Spots news

ဟာလန်းကို ခေါ်ယူသွားမယ်လို့ တရာဝင်ပြောကြားလိုက်တဲ့ ဘိုင်ယန်မြူးနစ်

Unicode Version

ဘိုင်ယန်မြူးနစ်အသင်း ကတော့ သူတို့ရဲ့ ထိပ်သီး ပြိုင်ဘက်အသင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ လူငယ် တိုက်စစ်မှူး အာလင်း ဟာလန်းကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဟာလန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး ၅ဦးထဲက တဦး အဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံထားရသူ ဖြစ်သလို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာလည်း ဒေါ့မွန်အသင်းကို စွန့်ခွာဖို့ ရာခိုင်နှုန်းများနေသူလည်း ဖြစ်ပါတယ်။

ဟာလန်းဟာ ဒေါ့မွန်အသင်းရဲ့ ကစားသမားဘဝ တလျှောက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၆၀ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆၀ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၅ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ကာ တပွဲပျမ်းမျှ ဂိုးပါဝင် ပတ်သတ်မှုနှုန်းဟာ ၁ဂိုးအထက် ရှိပါတယ်။

ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေး အသက်ဝင်မယ့် လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဟာလန်းကို ခေါ်ယူဖို့ ထိပ်သီးအသင်း အများစုက စိတ်ဝင်စားနေပြီး ဒေါ့မွန်အသင်းရဲ့ ကစားသမားကောင်းတွေကို ခေါ်ယူလေ့ ရှိတဲ့ ဘိုင်ယန်မြူးနစ်အသင်းက ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း တရားဝင် ဆိုလာပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ စလီဟာမီဒီဇစ်က ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း အတည်ပြုပေးခဲ့တာ ဖြစ်ပြီး ဟာလန်းရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေကို မကြာခင်မှာပဲ စတင်ဖွယ်ရှိကြောင်း ဆိုပါတယ်။

Zawgyi Version

ဘိုင္ယန္ျမဴးနစ္အသင္း ကေတာ့ သူတို႔ရဲ႕ ထိပ္သီး ၿပိဳင္ဘက္အသင္း ျဖစ္တဲ့ ေဒါ့မြန္အသင္းနဲ႕အတူ ေျခစြမ္းျပေနတဲ့ လူငယ္ တိုက္စစ္မႉး အာလင္း ဟာလန္းကို လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။

ဟာလန္းဟာ လက္ရွိ ကမာၻ႔အေကာင္းဆုံး အေထာင္တိုက္စစ္မႉး ၅ဦးထဲက တဦး အျဖစ္ အမ်ားရဲ႕ သတ္မွတ္ျခင္းကို ခံထားရသူ ျဖစ္သလို လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာလည္း ေဒါ့မြန္အသင္းကို စြန႔္ခြာဖို႔ ရာခိုင္ႏႈန္းမ်ားေနသူလည္း ျဖစ္ပါတယ္။

ဟာလန္းဟာ ေဒါ့မြန္အသင္းရဲ႕ ကစားသမားဘဝ တေလွ်ာက္ ၿပိဳင္ပြဲစုံမွာ ပြဲေပါင္း ၆၀ ပါဝင္ ကစားေပးခဲ့ရာ သြင္းဂိုး ၆၀ဂိုး သြင္းယူနိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၁၅ႀကိမ္အထိ ျပဳလုပ္ထားနိုင္ခဲ့ကာ တပြဲပ်မ္းမွ် ဂိုးပါဝင္ ပတ္သတ္မႈႏႈန္းဟာ ၁ဂိုးအထက္ ရွိပါတယ္။

ဟာလန္းရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကး အသက္ဝင္မယ့္ လာမယ့္ ၂၀၂၂ခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ဟာလန္းကို ေခၚယူဖို႔ ထိပ္သီးအသင္း အမ်ားစုက စိတ္ဝင္စားေနၿပီး ေဒါ့မြန္အသင္းရဲ႕ ကစားသမားေကာင္းေတြကို ေခၚယူေလ့ ရွိတဲ့ ဘိုင္ယန္ျမဴးနစ္အသင္းက ဟာလန္းကို ေခၚယူဖို႔ စိတ္ဝင္စားေၾကာင္း တရားဝင္ ဆိုလာပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ အားကစား ဒါရိုက္တာ ျဖစ္သူ စလီဟာမီဒီဇစ္က ဟာလန္းကို ေခၚယူဖို႔ ႀကိဳးစားသြားမွာ ျဖစ္ေၾကာင္း အတည္ျပဳေပးခဲ့တာ ျဖစ္ၿပီး ဟာလန္းရဲ႕ အေျပာင္းအေ႐ႊ႕ အတြက္ ေဆြးေႏြးမႈေတြကို မၾကာခင္မွာပဲ စတင္ဖြယ္ရွိေၾကာင္း ဆိုပါတယ္။