Spots news

ဘာစီလိုနာ နူတ်ဆက်ပွဲမှာ မက်ဆီ ရဲ့ မျက်ရည်များနဲ့ နှုတ်ဆက် ပြောစကားများ

Unicode Version

“ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုတစ်ခုလုံးက ဒီမှာပဲနေချင်ခဲ့တာပါ၊ ဒါကျွန်တော့်အိမ်၊ ကျွန်တော့်မိသားစုရဲ့ အိမ်ပါ။ ကျွန်တော်ဒီမှာနေချင်ခဲ့လို့ အစီအစဉ်တွေချခဲ့ပါတယ်။ လစာတစ်ဝက်လျှော့ယူဖို့ထိ စီစဉ်ခဲ့တာလည်းအမှန်ပါပဲ။ ဒါပေမဲ့ ဒီနေ့မှာတော့ ဘဝတစ်လျှောက်လုံးနေခဲ့တဲ့နေရာကို နူတ်ဆက်ရပါတော့မယ်။

ကျွန်တော်အတွက် ဒါက အရမ်းကိုခက်ခဲပါတယ်ဗျာ။ ဒီမှာဘဝတစ်လျှောက်လုံးရှိနေခဲ့တာ၊ အခုလို ထွက်သွားဖို့အဆင်သင့်မဖြစ်သေးပါဘူး။ ကျွန်တော်ဒီနေရာကို အသက် (၁၃) နှစ်ထဲကရောက်လာခဲ့တာပါ။

၂၁ နှစ်အကြာမှာတော့ ကျွန်တော်နဲ့ မိန်းမ ၊ ကျွန်တော့်ကလေး ၃ ယောက်လုံး သွားရပါတော့မယ်။ ဒါပေမဲ့ ကျွန်တော်ကတိပေးပါတယ်။ ဒီမြို့ကိုကျွန်တော်ပြန်လာခဲ့မှာပါ။

အမှန်တိုင်းပြောရင် ကျွန်တော့်ရဲ့နောက်အသင်းက PSG ဖြစ်နိုင်ခြေရှိပါတယ်။ ဒီကြေငြာချက်ထွက်ပြီးတည်းက ကမ်းလှမ်းမှုတွေအများကြီးရထားပေမဲ့ ဘာကိုမှတော့မဆုံးဖြတ်ရသေးပါဘူး။ ဒီလောက်ပဲ ကျွန်တော်ပြောနိုင်ပါသေးတယ်။

ဒီကလပ်အတွက် ကျွန်တော်ရာနူန်းပြည့်ပေးဆပ်ခဲ့သလို ကျွန်တော် လုပ်ခဲ့တဲ့အရာတွေအတွက် အမြဲပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဆန္ဒက ကျွန်တော့်ရဲ့ နောက်ဆုံးပွဲမှာ ကွင်းထဲမှာ ကျွန်တော့်ကို ပရိသတ်တွေက ဂုဏ်ပြုပြီး ခမ်းခမ်းနားနား ထွက်သွားချင်ခဲ့တာပါ။ ဒီလိုပုံစံမျိုးနဲ့ ထွက်ချင်တာ မဟုတ်ပါဘူး။

ဒီကလပ်ကကျွန်တော်မရှိလဲ အင်အားတောင့်တင်းပြီးသားဆိုတာ ယုံကြည်ပါတယ်။ အစပိုင်းမှာ ပရိသတ်တွေအတွက် နည်းနည်းစိမ်းပေမဲ့ နောက်ကျ အသားကျသွားမှာပါ။ လာပေါ်တာ ပြောသလိုပဲ ကလပ်အသင်းဟာ ဘယ်ကစားသမားထက်မဆို ကြီးကျယ်ပါတယ် ”

