Spots news

ရာသီသစ်မှာ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပြီ ဆိုတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်

Unicode Version

ယူရိုမှာ ဒဏ်ရာကြောင့် နယ်သာလန်လူစာရင်းကနေ နှုတ်ထွက်ရင်း ယူနိုက်တက်မှာလဲ ပုံမှန်ပွဲထွက်ခွင့် မရခဲ့တဲ့အတွက် 2020 ဘောလုံးရာသီမှာ ဗန်ဒီဘိခ်ဟာ ကျဆုံးခဲ့ရသူ ဖြစ်ပါတယ်။ သူ့အတွက် ခြောက်ခြားစရာ နှစ်တစ်နှစ်ဖြစ်ခဲ့ရတဲ့အတွက် ရုပ်ပိုင်းစိတ်ပိုင်း ပြန်လည် တည်ငြိမ်စေဖို့ 2 ပတ်တိတိ အနားယူခဲ့ရတယ်လို့လည်း သိရ ပါတယ်။

 

ဒီနောက် ရာသီသစ်မှာ ဗန်ဒီဘိခ် အသစ်ကို မြင်တွေ့ရဖို့ ခန္ဓကိုယ်ကြံ့ခိုင်မှု ပိုင်းကို အဓိက အလေးပေး လေ့ကျင့်ခဲ့ပါတယ်။အမ်စတာဒမ်မှာ ရှိနေခဲ့ပြီး 1 ပတ်မှာ 5 ရက်လောက်က ကြွက်သားလေ့ကျင့်ခန်းကို ပိုပြုလုပ်ခဲ့သလိုအစား အသောက် ပိုင်းမှာလည်း အချိန်ဇယားထားကာ ဂရုစိုက်ခဲ့သူ ဖြစ်ပါတယ်။

ခု ရာသီကြို ပွဲစဥ်တချို့မှာ မြင်တွေ့ခဲ့ရတဲ့ ဗန်ဒီဘိခ် ဟာ အကောင်းဆုံးကို လုပ်မပြနိုင်သေးပေမယ့် ပြီးခဲ့တဲ့ရာသီကထက် ပိုမို လန်းဆန်းတက်ကြွတဲ့ ကစားဟန်နဲ့အတူ ပရီးမီးယားလိဂ်ရဲ့ ကာယအားပြု ကစားဟန်အောက်မှာ အသားကျနေတဲ့ ပုံစံကို မြင်တွေ့လာခဲ့ရပါတယ်။

နည်းပြ ဆိုးလ်ရှားကိုယ်တိုင် ယူနိုက်တက်အသင်းရဲ့ ဒီရာသီ ပွဲစဥ် အတော်များများမှာ No.8 roleကို အလေးပေးအသုံးပြုမယ်လို့ ဆိုထားတာကြောင့် ဒါဟာ ဗန်ဒီဘိခ်ကို အသုံးပြုမယ်ဆိုတဲ့ အကြောင်း သွယ်ဝိုက်ပြောဆိုလိုက်ခြင်းပဲ ဖြစ်ပါတယ်။

အဝတ်လဲခန်းမှာ ‘ a man on a mission ‘လို့ နာမည်ပြောင်ရထားတဲ့ ဗန်ဒီဘိခ် ဟာ ပေါ့ဘာ ဆက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နေရာတစ်နေရာအတွက် တိုက်ပွဲဝင်သွားမှာ ဖြစ်သလို တခြားအသင်းတွေနဲ့ ထွက်ပေါ်ခဲ့တဲ့ အပြောင်းအရွေ့ ကောလဟာလ များကိုလည်း လျစ်လျူရှုထားမည်ဖြစ်ကြောင်း ဗန်ဒီဘိခ် က ဆိုထားပါသေးတယ်။

Zawgyi Version

ယူရိုမွာ ဒဏ္ရာေၾကာင့္ နယ္သာလန္လူစာရင္းကေန ႏႈတ္ထြက္ရင္း ယူနိုက္တက္မွာလဲ ပုံမွန္ပြဲထြက္ခြင့္ မရခဲ့တဲ့အတြက္ 2020 ေဘာလုံးရာသီမွာ ဗန္ဒီဘိခ္ဟာ က်ဆဳံးခဲ့ရသူ ျဖစ္ပါတယ္။ သူ႕အတြက္ ေျခာက္ျခားစရာ ႏွစ္တစ္ႏွစ္ျဖစ္ခဲ့ရတဲ့အတြက္ ႐ုပ္ပိုင္းစိတ္ပိုင္း ျပန္လည္ တည္ၿငိမ္ေစဖို႔ 2 ပတ္တိတိ အနားယူခဲ့ရတယ္လို႔လည္း သိရ ပါတယ္။

ဒီေနာက္ ရာသီသစ္မွာ ဗန္ဒီဘိခ္ အသစ္ကို ျမင္ေတြ႕ရဖို႔ ခႏၶကိုယ္ႀကံ့ခိုင္မႈ ပိုင္းကို အဓိက အေလးေပး ေလ့က်င့္ခဲ့ပါတယ္။အမ္စတာဒမ္မွာ ရွိေနခဲ့ၿပီး 1 ပတ္မွာ 5 ရက္ေလာက္က ႂကြက္သားေလ့က်င့္ခန္းကို ပိုျပဳလုပ္ခဲ့သလိုအစား အေသာက္ ပိုင္းမွာလည္း အခ်ိန္ဇယားထားကာ ဂ႐ုစိုက္ခဲ့သူ ျဖစ္ပါတယ္။

ခု ရာသီႀကိဳ ပြဲစဥ္တခ်ိဳ႕မွာ ျမင္ေတြ႕ခဲ့ရတဲ့ ဗန္ဒီဘိခ္ ဟာ အေကာင္းဆုံးကို လုပ္မျပနိုင္ေသးေပမယ့္ ၿပီးခဲ့တဲ့ရာသီကထက္ ပိုမို လန္းဆန္းတက္ႂကြတဲ့ ကစားဟန္နဲ႕အတူ ပရီးမီးယားလိဂ္ရဲ႕ ကာယအားျပဳ ကစားဟန္ေအာက္မွာ အသားက်ေနတဲ့ ပုံစံကို ျမင္ေတြ႕လာခဲ့ရပါတယ္။

နည္းျပ ဆိုးလ္ရွားကိုယ္တိုင္ ယူနိုက္တက္အသင္းရဲ႕ ဒီရာသီ ပြဲစဥ္ အေတာ္မ်ားမ်ားမွာ No.8 roleကို အေလးေပးအသုံးျပဳမယ္လို႔ ဆိုထားတာေၾကာင့္ ဒါဟာ ဗန္ဒီဘိခ္ကို အသုံးျပဳမယ္ဆိုတဲ့ အေၾကာင္း သြယ္ဝိုက္ေျပာဆိုလိုက္ျခင္းပဲ ျဖစ္ပါတယ္။

အဝတ္လဲခန္းမွာ ‘ a man on a mission ‘လို႔ နာမည္ေျပာင္ရထားတဲ့ ဗန္ဒီဘိခ္ ဟာ ေပါ့ဘာ ဆက္ရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ ေနရာတစ္ေနရာအတြက္ တိုက္ပြဲဝင္သြားမွာ ျဖစ္သလို တျခားအသင္းေတြနဲ႕ ထြက္ေပၚခဲ့တဲ့ အေျပာင္းအေ႐ြ႕ ေကာလဟာလ မ်ားကိုလည္း လ်စ္လ်ဴရႈထားမည္ျဖစ္ေၾကာင္း ဗန္ဒီဘိခ္ က ဆိုထားပါေသးတယ္။