Spots news

ဘာစီလိုနာမှ မက်ဆီထွက်ခွာရမှုမှာ ရီးရဲလ်ဥက္ကဌ ပါဝင်ပတ်သတ်နေ

Unicode Version

ယနေ့မှာပဲ စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ABC သတင်းဌာနက ဘာစီလိုနာအသင်းဟာ မက်ဆီကို စာချုပ်သစ် ထပ်မချုပ်ပဲ အသင်းကနေ အလွတ် ထွက်ခွာခွင့် ပြုခဲ့တဲ့ ဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌ ပီရက်ဇ် ပါဝင် ပတ်သတ်နေကြောင်း အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ မက်ဆီရဲ့ စာချုပ်သစ်ကိစ္စကို အတည်ပြုဖို့ ပြင်ဆင်နေတဲ့ အချိန်မှာပဲ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌ ပီရက်ဇ်ဟာ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ လာပေါ်တာ ၊ ဘာစီလိုနာအသင်းရဲ့ CEO ရီဗာတာတို့အား ဆက်သွယ်ကာ မက်ဆီကို စာချုပ်သစ် မချုပ်ဖို့နဲ့ CVC အစီအစဉ်ကို ကန့်ကွက်ဖို့ တိုက်တွန်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

CVC အစီအစဉ်ဟာ လာလီဂါ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုနဲ့ ကလပ်အသင်းတွေဆီ ချေးငွေ ယူရို ၂.၅ ဘီလီယံ အထိ ထုတ်ချေးမယ့် အစီအစဉ် ဖြစ်ပြီး အဆိုပါ အစီအစဉ်အရ အကျိုးအမြတ် အများဆုံး ရရှိမယ့် အသင်းဟာ ဘာစီလိုနာအသင်းပဲ ဖြစ်ပါတယ်။

CVC အစီအစဉ်ကိုသာ ဘာစီလိုနာအသင်းဘက်က လက်ခံလိုက်ရင် ချေးငွေ ယူရို ၂၅၀သန်း အထိ ရရှိမှာ ဖြစ်သလို အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကိုပါ စာချုပ်သစ် ချုပ်ဆိုနိုင်မှာပါ။ ကနဦးမှာလည်း မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်နိုင်ခဲ့တာဟာ CVC အစီအစဉ်ကို လက်ခံခဲ့တာကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့် ပီရက်ဇ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် လာပေါ်တာနဲ့ ရီဗာတာတို့ဟာ CVC အစီအစဉ်ကို ကန့်ကွက်ကာ မက်ဆီကို စာချုပ်သစ် ထပ်မံ မချုပ်ဆိုတော့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဝင် တဦးကလည်း မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် လာလီဂါအဖွဲ့ချုပ်ဆီက ခွင့်ပြုချက် ရရှိခဲ့ကြောင်းနဲ့ မက်ဆီကို စာချုပ်သစ် မချုပ်ဆိုနိုင်တာဟာ လာလီဂါအဖွဲ့ချုပ်နဲ့ မဆိုင်ကြောင်း Marca သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။

ဒါကြောင့် ဘာစီလိုနာအသင်း ကနေ မက်ဆီ ထွက်ခွာခဲ့ရတာဟာ လာလီဂါအဖွဲ့ချုပ်ရဲ့ သဘောထား တင်းမာမှုကြောင့် မဟုတ်ပဲ ပီရက်ဇ် ၊ လာပေါ်တာ ၊ ရီဗာတာတို့ရဲ့ တွေ့ဆုံ ဆွေးနွေးမှုကြောင့်သာ ဖြစ်ကြောင်း ABC သတင်းဌာနက အခိုင်အမာ ဆိုသွားပါတယ်။