Zawgyi Version

“ ကြၽန္ေတာ္နဲ႕ ကြၽန္ေတာ့္မိသားစုတစ္ခုလုံးက ဒီမွာပဲေနခ်င္ခဲ့တာပါ၊ ဒါကြၽန္ေတာ့္အိမ္၊ ကြၽန္ေတာ့္မိသားစုရဲ႕ အိမ္ပါ။ ကြၽန္ေတာ္ဒီမွာေနခ်င္ခဲ့လို႔ အစီအစဥ္ေတြခ်ခဲ့ပါတယ္။ လစာတစ္ဝက္ေလွ်ာ့ယူဖို႔ထိ စီစဥ္ခဲ့တာလည္းအမွန္ပါပဲ။ ဒါေပမဲ့ ဒီေန႕မွာေတာ့ ဘဝတစ္ေလွ်ာက္လုံးေနခဲ့တဲ့ေနရာကို ႏူတ္ဆက္ရပါေတာ့မယ္။

ကြၽန္ေတာ္အတြက္ ဒါက အရမ္းကိုခက္ခဲပါတယ္ဗ်ာ။ ဒီမွာဘဝတစ္ေလွ်ာက္လုံးရွိေနခဲ့တာ၊ အခုလို ထြက္သြားဖို႔အဆင္သင့္မျဖစ္ေသးပါဘူး။ ကြၽန္ေတာ္ဒီေနရာကို အသက္ (၁၃) ႏွစ္ထဲကေရာက္လာခဲ့တာပါ။

၂၁ ႏွစ္အၾကာမွာေတာ့ ကြၽန္ေတာ္နဲ႕ မိန္းမ ၊ ကြၽန္ေတာ့္ကေလး ၃ ေယာက္လုံး သြားရပါေတာ့မယ္။ ဒါေပမဲ့ ကြၽန္ေတာ္ကတိေပးပါတယ္။ ဒီၿမိဳ႕ကိုကြၽန္ေတာ္ျပန္လာခဲ့မွာပါ။

အမွန္တိုင္းေျပာရင္ ကြၽန္ေတာ့္ရဲ႕ေနာက္အသင္းက PSG ျဖစ္နိုင္ေျခရွိပါတယ္။ ဒီေၾကျငာခ်က္ထြက္ၿပီးတည္းက ကမ္းလွမ္းမႈေတြအမ်ားႀကီးရထားေပမဲ့ ဘာကိုမွေတာ့မဆုံးျဖတ္ရေသးပါဘူး။ ဒီေလာက္ပဲ ကြၽန္ေတာ္ေျပာနိုင္ပါေသးတယ္။

ဒီကလပ္အတြက္ ကြၽန္ေတာ္ရာႏူန္းျပည့္ေပးဆပ္ခဲ့သလို ကြၽန္ေတာ္ လုပ္ခဲ့တဲ့အရာေတြအတြက္ အၿမဲေပ်ာ္႐ႊင္ေနပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ့္ဆႏၵက ကြၽန္ေတာ့္ရဲ႕ ေနာက္ဆုံးပြဲမွာ ကြင္းထဲမွာ ကြၽန္ေတာ့္ကို ပရိသတ္ေတြက ဂုဏ္ျပဳၿပီး ခမ္းခမ္းနားနား ထြက္သြားခ်င္ခဲ့တာပါ။ ဒီလိုပုံစံမ်ိဳးနဲ႕ ထြက္ခ်င္တာ မဟုတ္ပါဘူး။

ဒီကလပ္ကကြၽန္ေတာ္မရွိလဲ အင္အားေတာင့္တင္းၿပီးသားဆိုတာ ယုံၾကည္ပါတယ္။ အစပိုင္းမွာ ပရိသတ္ေတြအတြက္ နည္းနည္းစိမ္းေပမဲ့ ေနာက္က် အသားက်သြားမွာပါ။ လာေပၚတာ ေျပာသလိုပဲ ကလပ္အသင္းဟာ ဘယ္ကစားသမားထက္မဆို ႀကီးက်ယ္ပါတယ္ ”