Spots news

လိဒ်ယူနိုက်တက်ကို လူစုံထုတ်၍ အကောင်းဆုံးယှဥ်ပြိုင်သွားမယ်ဆိုတဲ့ ဆိုးလ်ရှား

Unicode Version

ယူနိက်တက်ဟာ ရာသီကြို ခြေစမ်းပွဲ နောက်ဆုံး ပွဲစဉ်အဖြစ် အဲဗာတန်ကို ၄ဂိုးပြတ်နဲ့ အနိုင်ရလိုက်ပါတယ်။ဒီပွဲမှာ အသင်းရဲ့ စီနီယာကစားသမားအတော်များများ ပြန်လည် ပါဝင်လာတာကြောင့် ယူနိုက်တက်ရဲ့ ကစားပုံ ကောင်းမွန်ခဲ့တာကြောင့် အခုလို ဂိုးပြတ်အနိုင်ရရှိလိုက်တာ ဖြစ်ပါတယ်။

လာမယ့် အပတ်ဆို ပရီးမီးယားလိဂ်ပြိုင်ပွဲတွေဟာလည်း စတင်တော့မှာ ဖြစ်တာကြောင့် ပွဲအပြီး အင်တာဗျူးမှာတော့ နည်းပြ ဆိုးလ်ရှားဟာ အသင်းရဲ့ လက်ရှ်ိအခြေအနေတွေနဲ့အတူ ရာသီသစ်ကို ဘယ်လို ဖွင့်လှစ်သွားမလဲဆိုတာတွေ ပြောကြားသွားခဲ့ပါတယ် ။

နည်းပြ ဆိုးလ်ရှက ” သွင်းဂိုးတွေ များများရလိုက်ခြင်းက အသင်းကို အပေါင်းလက္ခဏာဆောင်စေပါတယ်။ ဒါဟာ ကျတော်တို့ကို ယုံကြည်မှု ပိုရစေသလိုပဲ လက်ရှိအသင်းရဲ့ ရုပ်ပိုင်းဆိုင်ရာကလည်း ကောင်းတဲ့ဘက်မှာ ရှိနေပါတယ်။

ဒါပေမယ့် နောက်တစ်ပတ် တကယ်ပြိုင်ပွဲမှာ တွေ့ရမယ့် လိဒ်ယူနိုက်တက် ဆိုတာကတော့ ခု ကစားခဲ့ရတဲ့ ပြိုင်ဘက်တွေနဲ့ ခြားနားမှုတွေ ရှိနေပါတယ် ။သူတို့ရဲ့ ပွဲအပေါ် ချည်းကပ်ပုံက စိန်ခေါ်မှုတွေ ပိုရှိနေတတ်တာကြောင့် ကျတော်တို့ အကောင်းဆုံးပြင်ဆင်ထားမှ အနိုင်ရဖို့ လုံလောက်ပါလိမ့်မယ်။

Training ရောက်လာကြပြီဖြစ်တဲ့ ကစားသမားတွေ အားလုံး ပုံစံကောင်းမှာ ရှိနေပါတယ်။ ရာနှုန်းပြည့်လို့ မဆိုလိုပေမယ့် ၃ပတ် ၄ပတ်လောက် အနားယူရာကနေ ပြန်လာသူတွေ အနေနဲ့ လာမယ့်စနေနေ့အတွက် အဆင်သင့်ဖြစ်နေဖို့ အချိန် တပတ် ရထားပါသေးတယ်။

နိုင်ငံတကာ ပွဲစဥ်တွေ မတိုင်မီ ကျတော်တို့ ၃ ပွဲ ကစားရပါမယ်။စုစည်းလေ့ကျင့်ချိန် နည်းတာကြောင့် ဒါဟာ ရာသီကြို ခရီးစဥ်တစ်ခုလို ဖြစ်နေပေမယ့် ပြီးခဲ့တဲ့ ရာသီကထက်တော့ ပိုပြင်ဆင်ချိန် ရထားတာကြောင့် ရမှတ် ပိုစုဆောင်းနိုင်ဖို့ လိုပါလိမ့်မယ် “လို့ ပွဲ အပြီးမှာ ပြောသွားခဲ့ပါတယ်။

