်ပါတယ်။ သူက သမိုင်းကိုဖန်တီးခဲ့တာပါ။ သူက အသင်းရဲ့သမိုင်းမှာ အအောင်မြင်ဆုံး ကစားသမားပါ။

သူက ခမ်းနားထည်ဝါတဲ့ခေတ်တစ်ခုကို ရည်ညွှန်းခဲ့သူပါ။ ဘာကာရဲ့ အကောင်း ဆုံးခေတ်က ယနေ့ထိတိုင်အောင်ပါပဲ။ ဒီနေ့ကစပြီး ခေတ်သစ်တစ်ခုစပါပြီ။

လီယိုမတိုင်ခင်နဲ့ လီယိုခေတ်လွန်ကာလ ရောက်ပါပြီ။ ကျွန်တော်တို့အနေနဲ့ သူ့ကို အမြဲတမ်းကျေးဇူးတင်နေဖို့ လိုပါတယ်” ဟု လာပေါ်တာက ပြောကြားခဲ့ပါတယ်။

Zawgyi Version

ဘာစီလိုနာအသင္းဥကၠ႒ လာေပၚတာက အသင္းေခါင္းေဆာင္ မက္ဆီႏွင့္ လမ္းခြဲရျခင္းမွာ အသင္းအေပၚ ႏွစ္ေပါင္း ၅၀ သက္ေရာက္ေစမည့္အျဖစ္ဆိုးကို ေရွာင္လႊဲလို၍ျဖစ္ေၾကာင္း သတင္းစာ ရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ အသင္းေခါင္းေဆာင္ မက္ဆီကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုနိုင္ရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ဘ႑ာေရးအေျခအေနႏွင့္ လာလီဂါၿပိဳင္ပြဲ၏ ဘ႑ာေရးထိန္းခ်ဳပ္မႈစည္းမ်ဥ္းေၾကာင့္ စာခ်ဳပ္သက္တမ္းမတိုးဘဲ လမ္းခြဲေတာ့မည္ျဖစ္ေၾကာင္း ၾကာသပေတး ေန႕ ညပိုင္းတြင္ ေၾကျငာခဲ့ပါတယ္။

မက္ဆီဟာ လစာကို ရာခိုင္ႏႈန္း ၅၀ ေလွ်ာ့ယူ၍ ငါးႏွစ္စာခ်ဳပ္လက္မွတ္ေရးထိုး ဖြယ္ရွိေၾကာင္း သတင္းမ်ားထြက္ ေပၚခဲ့ေသာ္လည္း မေမွ်ာ္လင့္ဘဲ လမ္းခြဲခဲ့ရျခင္းျဖစ္ပါတယ္။ မက္ဆီႏွင့္ လမ္းခြဲရသည့္အေၾကာင္းကို

ေသာၾကာေန႕တြင္ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္၍ ဥကၠ႒ လာေပၚတာက ရွင္းလင္းေျပာၾကားခဲ့ၿပီး အသင္းအတြက္ စဥ္းစားဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

“အသင္းအတြက္ ႏွစ္ေပါင္း ၅၀ ၾကာေအာင္ အက်ိဳးသက္ေရာက္ေစမယ့္ ဆုံးျဖတ္ခ်က္ကို ကြၽန္ေတာ္ မခ်နိဳင္ပါဘူး။ ဒီအသင္းက ႏွစ္ေပါင္း ၁၀၀ ေက်ာ္ သက္တမ္းရွိေနပါၿပီ။ အသင္းကပဲ အားလုံးရဲ႕အထက္မွာ ရွိပါတယ္။

ကမာၻ႔အေကာင္းဆုံး ကစားသမားရဲ႕အထက္မွာလည္း အတူတူပါပဲ။ ကြၽန္ေတာ္တို႔အတြက္ သူလုပ္ေပးခဲ့သမွ် အရာအားလုံးအတြက္ အၿမဲတမ္း ေက်းဇူးတင္ေနမွာပါ။

ဘ႑ာေရးထိန္းခ်ဳပ္မႈစည္းမ်ဥ္းအရ ကြၽန္ေတာ္တို႔အေနနဲ႕ ဒါကို မျဖစ္ မေနလုပ္ရတာပါ။ အဲဒီလိုမဟုတ္ရင္ အသင္းအတြက္ အႏၲရာယ္ျဖစ္ ေစနိုင္ပါတယ္။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔

ဆက္မသြားနိုင္ေတာ့ဘဲ ဆုံးျဖတ္ခ်က္ခ်ခဲ့ရတာပါ။ လီယိုက အသင္းမွာ ဆက္ေနခ်င္ပါတယ္။ အဲဒါေၾကာင့္ သူလည္း မေပ်ာ္႐ႊင္ရ ပါဘူး။ ကြၽန္ေတာ္တို႔အားလုံးကလည္း သူ႕ကိုဆက္ရွိေစခ်င္ပါတယ္။

သူ႕အတြက္လည္း အမွန္တရားကို ရင္ဆိုင္ဖို႔ လိုပါတယ္။ ဒီအမွန္တရားက ေျပာင္းလဲသြားမွာ မဟုတ္ပါဘူး။ သူဘယ္ကိုပဲသြားသြား အေကာင္းဆုံးျဖစ္ေစဖို႔ ကြၽန္ေတာ္ဆုေတာင္း ေပးေနမယ္ဆိုတာ

သူသိပါတယ္။ လီယိုရဲ႕အေမြအႏွစ္ေတြက အရမ္းထူးျခားေကာင္းမြန္ပါတယ္။ သူက သမိုင္းကိုဖန္တီးခဲ့တာပါ။ သူက အသင္းရဲ႕သမိုင္းမွာ အေအာင္ျမင္ဆုံး ကစားသမားပါ။

သူက ခမ္းနားထည္ဝါတဲ့ေခတ္တစ္ခုကို ရည္ၫႊန္းခဲ့သူပါ။ ဘာကာရဲ႕ အေကာင္း ဆုံးေခတ္က ယေန႕ထိတိုင္ေအာင္ပါပဲ။ ဒီေန႕ကစၿပီး ေခတ္သစ္တစ္ခုစပါၿပီ။

လီယိုမတိုင္ခင္နဲ႕ လီယိုေခတ္လြန္ကာလ ေရာက္ပါၿပီ။ ကြၽန္ေတာ္တို႔အေနနဲ႕ သူ႕ကို အၿမဲတမ္းေက်းဇူးတင္ေနဖို႔ လိုပါတယ္” ဟု လာေပၚတာက ေျပာၾကားခဲ့ပါတယ္။