Unicode Version
မက်ဆီဟာ PSG နှင့်အပြောင်းအရွှေ့ကို သတင်းစာရှင်းလင်းပွဲတွင် ဖြစ်နိုင်ခြေရှိသည်ဟုသာ ဆိုခဲ့သော်လည်း အပြောင်းအရွှေ့အပြီးသတ်ရန် ယနေ့တွင်
ပြင်သစ်သို့သွားရောက် တော့မှာ ဖြစ်ပါတယ်။။ PSG အသင်းနှင့်ဆေးစစ်မှုကို ယနေ့ည သို့မဟုတ် မနက်ဖြန်နံနက်တွင် ပြုလုပ် သွားဖွယ်ရှိကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူ တွမ်ဇီဘီဟာ အသင်းနဲ့ ၂၀၂၃ ခုနှစ် + နောက်ထပ် ၁နှစ် ဆိုတဲ့ စာချုပ်သစ်တရပ် ချုပ်ဆိုပြီးနောက် အက်စတွန် ဗီလာအသင်းထံ ၁ရာသီအငှားနဲ့ ပြောင်းရွှေ့သွားခဲ့ကြောင်း သိရပါတယ်။
အာဆင်နယ်ရဲ့ပစ်မှတ် အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို လန်ဒန်မြို့ခံပြိုင်ဘက် တော့တင်ဟမ်အသင်းက ခေါ်ယူဖို့ သဘောတူညီမှု ရသွားပြီလို့ The Times သတင်းဌာနက
ဖော်ပြထားပါတယ်။ နာမည်ကြီး သတင်းထောက် Fabrizio ကတော့ သူ့အေးဂျင့်က ကစားသမားဟာ အင်တာမှာပျော်ရွှင်နေတုန်းဘဲဆိုပြီးငြင်းထားပါတယ်။
အရင်ရက်ပိုင်းက ခြေစမ်းပွဲအတွင်း ခြေထောက်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တဲ့ လက်စတာနောက်ခံလူ ဖိုဖာနာအနေနဲ့ သူ့ဒဏ်ရာဟာ ခြေဖျံရိုးအက်တဲ့ဒဏ်ရာဖြစ်ခဲ့ပြီး နောက်နှစ် ၂၀၂၂ ခုနစ်အထိ ကစားနိုင်တော့မဟုတ်ဘူးလို့ နည်းပြ ဘရန်ဒန်ရော်ဂျာက အတည်ပြုခဲ့ပါတယ်။
အင်တာမီလန် အသင်းဟာ ယူနိုက်တက် တိုက်စစ်မှူး မာရှယ်အား ကနေဦး အငှားစာချုပ်ဖြင့် ကမ်းလှမ်းသွားမှာ ဖြစ်ပြီး အပြီးသတ်ခေါ်ယူရန်လည်း စိတ်ဝင်စားလျက်ရှိနေကြောင်း သိရပါတယ်။
အကယ်၍ အင်တာမီလန် အသင်းအနေဖြင့် ယူနိုက်တက် ဖက်မှ အဆိုပါကစားသမားအတွက် တောင်းဆိုလာသည့် ပြောင်းရွေ့ကြေး ပမာဏ အား တတ်နိုင်ခဲ့မည်ဆိုပါက ဆက်လက် ချဉ်းကပ် လုပ်ဆောင်သွားဖွယ်ရှိနေပါတယ်။
ယူနိုက်တက် အသင်း အနေနဲ့ကတော့ မာရှယ် ရဲ့ အပြောင်းအရွေ့ အတွက် ပြောင်းရွေ့ကြေး ပေါင် သန်း ၅၀ ဝန်းကျင်ခန့် အလိုရှိနေကြောင်း သိရပါတယ်။
Zawgyi Version