Zawgyi Version

ယေန႕မွာပဲ စပိန္အေျခစိုက္ နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ ABC သတင္းဌာနက ဘာစီလိုနာအသင္းဟာ မက္ဆီကို စာခ်ဳပ္သစ္ ထပ္မခ်ဳပ္ပဲ အသင္းကေန အလြတ္ ထြက္ခြာခြင့္ ျပဳခဲ့တဲ့ ျဖစ္ရပ္ရဲ႕ ေနာက္ကြယ္မွာ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဥကၠဌ ပီရက္ဇ္ ပါဝင္ ပတ္သတ္ေနေၾကာင္း အခိုင္အမာ ေဖာ္ျပသြားခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ မက္ဆီရဲ႕ စာခ်ဳပ္သစ္ကိစၥကို အတည္ျပဳဖို႔ ျပင္ဆင္ေနတဲ့ အခ်ိန္မွာပဲ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဥကၠဌ ပီရက္ဇ္ဟာ ဘာစီလိုနာအသင္းရဲ႕ ဥကၠဌ လာေပၚတာ ၊ ဘာစီလိုနာအသင္းရဲ႕ CEO ရီဗာတာတို႔အား ဆက္သြယ္ကာ မက္ဆီကို စာခ်ဳပ္သစ္ မခ်ဳပ္ဖို႔နဲ႕ CVC အစီအစဥ္ကို ကန႔္ကြက္ဖို႔ တိုက္တြန္း ေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။

CVC အစီအစဥ္ဟာ လာလီဂါ ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ ဦးေဆာင္မႈနဲ႕ ကလပ္အသင္းေတြဆီ ေခ်းေငြ ယူရို ၂.၅ ဘီလီယံ အထိ ထုတ္ေခ်းမယ့္ အစီအစဥ္ ျဖစ္ၿပီး အဆိုပါ အစီအစဥ္အရ အက်ိဳးအျမတ္ အမ်ားဆုံး ရရွိမယ့္ အသင္းဟာ ဘာစီလိုနာအသင္းပဲ ျဖစ္ပါတယ္။

CVC အစီအစဥ္ကိုသာ ဘာစီလိုနာအသင္းဘက္က လက္ခံလိုက္ရင္ ေခ်းေငြ ယူရို ၂၅၀သန္း အထိ ရရွိမွာ ျဖစ္သလို အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီကိုပါ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္မွာပါ။ ကနဦးမွာလည္း မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ စီစဥ္နိုင္ခဲ့တာဟာ CVC အစီအစဥ္ကို လက္ခံခဲ့တာေၾကာင့္ ျဖစ္ပါတယ္။

ဒါေပမယ့္ ပီရက္ဇ္နဲ႕ ေဆြးေႏြးမႈေတြ ျပဳလုပ္ၿပီးေနာက္ လာေပၚတာနဲ႕ ရီဗာတာတို႔ဟာ CVC အစီအစဥ္ကို ကန႔္ကြက္ကာ မက္ဆီကို စာခ်ဳပ္သစ္ ထပ္မံ မခ်ဳပ္ဆိုေတာ့ဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။

ဘာစီလိုနာအသင္းရဲ႕ ဘုတ္အဖြဲ႕ဝင္ တဦးကလည္း မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ အတြက္ လာလီဂါအဖြဲ႕ခ်ဳပ္ဆီက ခြင့္ျပဳခ်က္ ရရွိခဲ့ေၾကာင္းနဲ႕ မက္ဆီကို စာခ်ဳပ္သစ္ မခ်ဳပ္ဆိုနိုင္တာဟာ လာလီဂါအဖြဲ႕ခ်ဳပ္နဲ႕ မဆိုင္ေၾကာင္း Marca သတင္းဌာနနဲ႕ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါေသးတယ္။

ဒါေၾကာင့္ ဘာစီလိုနာအသင္း ကေန မက္ဆီ ထြက္ခြာခဲ့ရတာဟာ လာလီဂါအဖြဲ႕ခ်ဳပ္ရဲ႕ သေဘာထား တင္းမာမႈေၾကာင့္ မဟုတ္ပဲ ပီရက္ဇ္ ၊ လာေပၚတာ ၊ ရီဗာတာတို႔ရဲ႕ ေတြ႕ဆုံ ေဆြးေႏြးမႈေၾကာင့္သာ ျဖစ္ေၾကာင္း ABC သတင္းဌာနက အခိုင္အမာ ဆိုသြားပါတယ္။