Spots news

ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရသွားတဲ့ လီယွန်နယ် မက်ဆီ

Unicode Version

ဘာစီလိုနာအသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရထားတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ တရားဝင် သဘောတူညီမှု ရခဲ့ကြောင်း သိရပါတယ်။

ယနေ့မှာပဲ ပီအက်စ်ဂျီအသင်းဟာ မက်ဆီရဲ့ဖခင် ဂျော့စ်မက်ဆီ ပါဝင်တဲ့ မက်ဆီရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မက်ဆီကို ၂နှစ် + နောက်ထပ် တနှစ် ထပ်မံ သက်တမ်းတိုးနိုင်မယ့် စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့တာပါ။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို ၂၀၂၄ခုနှစ် အထိ ဇွန်လအထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့ပြီး မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ တနှစ်ကို အသားတင် လုပ်ခလစာ ယူရို ၃၅သန်း + အပိုဆုကြေးတွေ ရရှိဖို့ ရှိကြောင်း သိရပါတယ်။

မက်ဆီဟာ မနက်ဖြန်မှာပဲ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို သွားရောက်ကာ ဆေးစစ်မှုကိစ္စ ၊ တရားဝင် စာချုပ်လက်မှတ် ရေးထိုးတဲ့ ကိစ္စတွေကို ပြုလုပ်မှာ ဖြစ်ကြောင်း ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေကလည်း ဆိုပါတယ်။

ပီအက်စ်ဂျီအသင်း ကတော့ မက်ဆီရဲ့ အပြောင်းအရွှေ့ကို ဩဂုတ်လ ၁၀ရက်နေ့မှာ တရားဝင် ကြေညာဖို့ စီစဉ်ထားပြီး မက်ဆီကို ခေါ်ယူနိုင်ခဲ့ကြောင်း ကြေညာမှုအား နာမည်ကျော် အီဖယ်တာဝါမှာ ပြုလုပ်ဖို့ ရှိပါတယ်။

Zawgyi Version

ဘာစီလိုနာအသင္း ကေန အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ထြက္ခြာခြင့္ ရထားတဲ့ အာဂ်င္တီးနား အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီဟာ ျပင္သစ္ အင္အားႀကီးကလပ္ ပီအက္စ္ဂ်ီ အသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ တရားဝင္ သေဘာတူညီမႈ ရခဲ့ေၾကာင္း သိရပါတယ္။

ယေန႕မွာပဲ ပီအက္စ္ဂ်ီအသင္းဟာ မက္ဆီရဲ႕ဖခင္ ေဂ်ာ့စ္မက္ဆီ ပါဝင္တဲ့ မက္ဆီရဲ႕ ကိုယ္စားလွယ္အဖြဲ႕နဲ႕ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၿပီး မက္ဆီကို ၂ႏွစ္ + ေနာက္ထပ္ တႏွစ္ ထပ္မံ သက္တမ္းတိုးနိုင္မယ့္ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ ရခဲ့တာပါ။

နာမည္ႀကီး သတင္းေထာက္ ဖာဘရီဇီယို ရိုမာနိုရဲ႕ ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီအသင္းဟာ မက္ဆီကို ၂၀၂၄ခုႏွစ္ အထိ ဇြန္လအထိ သက္တမ္း ရွိတဲ့ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ ရခဲ့ၿပီး မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းမွာ တႏွစ္ကို အသားတင္ လုပ္ခလစာ ယူရို ၃၅သန္း + အပိုဆုေၾကးေတြ ရရွိဖို႔ ရွိေၾကာင္း သိရပါတယ္။

မက္ဆီဟာ မနက္ျဖန္မွာပဲ ျပင္သစ္နိုင္ငံ ပဲရစ္ၿမိဳ႕ကို သြားေရာက္ကာ ေဆးစစ္မႈကိစၥ ၊ တရားဝင္ စာခ်ဳပ္လက္မွတ္ ေရးထိုးတဲ့ ကိစၥေတြကို ျပဳလုပ္မွာ ျဖစ္ေၾကာင္း ကတ္တလန္တာ အေျခစိုက္ သတင္းဌာနေတြကလည္း ဆိုပါတယ္။

ပီအက္စ္ဂ်ီအသင္း ကေတာ့ မက္ဆီရဲ႕ အေျပာင္းအေ႐ႊ႕ကို ဩဂုတ္လ ၁၀ရက္ေန႕မွာ တရားဝင္ ေၾကညာဖို႔ စီစဥ္ထားၿပီး မက္ဆီကို ေခၚယူနိုင္ခဲ့ေၾကာင္း ေၾကညာမႈအား နာမည္ေက်ာ္ အီဖယ္တာဝါမွာ ျပဳလုပ္ဖို႔ ရွိပါတယ္။