Spots news

မက်ဆီကိုထွက်ခွာစေခဲ့တဲ့ ဘာစီလိုနာကို စိတ်ပျက်နေတဲ့ အဂူရို

Unicode Version

ဘာစီလိုနာအသင်းဟာ မက်ဆီအား ထွက်ခွာခွင့်ပြုခဲ့ သည့် ဆုံးဖြတ်ချက်ကို တိုက်စစ်မှူးသစ်
အဂူရိုက စိတ်ပျက်နေပြီး စာချုပ်သက်တမ်း နှစ်လသာ ရှိသေးသော်လည်း ပြန်လည်ဖျက်သိမ်းရန်အတွက် နည်းလမ်းရှာဖွေနေကြောင်း သိရပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ အဂူရိုဟာ မန်စီးတီးအသင်းနှင့် စာချုပ်ကုန်ဆုံးပြီးနောက် ဘာစီလိုနာအသင်းသို့ အလွတ်ပြောင်းရွှေ့လာခြင်းဖြစ်ပြီး နှစ်နှစ်စာချုပ်နှင့် စာချုပ်လျော်ကြေး ယူရိုသန်း ၁၀၀ တန်ဖိုးရှိသည့်အချက် ထည့်သွင်းချုပ်ဆို ထားပါတယ်။

အဂူရို က ဘာစီလိုနာအသင်းမှာ သူ့ရဲ့ အာဂျင်တီးနားအသင်းဖော် မက်ဆီနှင့် တွဲဖက်ကစားလို၍ ဘာစီလိုနာသို့ ပြောင်းရွေ့ခဲ့ကြောင်း ထုတ်ဖော်ပြောကြားထားပြီး ယခုအခြေအနေ အရ မဖြစ်နိုင်တော့သဖြင့် ဒေါသ ထွက်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဘာစီလိုနာအခြေစိုက် La Porteria ရုပ်သံအစီအစဥ်ရဲ့ ဖော်ပြမှုအရ အဂူရိုဟာ  ဘာစီလိုနာအသင်းနှင့် ချုပ်ဆိုထားသည့်စာချုပ်ကို ပြန်လည်ဖျက်သိမ်း နိုင်မည့် နည်းလမ်းရှာဖွေရန် ၎င်း၏ ရှေ့နေများကို အသိပေးထားကြောင်း သိရပါတယ်။

သို့ပေမယ့် ဘာစီလိုနာအသင်းကတော့ အဆိုပါသတင်းများ ထွက်ပေါ်ပြီးနောက် မနေ့ကပဲ ကစားသမားသစ် အဂူရို လေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်တွင်တင်၍ ယင်းသတင်းများအား ပြန်လည် ချေဖျက်ခဲ့ပါတယ်။

Zawgyi Version

ဘာစီလိုနာအသင္းဟာ မက္ဆီအား ထြက္ခြာခြင့္ျပဳခဲ့ သည့္ ဆုံးျဖတ္ခ်က္ကို တိုက္စစ္မႉးသစ္
အဂူရိုက စိတ္ပ်က္ေနၿပီး စာခ်ဳပ္သက္တမ္း ႏွစ္လသာ ရွိေသးေသာ္လည္း ျပန္လည္ဖ်က္သိမ္းရန္အတြက္ နည္းလမ္းရွာေဖြေနေၾကာင္း သိရပါတယ္။

အသက္ ၃၃ ႏွစ္အ႐ြယ္ရွိ အဂူရိုဟာ မန္စီးတီးအသင္းႏွင့္ စာခ်ဳပ္ကုန္ဆုံးၿပီးေနာက္ ဘာစီလိုနာအသင္းသို႔ အလြတ္ေျပာင္းေ႐ႊ႕လာျခင္းျဖစ္ၿပီး ႏွစ္ႏွစ္စာခ်ဳပ္ႏွင့္ စာခ်ဳပ္ေလ်ာ္ေၾကး ယူရိုသန္း ၁၀၀ တန္ဖိုးရွိသည့္အခ်က္ ထည့္သြင္းခ်ဳပ္ဆို ထားပါတယ္။

အဂူရို က ဘာစီလိုနာအသင္းမွာ သူ႕ရဲ႕ အာဂ်င္တီးနားအသင္းေဖာ္ မက္ဆီႏွင့္ တြဲဖက္ကစားလို၍ ဘာစီလိုနာသို႔ ေျပာင္းေ႐ြ႕ခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာၾကားထားၿပီး ယခုအေျခအေန အရ မျဖစ္နိုင္ေတာ့သျဖင့္ ေဒါသ ထြက္ေနျခင္း ျဖစ္တယ္လို႔ သိရပါတယ္။

ဘာစီလိုနာအေျခစိုက္ La Porteria ႐ုပ္သံအစီအစဥ္ရဲ႕ ေဖာ္ျပမႈအရ အဂူရိုဟာ  ဘာစီလိုနာအသင္းႏွင့္ ခ်ဳပ္ဆိုထားသည့္စာခ်ဳပ္ကို ျပန္လည္ဖ်က္သိမ္း နိုင္မည့္ နည္းလမ္းရွာေဖြရန္ ၎၏ ေရွ႕ေနမ်ားကို အသိေပးထားေၾကာင္း သိရပါတယ္။

သို႔ေပမယ့္ ဘာစီလိုနာအသင္းကေတာ့ အဆိုပါသတင္းမ်ား ထြက္ေပၚၿပီးေနာက္ မေန႕ကပဲ ကစားသမားသစ္ အဂူရို ေလ့က်င့္ေနတဲ့ ဗီဒီယိုဖိုင္ကို လူမႈကြန္ရက္တြင္တင္၍ ယင္းသတင္းမ်ားအား ျပန္လည္ ေခ်ဖ်က္ခဲ့ပါတယ္။