မက္ဆီဟာ PSG ႏွင့္အေျပာင္းအေ႐ႊ႕ကို သတင္းစာရွင္းလင္းပြဲတြင္ ျဖစ္နိုင္ေျခရွိသည္ဟုသာ ဆိုခဲ့ေသာ္လည္း အေျပာင္းအေ႐ႊ႕အၿပီးသတ္ရန္ ယေန႕တြင္
ျပင္သစ္သို႔သြားေရာက္ ေတာ့မွာ ျဖစ္ပါတယ္။။ PSG အသင္းႏွင့္ေဆးစစ္မႈကို ယေန႕ည သို႔မဟုတ္ မနက္ျဖန္နံနက္တြင္
ျပဳလုပ္သြားဖြယ္ရွိေၾကာင္း သိရပါတယ္။
ပရီးမီးယားလိဂ္ ကလပ္ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ေနာက္ခံလူ တြမ္ဇီဘီဟာ အသင္းနဲ႕ ၂၀၂၃ ခုႏွစ္ + ေနာက္ထပ္ ၁ႏွစ္ ဆိုတဲ့ စာခ်ဳပ္သစ္တရပ္ ခ်ဳပ္ဆိုၿပီးေနာက္ အက္စတြန္ ဗီလာအသင္းထံ ၁ရာသီအငွားနဲ႕ ေျပာင္းေ႐ႊ႕သြားခဲ့ေၾကာင္း သိရပါတယ္။
အာဆင္နယ္ရဲ႕ပစ္မွတ္ အင္တာမီလန္တိုက္စစ္မႉး ေလာ္တာရိုမာတီနက္ဇ္ကို လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ ေတာ့တင္ဟမ္အသင္းက ေခၚယူဖို႔ သေဘာတူညီမႈ ရသြားၿပီလို႔ The Times သတင္းဌာနက
ေဖာ္ျပထားပါတယ္။ နာမည္ႀကီး သတင္းေထာက္ Fabrizio ကေတာ့ သူ႕ေအးဂ်င့္က ကစားသမားဟာ အင္တာမွာေပ်ာ္႐ႊင္ေနတုန္းဘဲဆိုၿပီးျငင္းထားပါတယ္။
အရင္ရက္ပိုင္းက ေျခစမ္းပြဲအတြင္း ေျခေထာက္ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိခဲ့တဲ့ လက္စတာေနာက္ခံလူ ဖိုဖာနာအေနနဲ႕ သူ႕ဒဏ္ရာဟာ ေျခဖ်ံရိုးအက္တဲ့ဒဏ္ရာျဖစ္ခဲ့ၿပီး ေနာက္ႏွစ္ ၂၀၂၂ ခုနစ္အထိ ကစားနိုင္ေတာ့မဟုတ္ဘူးလို႔ နည္းျပ ဘရန္ဒန္ေရာ္ဂ်ာက အတည္ျပဳခဲ့ပါတယ္။
အင္တာမီလန္ အသင္းဟာ ယူနိုက္တက္ တိုက္စစ္မႉး မာရွယ္အား ကေနဦး အငွားစာခ်ဳပ္ျဖင့္ ကမ္းလွမ္းသြားမွာ ျဖစ္ၿပီး အၿပီးသတ္ေခၚယူရန္လည္း စိတ္ဝင္စားလ်က္ရွိေနေၾကာင္း သိရပါတယ္။
အကယ္၍ အင္တာမီလန္ အသင္းအေနျဖင့္ ယူနိုက္တက္ ဖက္မွ အဆိုပါကစားသမားအတြက္ ေတာင္းဆိုလာသည့္ ေျပာင္းေ႐ြ႕ေၾကး ပမာဏ အား တတ္နိုင္ခဲ့မည္ဆိုပါက ဆက္လက္ ခ်ဥ္းကပ္ လုပ္ေဆာင္သြားဖြယ္ရွိေနပါတယ္။
ယူနိုက္တက္ အသင္း အေနနဲ႕ကေတာ့ မာစီရယ္ ရဲ႕ အေျပာင္းအေ႐ြ႕ အတြက္ ေျပာင္းေ႐ြ႕ေၾကး ေပါင္ သန္း ၅၀ ဝန္းက်င္ခန႔္ အလိုရွိေနေၾကာင္း သိရပါတယ္။