Spots news

အဲဗာတန်နဲ့ အင်တာအတွက် မာရှယ်ကို ပြောင်းရွေ့ကြေးသတ်မှတ်လိုက်တဲ့ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမား မာရှယ်ကို ရောင်းထုတ်ရေးအတွက် တန်ကြေးတစ်ခု သတ်မှတ်လိုက်ပြီဖြစ်‌ပါတယ်။ လက်ရှိအချိန်မှာ မာရှယ်ကို ပရီးမီးယားလိဂ် ကလပ် အဲဗာတန်နှင့် စီးရီးအေကလပ် အင်တာမီလန်အသင်းတို့က စိတ်ဝင်စားနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းကို အင်အားထပ်မံ ဖြည့်တင်းဖို့ ကစားသမားသစ် ခေါ်ယူရေးအတွက် ရှိရင်းစွဲ ကစားသမားထဲမှ တချို့ကို ရောင်းထုတ်ရန် လိုအပ်သဖြင့် နည်းပြဆိုးရှားက ပြင်သစ်တိုက်စစ်မှူး မာရှယ်ကို ရောင်းထုတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်က မာရှယ်ကို ခေါ်ယူခဲ့စဉ်ကပြောင်းရွှေ့ကြေးအတွက် ပေးခဲ့ရတဲ့ ပေါင်သန်း ၅၀ ဖြင့် ပြန်လည်ရောင်းချရန် ယူနိုက်တက်က မျှော်လင့်နေပါတယ် ။ ပြင်သစ်တိုက်စစ်မှူးကို

စီးရီးအေချန်ပီယံ အင်တာမီလန် သို့မဟုတ် ဘန်နီတက်ရဲ့ အဲဗာတန်အသင်းများမှ သင့်လျော်သည့် ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းလာလျှင်လဲ လက်ခံစဉ်းစား ပေးသွားမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဗာရန်းနှင့် ဆန်ချိုနှစ်ဦးပေါင်း ပေါင်သန်း ၁၁၀ ခန့်အသုံးပြု၍ အသင်းကို အင်အားဖြည့်တင်းထားပြီး ညာအစွန်ခံစစ်မှူးတစ်ဦး၊ ကွင်းလယ်ခံစစ် ကစားသမားတစ်ဦးကို ခေါ်ယူရန် ပြင်ဆင်နေကာ ထရစ်ပီယာနှင့် ကာမာဗင်ကာတို့က ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ်များ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ မာရှယ် အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၅၀ ခန့် သတ်မှတ်ထားတာ ဖြစ်ပြီး အသင်းရဲ့ တိုက်စစ်မှူး လူကာကူကို ချဲလ်ဆီးအသင်းသို့ ပေါင် ၉၇ သန်းဖြင့် ရောင်းချထားတဲ့ အင်တာက လူကာကူရဲ့နေရာ အစားထိုးရန်အတွက် မာရှယ်ကို ခေါ်ယူရန် ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။

အဲဗာတန်အသင်းကလည်း အသက် ၂၅ နှစ်အရွယ်ရှိ မာရှယ်ကိုကို တစ်ရာသီလုံး အငှားဖြင့်ခေါ်ယူရန် စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်ဘက်က မာရှယ်အတွက် တရာသီ အငှားကို ပေါင် ၁၀ သန်း အထိ လိုချင်နေပြီး ရာသီကုန်မှာလည်း ပေါင်သန်း ၅၀ နဲ့ မဖြစ်မနေ ခေါ်ယူမယ် ဆိုပါက စဉ်းစားပေးဖွယ် ရှိပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသင္းရဲ႕ တိုက္စစ္ကစားသမား မာရွယ္ကို ေရာင္းထုတ္ေရးအတြက္ တန္ေၾကးတစ္ခု သတ္မွတ္လိုက္ၿပီျဖစ္‌ပါတယ္။ လက္ရွိအခ်ိန္မွာ မာရွယ္ကို ပရီးမီးယားလိဂ္ ကလပ္ အဲဗာတန္ႏွင့္ စီးရီးေအကလပ္ အင္တာမီလန္အသင္းတို႔က စိတ္ဝင္စားေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ အသင္းကို အင္အားထပ္မံ ျဖည့္တင္းဖို႔ ကစားသမားသစ္ ေခၚယူေရးအတြက္ ရွိရင္းစြဲ ကစားသမားထဲမွ တခ်ိဳ႕ကို ေရာင္းထုတ္ရန္ လိုအပ္သျဖင့္ နည္းျပဆိုးရွားက ျပင္သစ္တိုက္စစ္မႉး မာရွယ္ကို ေရာင္းထုတ္ရန္ ဆုံးျဖတ္လိုက္ျခင္း ျဖစ္ပါတယ္။

