Spots news

မက်ဆီရဲ့ ကျောနံပါတ် ၁၀ ကို အနားပေးဖို့ တောင်းဆိုလိုက်တဲ့ ရော်နယ်ဒင်ဟို

Unicode Version

ဘာစီလိုနာအသင်းရဲ့ ဂန္ဓဝင် ကစားသမား ဘရာဇီးလ် ကြယ်ပွင့်ဟောင်း ရော်နယ်ဒင်ဟို ကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း မက်ဆီအတွက် ဘာစီလိုနာအသင်းက ပြုလုပ်ပေးသင့်တဲ့ ဂုဏ်ပြုမှုတခုကို ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနှစ် နွေဈေးကွက်မှာ ဘဏ္ဌာရေး အခက်အခဲများကြောင့် ဆယ်စုနှစ်တခုလုံး အသင်းရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သူ အသင်းခေါင်းဆောင်

လီယွန်နယ် မက်ဆီကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့ပြီး အဆိုပါကိစ္စဟာ လက်ရှိအချိန် အထိ ဘောလုံးလောကကို အပြင်းအထန် ရိုက်ခတ်နေဆဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ လီယွန်နယ် မက်ဆီဟာ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းထံ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ဖို့ သတင်းများ ထွက်ပေါ်နေပြီး ဘာစီလိုနာအသင်းနဲ့ အသင်းရြဲ ပရိသတ်တွေကိုလည်း ယမန်နေ့မှာပဲ အပြီးသတ် နှုတ်ဆက်သွားခဲ့ပါပြီ။

မက်ဆီရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သူ ရော်နယ်ဒင်ဟိုကတော့ လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ ထာဝရအကောင်းဆုံး ကစားသမား ဖြစ်တဲ့အတွက်

အသင်းခေါင်းဆောင် မက်ဆီ ဝတ်ဆင်ကာ မမောနိုင်မပန်းနိုင် ကစားပေးခဲ့တဲ့ ကျောနံပါတ် ၁၀ကို အနားပေးကာ မက်ဆီကို ဂုဏ်ပြုသင့်ကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။

ရော်နယ်ဒင်ဟိုက “ဘာစီလိုနာအသင်းက မက်ဆီကို ဂုဏ်ပြုတဲ့အနေနဲ့ သူ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ကို အနားပေးသင့်ပါတယ်။ ပြီးတော့ ဘယ်သူကမှလည်း မက်ဆီမရှိတဲ့နောက် သူ့ရဲ့ ကျောနံပါတ်ကို ဆက်ခံဖို့ မတွေးသင့်ပါဘူး” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေကလည်း အသင်းဟာ မက်ဆီရဲ့ ကျောနံပါတ် ၁၀ကို အနားပေးသင့်ကြောင်း တိုက်တွန်း ပြောဆိုမှုတွေ ရှိနေပေမယ့် လာလီဂါပြိုင်ပွဲရဲ့ စည်းမျဉ်းတွေအရ ဘာစီလိုနာအသင်းဟာ ကျောနံပါတ် ၁ ကနေ ၂၅ အထိကို အနားပေးခွင့် မရှိပါဘူး။

Zawgyi Version

ဘာစီလိုနာအသင္းရဲ႕ ဂႏၶဝင္ ကစားသမား ဘရာဇီးလ္ ၾကယ္ပြင့္ေဟာင္း ေရာ္နယ္ဒင္ဟို ကေတာ့ သူ႕ရဲ႕ အသင္းေဖာ္ေဟာင္း မက္ဆီအတြက္ ဘာစီလိုနာအသင္းက ျပဳလုပ္ေပးသင့္တဲ့ ဂုဏ္ျပဳမႈတခုကို ထုတ္ေဖာ္ ေျပာၾကားသြားခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ ယခုႏွစ္ ေႏြေဈးကြက္မွာ ဘဏၭာေရး အခက္အခဲမ်ားေၾကာင့္ ဆယ္စုႏွစ္တခုလုံး အသင္းရဲ႕ အေကာင္းဆုံး ကစားသမား ျဖစ္ခဲ့သူ အသင္းေခါင္းေဆာင္

လီယြန္နယ္ မက္ဆီကို အသင္းကေန ထြက္ခြာခြင့္ ေပးခဲ့ၿပီး အဆိုပါကိစၥဟာ လက္ရွိအခ်ိန္ အထိ ေဘာလုံးေလာကကို အျပင္းအထန္ ရိုက္ခတ္ေနဆဲ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ လီယြန္နယ္ မက္ဆီဟာ ျပင္သစ္ အင္အားႀကီးကလပ္ ပီအက္စ္ဂ်ီအသင္းထံ ၃ႏွစ္ သက္တမ္း ရွိတဲ့ စာခ်ဳပ္တရပ္နဲ႕ ေျပာင္းေ႐ႊ႕ဖို႔ သတင္းမ်ား ထြက္ေပၚေနၿပီး ဘာစီလိုနာအသင္းနဲ႕ အသင္းၿရဲ ပရိသတ္ေတြကိုလည္း ယမန္ေန႕မွာပဲ အၿပီးသတ္ ႏႈတ္ဆက္သြားခဲ့ပါၿပီ။

မက္ဆီရဲ႕ အသင္းေဖာ္ေဟာင္း တဦး ျဖစ္သူ ေရာ္နယ္ဒင္ဟိုကေတာ့ လီယြန္နယ္မက္ဆီဟာ ဘာစီလိုနာအသင္းရဲ႕ ထာဝရအေကာင္းဆုံး ကစားသမား ျဖစ္တဲ့အတြက္

အသင္းေခါင္းေဆာင္ မက္ဆီ ဝတ္ဆင္ကာ မေမာနိုင္မပန္းနိုင္ ကစားေပးခဲ့တဲ့ ေက်ာနံပါတ္ ၁၀ကို အနားေပးကာ မက္ဆီကို ဂုဏ္ျပဳသင့္ေၾကာင္း ဖြင့္ဟ ေျပာၾကားလာပါတယ္။

ေရာ္နယ္ဒင္ဟိုက “ဘာစီလိုနာအသင္းက မက္ဆီကို ဂုဏ္ျပဳတဲ့အေနနဲ႕ သူ ဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ၁၀ကို အနားေပးသင့္ပါတယ္။ ၿပီးေတာ့ ဘယ္သူကမွလည္း မက္ဆီမရွိတဲ့ေနာက္ သူ႕ရဲ႕ ေက်ာနံပါတ္ကို ဆက္ခံဖို႔ မေတြးသင့္ပါဘူး” လို႔ ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းရဲ႕ ပရိသတ္ေတြကလည္း အသင္းဟာ မက္ဆီရဲ႕ ေက်ာနံပါတ္ ၁၀ကို အနားေပးသင့္ေၾကာင္း တိုက္တြန္း ေျပာဆိုမႈေတြ ရွိေနေပမယ့္ လာလီဂါၿပိဳင္ပြဲရဲ႕ စည္းမ်ဥ္းေတြအရ ဘာစီလိုနာအသင္းဟာ ေက်ာနံပါတ္ ၁ ကေန ၂၅ အထိကို အနားေပးခြင့္ မရွိပါဘူး။