Spots news

မန်စီးတီးကို ကြားဖြတ်ပြီး ဟယ်ရီကိန်းကိုခေါ်ယူဖို့ မန်ယူကို တိုက်တွန်းတဲ့ စပါးနည်းပြဟောင်း

Unicode Version

စပါးအသင်း နည်းပြဟောင်း ရက်နက်က မန်စီးတီးအသင်းဟာ ဂရီးလစ်ရှ်နှင့် ဟယ်ရီကိန်း နှစ်ယောက်စလုံးကို ခေါ်ယူရရှိခဲ့ပါက လာမည့်ဘောလုံးရာသီတွင် ၎င်းတို့ လက်ထဲမှ ပရီးမီးယားလိဂ်ဖလားကို ပြိုင်ဘက်များက ပြန်လည်ရယူရန် မလွယ်ကူတော့ဟု ပြောဆိုလိုက်ပါတယ်။

ရက်နက်က “ဟယ်ရီကိန်းသာ ဂရီးလစ်ရှ်ရဲ့လမ်းစဉ်လိုက်ပြီး မန်စီးတီးရောက်သွားရင် ဘောလုံးရာသီမစခင်ကတည်းက ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းက အဆုံးသတ်သွားပြီလို့တောင် ဆိုနိုင်ပါတယ်” ဟု ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

သို့ပေမယ့် လက်ရှိအချိန်မှာ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ အပြောင်းအရွှေ့အတွက် စပါးနှင့် မန်စီးတီး အသင်းအကြား တိုးတက်မှု မရှိတဲ့ ဆွေးနွေးမှု အခြေအနေများကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းအနေဖြင့် မြို့ခံပြိုင်ဘက် အသင်းဆီမှ ကြားဖြတ်ပီး ဟယ်ရီကိန်းကို ခေါ်ယူဖို့ အခွင့်အရေး ရှိနေဆဲ ဖြစ်ပါတယ်။

“ကျွန်တော်သာ နည်းပြ ဆိုးရှား နေရာမှာဆိုရင် ဟယ်ရီကိန်းကို ကြားကနေဖြတ်ပြီး ခေါ်ယူဖို့ ကြိုးစားမှာ အမှန်ပါပဲ။ ကိန်းကိုခေါ်နိုင်ရင် အပြောင်းအလဲတွေ အများကြီးဖြစ်သွားနိုင်တယ်လေ။ မန်စီးတီးကိုကျော်ပြီး ဟယ်ရီကိန်းကို ယူနိုက်တက်က ခေါ်လိုက်ရင် ဘောလုံးလောကမှာ ဘယ်လိုမြင်သွားကြမလဲ။ “

“ မန်ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ တကယ့် အခွင့်အရေးကို ရလိုက်တာပါပဲ။ ဟယ်ရီကိန်းကိုခေါ်ရင် ငွေအများကြီးသုံးရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် တစ်ရာသီမှာ ဂိုး ၂၀ လောက် သွင်းပေးနိုင်တဲ့ တိုက်စစ်မှူး အတွက်ပေးရတဲ့ကြေး တန်ပါလိမ့်မယ်”

“လက်ရှိမှာ ယူနိုက်တက်က အသင်းကောင်းတစ်သင်းကို တည်ဆောက်နေပါတယ်။ သူတို့ဟာ ဗာရန်းနဲ့ ဆန်ချိုကို ခေါ်ယူထားပြီး အသင်းမှာရှိတဲ့ လုခ်ရှော၊ မက်ဂွိုင်းယား၊ ဖာနန်ဒက်စ်စတဲ့ ကစားသမားတွေနဲ့ ပေါင်းစပ်လိုက်တော့

တကယ့် အသင်းကောင်းဖြစ်လာပါတယ်။ ဂရင်းဝုဒ်နဲ့ ရှက်ရှ်ဖို့ဒ်ကလည်း သိပ်မြန်တယ်လေ။ သူတို့သာ ဟယ်ရီကိန်းကိုရလိုက်ရင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အရမ်းနီးစပ်သွားမှာပါ” ဟု ရက်နက်က ပြောဆိုခဲ့ပါတယ်။

