Unicode Version
လီဗာပူးလ်အသင်းနောက်ခံလူအန်ဒရူးရောဘတ်ဆန်ဟာ ဘီလ်ဘာအိုနဲ့ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ထိတ်လန့်စရာကောင်းတဲ့ ခြေကျင်းဝတ်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ အဆိုပါဒဏ်ရာကြောင့်ပဲ
သူ့ကို အိုဝင်ဘက်ခ်နဲ့ လူစားလဲလှယ်ခဲ့ရပြီး ကစားသမားရဲ့ အခြေအနေအတိအကျကိုတော့ အသေးစိတ်စစ်ဆေးမှုတွေပြီးမှသာ သိရှိနိုင်လိမ့်မယ်လို့ နည်းပြယာဂင်ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။
ရောဘတ်ဆန်ဟာ ခြေကျင်းဝတ်ကျိုးသွားနိုင်တဲ့ အနေအထားမျိုးနဲ့ ပစ်လဲကျသွားခဲ့ပြီး လဲကျစဉ်မှာပဲ ခြေထောက်ကိုကိုင်ကာ နာနာကျင်ကျင်အော်ဟစ်နေခဲ့ပါတယ်။ ကွင်းပြင်ကို ပြန်လည်ထွက်ခဲ့ရာမှာလည်း
ဆေးဝန်ထမ်းနှစ်ဦးရဲ့ အကူအညီကို ရယူခဲ့ရပြီး ရာသီသစ်စတင်ဖို့ နီးကပ်လာချိန်မှာ သူ့ရဲ့ဒဏ်ရာရရှိမှုက ယာဂင်ကလော့ပ်ကို ဇောချွေးပြန်စေခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း ပွဲအပြီးမှာတော့ ကလော့ပ်က “သူ နာကျင်ခဲ့တာကတော့ မှန်ပါတယ်၊ ဒါပေမယ့် နောက်ထပ်အကဲဖြတ်မှုတွေ မလုပ်ရခင်မှာ ဘာကိုမှ ကျွန်တော်တို့ မပြောနိုင်သေးပါဘူး၊ သူ့ဒဏ်ရာကို
အသေးစိတ်ကြည့်ရှုစစ်ဆေးပြီးမှပဲ ကျွန်တော် တို့ ပိုပြောနိုင်ပါလိမ့်မယ်” လို့ ပြောဆိုခဲ့ပါတယ်။ အဆိုပါပွဲစဉ်ကတော့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့ပြီး ဂျိုတာက ဦးဆောင်ဂိုးကို ၁၃ မိနစ်မှာ သွင်းယူပေးခဲ့ပေမယ့် ဘီလ်ဘာအိုက ပြန်လည်ချေပနိုင်ခဲ့ပါတယ်။
Zawgyi Version
လီဗာပူးလ္အသင္းေနာက္ခံလူအန္ဒ႐ူးေရာဘတ္ဆန္ဟာ ဘီလ္ဘာအိုနဲ႕ကစားခဲ့တဲ့ ရာသီႀကိဳေျခစမ္းပြဲမွာ ထိတ္လန႔္စရာေကာင္းတဲ့ ေျခက်င္းဝတ္ဒဏ္ရာရရွိသြားခဲ့ပါတယ္။ အဆိုပါဒဏ္ရာေၾကာင့္ပဲ
သူ႕ကို အိုဝင္ဘက္ခ္နဲ႕ လူစားလဲလွယ္ခဲ့ရၿပီး ကစားသမားရဲ႕ အေျခအေနအတိအက်ကိဳေတာ့ အေသးစိတ္စစ္ေဆးမႈေတြၿပီးမွသာ သိရွိနိုင္လိမ့္မယ္လို႔ နည္းျပယာဂင္ကေလာ့ပ္က ေျပာဆိုသြားခဲ့ပါတယ္။
ေရာဘတ္ဆန္ဟာ ေျခက်င္းဝတ္က်ိဳးသြားနိုင္တဲ့ အေနအထားမ်ိဳးနဲ႕ ပစ္လဲက်သြားခဲ့ၿပီး လဲက်စဥ္မွာပဲ ေျခေထာက္ကိုကိုင္ကာ နာနာက်င္က်င္ေအာ္ဟစ္ေနခဲ့ပါတယ္။ ကြင္းျပင္ကို ျပန္လည္ထြက္ခဲ့ရာမွာလည္း
ေဆးဝန္ထမ္းႏွစ္ဦးရဲ႕ အကူအညီကို ရယူခဲ့ရၿပီး ရာသီသစ္စတင္ဖို႔ နီးကပ္လာခ်ိန္မွာ သူ႕ရဲ႕ဒဏ္ရာရရွိမႈက ယာဂင္ကေလာ့ပ္ကို ေဇာေခြၽးျပန္ေစခဲ့တယ္လို႔ Goal.com က ေဖာ္ျပခဲ့ပါတယ္။
ဒါေပမယ့္လည္း ပြဲအၿပီးမွာေတာ့ ကေလာ့ပ္က “သူ နာက်င္ခဲ့တာကေတာ့ မွန္ပါတယ္၊ ဒါေပမယ့္ ေနာက္ထပ္အကဲျဖတ္မႈေတြ မလုပ္ရခင္မွာ ဘာကိုမွ ကြၽန္ေတာ္တို႔ မေျပာနိုင္ေသးပါဘူး၊ သူ႕ဒဏ္ရာကို
အေသးစိတ္ၾကည့္ရႈစစ္ေဆးၿပီးမွပဲ ကြၽန္ေတာ္ တို႔ ပိုေျပာနိုင္ပါလိမ့္မယ္” လို႔ ေျပာဆိုခဲ့ပါတယ္။ အဆိုပါပြဲစဥ္ကေတာ့ တစ္ဖက္တစ္ဂိုးစီနဲ႕ သေရက်ခဲ့ၿပီး ဂ်ိဳတာက ဦးေဆာင္ဂိုးကို ၁၃ မိနစ္မွာ သြင္းယူေပးခဲ့ေပမယ့္ ဘီလ္ဘာအိုက ျပန္လည္ေခ်ပနိုင္ခဲ့ပါတယ္။