Zawgyi Version

ယူနိက္တက္ဟာ ရာသီႀကိဳ ေျခစမ္းပြဲ ေနာက္ဆုံး ပြဲစဥ္အျဖစ္ အဲဗာတန္ကို ၄ဂိုးျပတ္နဲ႕ အနိုင္ရလိုက္ပါတယ္။ဒီပြဲမွာ အသင္းရဲ႕ စီနီယာကစားသမားအေတာ္မ်ားမ်ား ျပန္လည္ ပါဝင္လာတာေၾကာင့္ ယူနိုက္တက္ရဲ႕ ကစားပုံ ေကာင္းမြန္ခဲ့တာေၾကာင့္ အခုလို ဂိုးျပတ္အနိုင္ရရွိလိုက္တာ ျဖစ္ပါတယ္။

လာမယ့္ အပတ္ဆို ပရီးမီးယားလိဂ္ၿပိဳင္ပြဲေတြဟာလည္း စတင္ေတာ့မွာ ျဖစ္တာေၾကာင့္ ပြဲအၿပီး အင္တာဗ်ဴးမွာေတာ့ နည္းျပ ဆိုးလ္ရွားဟာ အသင္းရဲ႕ လက္ရွ္ိအေျခအေနေတြနဲ႕အတူ ရာသီသစ္ကို ဘယ္လို ဖြင့္လွစ္သြားမလဲဆိုတာေတြ ေျပာၾကားသြားခဲ့ပါတယ္ ။

နည္းျပ ဆိုးလ္ရွက ” သြင္းဂိုးေတြ မ်ားမ်ားရလိုက္ျခင္းက အသင္းကို အေပါင္းလကၡဏာေဆာင္ေစပါတယ္။ ဒါဟာ က်ေတာ္တို႔ကို ယုံၾကည္မႈ ပိုရေစသလိုပဲ လက္ရွိအသင္းရဲ႕ ႐ုပ္ပိုင္းဆိုင္ရာကလည္း ေကာင္းတဲ့ဘက္မွာ ရွိေနပါတယ္။

ဒါေပမယ့္ ေနာက္တစ္ပတ္ တကယ္ၿပိဳင္ပြဲမွာ ေတြ႕ရမယ့္ လိဒ္ယူနိုက္တက္ ဆိုတာကေတာ့ ခု ကစားခဲ့ရတဲ့ ၿပိဳင္ဘက္ေတြနဲ႕ ျခားနားမႈေတြ ရွိေနပါတယ္ ။သူတို႔ရဲ႕ ပြဲအေပၚ ခ်ည္းကပ္ပုံက စိန္ေခၚမႈေတြ ပိုရွိေနတတ္တာေၾကာင့္ က်ေတာ္တို႔ အေကာင္းဆုံးျပင္ဆင္ထားမွ အနိုင္ရဖို႔ လုံေလာက္ပါလိမ့္မယ္။

Training ေရာက္လာၾကၿပီျဖစ္တဲ့ ကစားသမားေတြ အားလုံး ပုံစံေကာင္းမွာ ရွိေနပါတယ္။ ရာႏႈန္းျပည့္လို႔ မဆိုလိုေပမယ့္ ၃ပတ္ ၄ပတ္ေလာက္ အနားယူရာကေန ျပန္လာသူေတြ အေနနဲ႕ လာမယ့္စေနေန႕အတြက္ အဆင္သင့္ျဖစ္ေနဖို႔ အခ်ိန္ တပတ္ ရထားပါေသးတယ္။

နိုင္ငံတကာ ပြဲစဥ္ေတြ မတိုင္မီ က်ေတာ္တို႔ ၃ ပြဲ ကစားရပါမယ္။စုစည္းေလ့က်င့္ခ်ိန္ နည္းတာေၾကာင့္ ဒါဟာ ရာသီႀကိဳ ခရီးစဥ္တစ္ခုလို ျဖစ္ေနေပမယ့္ ၿပီးခဲ့တဲ့ ရာသီကထက္ေတာ့ ပိုျပင္ဆင္ခ်ိန္ ရထားတာေၾကာင့္ ရမွတ္ ပိုစုေဆာင္းနိုင္ဖို႔ လိုပါလိမ့္မယ္ “လို႔ ပြဲ အၿပီးမွာ ေျပာသြားခဲ့ပါတယ္။