Spots news

မန်ယူနဲ့ အင်တာတို့ ဆက်ဆံရေးကောင်းတွေ ရှိတဲ့အတွက် မာရှယ် အီတလီသို့ ရောက်ဖွယ်ရှိ

Unicode Version

အင်တာမီလန်အသင်းဟာ လူကာကူရဲ့ နေရာကို အစားထိုးရန်အတွက် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။

အင်တာဟာ လူကာကူကို ချဲလ်ဆီးသို့ ပြောင်းရွှေ့ကြေး ပေါင် ၉၈ သန်းဖြင့် ရောင်းချခဲ့သောကြောင့် အင်တာမီလန်မှာလည်း အတန်အသင့် အသက်ရှူချောင် သွားပြီဖြစ်ပါတယ်။

သို့‌ပေမယ့် ယူနိုက်တက်က မာရှယ်ကို အငှားထက် အပြီးသတ်ရောင်းချခြင်းကို ပို၍ စိတ်ဝင်စားကြောင်း သိရပါတယ်။ ဒါ့အပြင် တစ်ရာသီအငှားဖြင့် သွားရောက်ကစားပြီးလျှင် အပြီးသတ်ခေါ်ယူမည်ဟူသော သဘောတူညီချက်မျိုးလဲ မန်ချက်စတာ ယူနိုက်တက် အသင်းဘက်က အလိုရှိနေပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ တိုက်စစ်မှူး မာရှယ်ရဲ့ ပြောင်းရွှေ့ကြေးကို ယူနိုက်တက်က ပေါင်သန်း ၅၀ ခန့် အလိုရှိ နေပြီး အင်တာမီလန်အနေဖြင့် အဆိုပါ ပြောင်းရွှေ့ကြေးနီးပါးဖြင့်

ကမ်းလှမ်းပါက မာရှယ်ကို ခေါ်ယူနိုင်မည်ဖြစ်ပါတယ်။ မာရှယ်ဟာ တစ်ပတ်လျှင် လုပ်ခလစာ ပေါင် ၂ သိန်းရရှိနေပြီး ယူနိုက်တက်နဲ့ ၃ နှစ်အထိ စာချုပ်ကျန်နေပါသေးတယ်။

ဆန်းချက်ဇ်နှင့် အက်ရှ်လေယန်းတို့ကို အောင်မြင်စွာ ပြောင်းရွှေ့နိုင်ခဲ့ပြီး အင်တာနှင့် ယူနိုက်တက် တို့ဟာ ကောင်းမွန်သော ဆက်ဆံရေးရှိသဖြင့် မာရှယ်ရဲ့ အပြောင်းအရွှေ့မှာ

ဖြစ်လာနိုင်ကြောင်း သုံးသပ် နေကြပါတယ်။ ဆိုးရှားရဲ့အသင်းမှာ ပုံမှန်နေရာမရသော မာရှယ်ဟာ အီတလီသို့ ပြောင်းရွှေ့ပါက ခြေစွမ်းပြနိုင်လာချေ ရှိပါတယ်။

အဲဗာတန်ကို အနိုင်ရရှိသောပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဆိုးရှားက “မာရှယ်က ဒဏ်ရာတွေကြောင့် ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ရပါတယ်။ သူက အသင်းနဲ့ လေ့ကျင့်နေပါတယ်။ ဒါပေမယ့် ပွဲမကစားတာ ကြာနေပြီဖြစ်တာကြောင့် လိုအပ်တဲ့ ခြေစွမ်းထက်မြက်မှုမျိုးတော့ မရသေးဘူးပေါ့။

ကြိုးစားဖို့ လိုနေပါတယ်။ သူက ခြေစွမ်းကောင်းတွေ ပြနိုင်တာမျိုးရှိပေမယ့် အမြဲတမ်း ခြေမှန်တော့ မရသေးပါဘူး။ ဒါပေမယ့် ၅ လလောက် နားထားရတဲ့သူတစ်ယောက်အတွက် ဒီအခြေအနေထက်တောင် ပိုဆိုးနိုင်ပါတယ်” ဟု ပြောဆိုခဲ့ပါတယ်။