Zawgyi Version

စပါးအသင္း နည္းျပေဟာင္း ရက္နက္က မန္စီးတီးအသင္းဟာ ဂရီးလစ္ရွ္ႏွင့္ ဟယ္ရီကိန္း ႏွစ္ေယာက္စလုံးကို ေခၚယူရရွိခဲ့ပါက လာမည့္ေဘာလုံးရာသီတြင္ ၎တို႔ လက္ထဲမွ ပရီးမီးယားလိဂ္ဖလားကို ၿပိဳင္ဘက္မ်ားက ျပန္လည္ရယူရန္ မလြယ္ကူေတာ့ဟု ေျပာဆိုလိုက္ပါတယ္။

ရက္နက္က “ဟယ္ရီကိန္းသာ ဂရီးလစ္ရွ္ရဲ႕လမ္းစဥ္လိုက္ၿပီး မန္စီးတီးေရာက္သြားရင္ ေဘာလုံးရာသီမစခင္ကတည္းက ပရီးမီးယားလိဂ္ ခ်န္ပီယံေျပးလမ္းက အဆုံးသတ္သြားၿပီလို႔ေတာင္ ဆိုနိုင္ပါတယ္” ဟု ေျပာဆိုခဲ့ျခင္း ျဖစ္ပါတယ္။

သို႔ေပမယ့္ လက္ရွိအခ်ိန္မွာ တိုက္စစ္မႉး ဟယ္ရီကိန္းရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ စပါးႏွင့္ မန္စီးတီး အသင္းအၾကား တိုးတက္မႈ မရွိတဲ့ ေဆြးေႏြးမႈ အေျခအေနမ်ားေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းအေနျဖင့္ ၿမိဳ႕ခံၿပိဳင္ဘက္ အသင္းဆီမွ ၾကားျဖတ္ပီး ဟယ္ရီကိန္းကို ေခၚယူဖို႔ အခြင့္အေရး ရွိေနဆဲ ျဖစ္ပါတယ္။

“ကြၽန္ေတာ္သာ နည္းျပ ဆိုးရွား ေနရာမွာဆိုရင္ ဟယ္ရီကိန္းကို ၾကားကေနျဖတ္ၿပီး ေခၚယူဖို႔ ႀကိဳးစားမွာ အမွန္ပါပဲ။ ကိန္းကိုေခၚနိုင္ရင္ အေျပာင္းအလဲေတြ အမ်ားႀကီးျဖစ္သြားနိုင္တယ္ေလ။ မန္စီးတီးကိုေက်ာ္ၿပီး ဟယ္ရီကိန္းကို ယူနိုက္တက္က ေခၚလိုက္ရင္ ေဘာလုံးေလာကမွာ ဘယ္လိုျမင္သြားၾကမလဲ။ “

“ မန္ယူနိုက္တက္အေနနဲ႕ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ တကယ့္ အခြင့္အေရးကို ရလိုက္တာပါပဲ။ ဟယ္ရီကိန္းကိုေခၚရင္ ေငြအမ်ားႀကီးသုံးရမယ္ဆိုတာ မွန္ပါတယ္။ ဒါေပမယ့္ တစ္ရာသီမွာ ဂိုး ၂၀ ေလာက္ သြင္းေပးနိုင္တဲ့ တိုက္စစ္မႉး အတြက္ေပးရတဲ့ေၾကး တန္ပါလိမ့္မယ္”

“လက္ရွိမွာ ယူနိုက္တက္က အသင္းေကာင္းတစ္သင္းကို တည္ေဆာက္ေနပါတယ္။ သူတို႔ဟာ ဗာရန္းနဲ႕ ဆန္ခ်ိဳကို ေခၚယူထားၿပီး အသင္းမွာရွိတဲ့ လုခ္ေရွာ၊ မက္ဂြိုင္းယား၊ ဖာနန္ဒက္စ္စတဲ့ ကစားသမားေတြနဲ႕ ေပါင္းစပ္လိုက္ေတာ့

တကယ့္ အသင္းေကာင္းျဖစ္လာပါတယ္။ ဂရင္းဝုဒ္နဲ႕ ရွက္ရွ္ဖို႔ဒ္ကလည္း သိပ္ျမန္တယ္ေလ။ သူတို႔သာ ဟယ္ရီကိန္းကိုရလိုက္ရင္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ အရမ္းနီးစပ္သြားမွာပါ” ဟု ရက္နက္က ေျပာဆိုခဲ့ပါတယ္။