Spots news

ပီအက်စ်ဂျီကို မက်ဆီရောက်ရှိလာမယ်လို့ အသင်းပိုင်ရှင်ရဲ့ညီဖြစ်သူ အတည်ပြု

Unicode Version

လီယွန်နယ်မက်ဆီ နဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြီးဆုံးခဲ့ပြီလို့ ပီအက်စ်ဂျီအသင်းပိုင်ရှင်ရဲ့ ညီဖြစ်သူက ပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ တွစ်တာကတဆင့် ပြောဆိုသွားခဲ့တာဖြစ်ပြီး မက်ဆီဟာ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်သွားမယ်လို့လည်း သိရပါတယ်။

သူဟာ photoshop နဲ့ ပြုပြင်ထားတဲ့ မက်ဆီ ပီအက်စ်ဂျီအသင်း ဂျာစီဝတ်ဆင်ထားတဲ့ ပုံကိုလည်း တင်ခဲ့ပါသေးတယ်။ “ညှိနှိုင်းမှုတွေအားလုံးက အပြီးသတ်ခဲ့ပါပြီ၊ မကြာခင်မှာ ကြေညာဖို့ပဲရှိပါတော့တယ်” လို့

သူက ရေးသားပြောဆိုခဲ့ကာ ကမ္ဘာ့အကောင်းဆုံးကစားသမား မက်ဆီဟာ ပဲရစ်မြေကို ရောက်ရှိလာမယ်ဆိုတာကို အတည်ပြုသွားခဲ့တယ်လို့ ပြင်သစ်သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဒါဟာ အားလုံးကြိုတင် မှန်းဆထားခဲ့သလိုပဲ မက်ဆီက ပီအက်စ်ဂျီကိုသာ ရောက်ရှိမယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို မှန်ကန်စေခဲ့တာလည်းဖြစ်ပါတယ်။ မက်ဆီကို ခေါ်ယူနိုင်စွမ်းရှိတဲ့ အသင်းအနည်းငယ်ထဲမှာမှ

ပီအက်စ်ဂျီက ထိပ်ဆုံးကနေ ရှိနေခဲ့တာဖြစ်ပြီး ဘာစီလိုနာနဲ့ လမ်းခွဲပြီလို့ တရားဝင်သတင်းထွက်လာချိန်မှာပဲ အလျင်အမြန်ဆက်သွယ်ကာ မက်ဆီရဲ့ ရှေ့နေများနဲ့ ညှိနှိုင်းနေခဲ့တာလည်း ဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ပီအက်စ်ဂျီမှာ ကျောနံပါတ် ၁၀ ကိုပဲ ဝတ်ဆင်မယ်ဆိုရင်တော့ နေမာက ဂျာစီနံပါတ်အပြောင်းအလဲ ပြုလုပ်ရမှာဖြစ်ပါတယ်။ မက်ဆီနဲ့ နေမာတို့ဟာ ဘာစီလိုနာမှာ လေးနှစ်ကြာ

အသင်းဖော်တွေအဖြစ် ကစားခဲ့ကြပြီး ညီအကိုတွေလို ရင်းနှီးသူတွေဖြစ်ကာ နေမာကိုယ်တိုင်က မက်ဆီလာမယ်ဆိုရင် သူ့ရဲ့ ကျောနံပါတ်ကို ပေးကစားမယ်လို့ကမ်းလှမ်းခဲ့ကြောင်းလည်း သိရပါတယ်။

Zawgyi Version

လီယြန္နယ္မက္ဆီ နဲ႕ ပီအက္စ္ဂ်ီအသင္းတို႔ရဲ႕ ေဆြးေႏြးညွိႏွိုင္းမႈေတြၿပီးဆုံးခဲ့ၿပီလို႔ ပီအက္စ္ဂ်ီအသင္းပိုင္ရွင္ရဲ႕ ညီျဖစ္သူက ေျပာဆိုလိုက္ပါတယ္။ သူ႕ရဲ႕ တြစ္တာကတဆင့္ ေျပာဆိုသြားခဲ့တာျဖစ္ၿပီး မက္ဆီဟာ ေက်ာနံပါတ္ ၁၀ ကို ဝတ္ဆင္သြားမယ္လို႔လည္း သိရပါတယ္။

သူဟာ photoshop နဲ႕ ျပဳျပင္ထားတဲ့ မက္ဆီ ပီအက္စ္ဂ်ီအသင္း ဂ်ာစီဝတ္ဆင္ထားတဲ့ ပုံကိုလည္း တင္ခဲ့ပါေသးတယ္။ “ညွိႏွိုင္းမႈေတြအားလုံးက အၿပီးသတ္ခဲ့ပါၿပီ၊ မၾကာခင္မွာ ေၾကညာဖို႔ပဲရွိပါေတာ့တယ္” လို႔

သူက ေရးသားေျပာဆိုခဲ့ကာ ကမာၻ႔အေကာင္းဆုံးကစားသမား မက္ဆီဟာ ပဲရစ္ေျမကို ေရာက္ရွိလာမယ္ဆိုတာကို အတည္ျပဳသြားခဲ့တယ္လို႔ ျပင္သစ္သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

ဒါဟာ အားလုံးႀကိဳတင္ မွန္းဆထားခဲ့သလိုပဲ မက္ဆီက ပီအက္စ္ဂ်ီကိုသာ ေရာက္ရွိမယ္ဆိုတဲ့ ခန႔္မွန္းခ်က္ေတြကို မွန္ကန္ေစခဲ့တာလည္းျဖစ္ပါတယ္။ မက္ဆီကို ေခၚယူနိုင္စြမ္းရွိတဲ့ အသင္းအနည္းငယ္ထဲမွာမွ

ပီအက္စ္ဂ်ီက ထိပ္ဆုံးကေန ရွိေနခဲ့တာျဖစ္ၿပီး ဘာစီလိုနာနဲ႕ လမ္းခြဲၿပီလို႔ တရားဝင္သတင္းထြက္လာခ်ိန္မွာပဲ အလ်င္အျမန္ဆက္သြယ္ကာ မကခဆီရဲ႕ ေရွ႕ေနမ်ားနဲ႕ ညွိႏွိုင္းေနခဲ့တာလည္း ျဖစ္ပါတယ္။

မက္ဆီအေနနဲ႕ ပီအက္စ္ဂ်ီမွာ ေက်ာနံပါတ္ ၁၀ ကိုပဲ ဝတ္ဆင္မယ္ဆိုရင္ေတာ့ ေနမာက ဂ်ာစီနံပါတ္အေျပာင္းအလဲ ျပဳလုပ္ရမွာျဖစ္ပါတယ္။ မက္ဆီနဲ႕ ေနမာတို႔ဟာ ဘာစီလိုနာမွာ ေလးႏွစ္ၾကာ

အသင္းေဖာ္ေတြအျဖစ္ ကစားခဲ့ၾကၿပီး ညီအကိုေတြလို ရင္းႏွီးသူေတြျဖစ္ကာ ေနမာကိုယ္တိုင္က မက္ဆီလာမယ္ဆိုရင္ သူ႕ရဲ႕ ေက်ာနံပါတ္ကို ေပးကစားမယ္လို႔ကမ္းလွမ္းခဲ့ေၾကာင္းလည္း သိရပါတယ္။