Zawgyi Version

အင္တာမီလန္အသင္းဟာ လူကာကူရဲ႕ ေနရာကို အစားထိုးရန္အတြက္ မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္မႉး မာရွယ္ကို အဓိက ပစ္မွတ္အျဖစ္ သတ္မွတ္ထားပါတယ္။

အင္တာဟာ လူကာကူကို ခ်ဲလ္ဆီးသို႔ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၉၈ သန္းျဖင့္ ေရာင္းခ်ခဲ့ေသာေၾကာင့္ အင္တာမီလန္မွာလည္း အတန္အသင့္ အသက္ရႉေခ်ာင္ သြားၿပီျဖစ္ပါတယ္။

သို႔‌ေပမယ့္ ယူနိုက္တက္က မာရွယ္ကို အငွားထက္ အၿပီးသတ္ေရာင္းခ်ျခင္းကို ပို၍ စိတ္ဝင္စားေၾကာင္း သိရပါတယ္။ ဒါ့အျပင္ တစ္ရာသီအငွားျဖင့္ သြားေရာက္ကစားၿပီးလွ်င္ အၿပီးသတ္ေခၚယူမည္ဟူေသာ သေဘာတူညီခ်က္မ်ိဳးလဲ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဘက္က အလိုရွိေနပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ရွိ တိုက္စစ္မႉး မာရွယ္ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ယူနိုက္တက္က ေပါင္သန္း ၅၀ ခန႔္ အလိုရွိ ေနၿပီး အင္တာမီလန္အေနျဖင့္ အဆိုပါ ေျပာင္းေ႐ႊ႕ေၾကးနီးပါးျဖင့္

ကမ္းလွမ္းပါက မာရွယ္ကို ေခၚယူနိုင္မည္ျဖစ္ပါတယ္။ မာရွယ္ဟာ တစ္ပတ္လွ်င္ လုပ္ခလစာ ေပါင္ ၂ သိန္းရရွိေနၿပီး ယူနိုက္တက္နဲ႕ ၃ ႏွစ္အထိ စာခ်ဳပ္က်န္ေနပါေသးတယ္။

ဆန္းခ်က္ဇ္ႏွင့္ အက္ရွ္ေလယန္းတို႔ကို ေအာင္ျမင္စြာ ေျပာင္းေ႐ႊ႕နိုင္ခဲ့ၿပီး အင္တာႏွင့္ ယူနိုက္တက္ တို႔ဟာ ေကာင္းမြန္ေသာ ဆက္ဆံေရးရွိသျဖင့္ မာရွယ္ရဲ႕ အေျပာင္းအေ႐ႊ႕မွာ

ျဖစ္လာနိုင္ေၾကာင္း သုံးသပ္ ေနၾကပါတယ္။ ဆိုးရွားရဲ႕အသင္းမွာ ပုံမွန္ေနရာမရေသာ မာရွယ္ဟာ အီတလီသို႔ ေျပာင္းေ႐ႊ႕ပါက ေျခစြမ္းျပနိုင္လာေခ် ရွိပါတယ္။

အဲဗာတန္ကို အနိုင္ရရွိေသာပြဲအၿပီး သတင္းစာရွင္းလင္းပြဲတြင္ ဆိုးရွားက “မာရွယ္က ဒဏ္ရာေတြေၾကာင့္ ေျခစြမ္းမျပနိုင္ျဖစ္ခဲ့ရပါတယ္။ သူက အသင္းနဲ႕ ေလ့က်င့္ေနပါတယ္။ ဒါေပမယ့္ ပြဲမကစားတာ ၾကာေနၿပီျဖစ္တာေၾကာင့္ လိုအပ္တဲ့ ေျခစြမ္းထက္ျမက္မႈမ်ိဳးေတာ့ မရေသးဘူးေပါ့။

ႀကိဳးစားဖို႔ လိုေနပါတယ္။ သူက ေျခစြမ္းေကာင္းေတြ ျပနိုင္တာမ်ိဳးရွိေပမယ့္ အၿမဲတမ္း ေျခမွန္ေတာ့ မရေသးပါဘူး။ ဒါေပမယ့္ ၅ လေလာက္ နားထားရတဲ့သူတစ္ေယာက္အတြက္ ဒီအေျခအေနထက္ေတာင္ ပိုဆိုးနိုင္ပါတယ္” ဟု ေျပာဆိုခဲ့ပါတယ္။