Spots news

မက်ဂွိုင်းယား ရဲ့သွင်းဂိုးတွေကို လာမယ့်ရာသီမှာ ပိုမိုမြင်တွေ့ချင်တယ်လို့ ဆိုးလ်ရှားပြော

Unicode Version

မန်ချက်စတာ ယူနိုက်တက် ဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ အဲဗာတန် အသင်းကို ၄ ဂိုးပြတ် ဖြင့်အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲစဉ်မှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယား ဟာ ခေါင်းတိုက်သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း အသင်းနည်းပြ ဆိုးလ်ရှား အနေနဲ့ အခုလာမယ့်ရာသီမှာ မက်ဂွိုင်းယား ဆီကနေ အခုလို ခေါင်းတိုက်သွင်းဂိုးတွေကို ပိုမိုမျှော်လင့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ မက်ဂွိုင်းယားကတော့ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ ၁၀၇ ပွဲ ကစားပေးထားပြီး သွင်းဂိုး ၅ ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။

မနေ့ည အဲဗာတန်အသင်းနဲ့ ခြေစမ်းပွဲမှာ သွင်းယူနိုင်ခဲ့တဲ့ ဂိုးကတော့ ယူနိုက်တက် အသင်းအတွက် ၆ ဂိုးမြောက်သွင်းယူခဲ့တဲ့ ဂိုးဖြစ်ခဲ့ပြီး ခေါင်းတိုက်ဂိုး ၄ ဂိုး မြောက်သွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။

နည်းပြဆိုးလ်ရှားက “ အခုပွဲစဉ်အတွက် ကျနော်တို့မှာ ပြင်ဆင်ချိန်အများကြီး မရှိခဲ့ပါဘူး။ ဒါပေမယ့် ယူရိုပွဲစဉ်တွေတုန်းက သူနဲ့ ရှော တို့ဟာ အင်္ဂလန် အသင်း အတွက် အတွဲညီညီ ပွဲထွက်ကစားပေးခဲ့ကြလို့ အခုလို သွင်းဂိုးကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

လုခ် ရဲ့ ပေးပို့မှု ကောင်းကောင်း ၊ ဟယ်ရီ ရဲ့ တိကျတဲ့ ခေါင်းတိုက်သွင်းယူမှု တွေ နဲ့ အနိုင်ရရှိခဲ့သလို သူကိုယ်တိုင်လည်း ကျနော်တို့အသင်းဟာ ဒီလို ခေါင်းတိုက်သွင်းဂိုးတွေ ကို သူ့ဆီကနေ အများကြီး မျှော်လင့်နေတယ်ဆိုတာ သိပြီးသားဖြစ်ပါတယ်။

ဒီနေ့အတွက်တော့ အသင်းခေါင်းဆောင် ဟယ်ရီက အရမ်းကောင်းမွန်တဲ့ ခေါင်းတိုက် သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ် ” လို့ အဲဗာတန် အသင်းနှင့်ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာယူနိုက္တက္ ဟာ မေန႕က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေျခစမ္းပြဲစဥ္မွာ အဲဗာတန္ အသင္းကို ၄ ဂိုးျပတ္ ျဖင့္အနိုင္ရရွိခဲ့ၿပီး အဆိုပါပြဲစဥ္မွာ အသင္းေခါင္းေဆာင္ မက္ဂြိုင္းယား ဟာ ေခါင္းတိုက္သြင္းဂိုး တစ္ဂိုး သြင္းယူနိုင္ခဲ့ပါတယ္။

ဒါေၾကာင့္လည္း အသင္းနည္းျပ ဆိုးလ္ရွား အေနနဲ႕ အခုလာမယ့္ရာသီမွာ မက္ဂြိုင္းယား ဆီကေန အခုလို ေခါင္းတိုက္သြင္းဂိုးေတြကို ပိုမိုေမွ်ာ္လင့္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ မက္ဂြိုင္းယားကေတာ့ ယူနိုက္တက္ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၀၇ ပြဲ ကစားေပးထားၿပီး သြင္းဂိုး ၅ ဂိုးအထိ သြင္းယူေပးထားနိုင္ပါတယ္။

မေန႕ည အဲဗာတန္အသင္းနဲ႕ ေျခစမ္းပြဲမွာ သြင္းယူနိုင္ခဲ့တဲ့ ဂိုးကေတာ့ ယူနိုက္တက္ အသင္းအတြက္ ၆ ဂိုးေျမာက္သြင္းယူခဲ့တဲ့ ဂိုးျဖစ္ခဲ့ၿပီး ေခါင္းတိုက္ဂိုး ၄ ဂိုး ေျမာက္သြင္းဂိုးလည္း ျဖစ္လာခဲ့ပါတယ္။

နည္းျပဆိုးလ္ရွားက “ အခုပြဲစဥ္အတြက္ က်ေနာ္တို႔မွာ ျပင္ဆင္ခ်ိန္အမ်ားႀကီး မရွိခဲ့ပါဘူး။ ဒါေပမယ့္ ယူရိုပြဲစဥ္ေတြတုန္းက သူနဲ႕ ေရွာ တို႔ဟာ အဂၤလန္ အသင္း အတြက္ အတြဲညီညီ ပြဲထြက္ကစားေပးခဲ့ၾကလို႔ အခုလို သြင္းဂိုးကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

လုခ္ ရဲ႕ ေပးပို႔မႈ ေကာင္းေကာင္း ၊ ဟယ္ရီ ရဲ႕ တိက်တဲ့ ေခါင္းတိုက္သြင္းယူမႈ ေတြ နဲ႕ အနိုင္ရရွိခဲ့သလို သူကိုယ္တိုင္လည္း က်ေနာ္တို႔အသင္းဟာ ဒီလို ေခါင္းတိုက္သြင္းဂိုးေတြ ကို သူ႕ဆီကေန အမ်ားႀကီး ေမွ်ာ္လင့္ေနတယ္ဆိုတာ သိၿပီးသားျဖစ္ပါတယ္။

ဒီေန႕အတြက္ေတာ့ အသင္းေခါင္းေဆာင္ ဟယ္ရီက အရမ္းေကာင္းမြန္တဲ့ ေခါင္းတိုက္ သြင္းဂိုးကို ရယူနိုင္ခဲ့ပါတယ္ ” လို႔ အဲဗာတန္ အသင္းႏွင့္ပြဲအၿပီးမွာ ေျပာၾကားသြားခဲ့ပါတယ္။