၂၀၁၅ ခုႏွစ္က မာရွယ္ကို ေခၚယူခဲ့စဥ္ကေျပာင္းေ႐ႊ႕ေၾကးအတြက္ ေပးခဲ့ရတဲ့ ေပါင္သန္း ၅၀ ျဖင့္ ျပန္လည္ေရာင္းခ်ရန္ ယူနိုက္တက္က ေမွ်ာ္လင့္ေနပါတယ္ ။ ျပင္သစ္တိုက္စစ္မႉးကို စီးရီးေအခ်န္ပီယံ အင္တာမီလန္ သို႔မဟုတ္ ဘန္နီတက္ရဲ႕ အဲဗာတန္အသင္းမ်ားမွ သင့္ေလ်ာ္သည့္ ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ကမ္းလွမ္းလာလွ်င္လဲ လက္ခံစဥ္းစား ေပးသြားမွာ ျဖစ္ပါတယ္။

ယူနိုက္တက္ဟာ ဗာရန္းႏွင့္ ဆန္ခ်ိဳႏွစ္ဦးေပါင္း ေပါင္သန္း ၁၁၀ ခန႔္အသုံးျပဳ၍ အသင္းကို အင္အားျဖည့္တင္းထားၿပီး ညာအစြန္ခံစစ္မႉးတစ္ဦး၊ ကြင္းလယ္ခံစစ္ ကစားသမားတစ္ဦးကို ေခၚယူရန္ ျပင္ဆင္ေနကာ ထရစ္ပီယာႏွင့္ ကာမာဗင္ကာတို႔က ယူနိုက္တက္ရဲ႕ အဓိက ပစ္မွတ္မ်ား ျဖစ္ပါတယ္။

ယူနိုက္တက္ဟာ မာရွယ္ အတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္သန္း ၅၀ ခန႔္ သတ္မွတ္ထားတာ ျဖစ္ၿပီး အသင္းရဲ႕ တိုက္စစ္မႉး လူကာကူကို ခ်ဲလ္ဆီးအသင္းသို႔ ေပါင္ ၉၇ သန္းျဖင့္ ေရာင္းခ်ထားတဲ့ အင္တာက လူကာကူရဲ႕ေနရာ အစားထိုးရန္အတြက္ မာရွယ္ကို ေခၚယူရန္ ျပင္ဆင္ေနျခင္း ျဖစ္ပါတယ္။

အဲဗာတန္အသင္းကလည္း အသက္ ၂၅ ႏွစ္အ႐ြယ္ရွိ မာရွယ္ကိုကို တစ္ရာသီလုံး အငွားျဖင့္ေခၚယူရန္ စိတ္ဝင္စားေနေပမယ့္ ယူနိုက္တက္ဘက္က မာရွယ္အတြက္ တရာသီ အငွားကို ေပါင္ ၁၀ သန္း အထိ လိုခ်င္ေနၿပီး ရာသီကုန္မွာလည္း ေပါင္သန္း ၅၀ နဲ႕ မျဖစ္မေန ေခၚယူမယ္ ဆိုပါက စဥ္းစားေပးဖြယ္ ရွိပါတယ္။