Spots news

လိဒ်နဲ့ ပွဲစဉ်မှာ ပါဝင်မယ့် ဗာရန်း ၊ အဖွင့်ပွဲမှာပါမယ့် ဟာရီကိန်းနဲ့ သတင်းတိုများ

Unicode Version

အေစီမီလန်ဟာ ဒါး‌လော့ အတွက်ယူနိုက်တက်နဲ့ညှိမရတဲ့အတွက် ရိုးမားညာနောက်ခံလူ ဖလော်ရန်ဇီကိုပြောင်းလဲကြိုးပမ်းနေပြီလို့ sky italia သတင်းအရသိရပါတယ် ။

ဒါး‌လော့ကိုရောင်းရမှ အဲဒီငွေကြေးနဲ့ ထရစ်ပီယာကိုကြိုးပမ်းမှာဖြစ်တဲ့အတွက် လက်ရှိအခြေအနေအရတော့ ထရစ်ပီယာရောက်လာဖို့မရှိတော့ဘဲ ဒါးလော့ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဒါးလော့ အနေဖြင့်လည်း ရာသီကြိုကာလ ရရှိသော အခွင့်အရေးများအား ကျေနပ်ကာ ဝမ်ဘစ်ဆာကာ နှင့် ယှဉ်ပြိုင်နိုင်မည်ဟု ယုံကြည်နေ ပါတယ်။

ဒါးလော့ကို အငှါးခေါ်ယူရန် အေစီက ကမ်းလှမ်းခဲ့သော်လည်း ယူနိုက်တက်က ပယ်ချခဲ့ပြီး အစားထိုး အစွန်နောက်ခံလူခေါ်ယူရန်ထက် ကွင်းလယ်လူတစ်ဦး ခေါ်ယူရန်သာ ပြင်ဆင်နေပါတယ်။

ယူနိုက်တက် နောက်ခံလူသစ် ဗာရန်းရဲ့ ဆေးစစ်မှု ၊ လက်မှတ်ရေးထိုးခြင်းနှင့် တရားဝင်ကြေညာခြင်းကို ဗုဒ္ဓဟူးနေ့တွင်အပြီးသတ်မည်ဟု အသင်းက ယုံကြည်ထားသည့် အတွက်

ဗာရန်းဟာ ကြာသပတေး ၊ သောကြာနေ့များတွင်အသင်းနှင့်ပူးပေါင်းလေ့ကျင့်နိုင်မည်ဖြစ်ပြီး အဖွင့်ပွဲစဉ်ဖြစ်သော လိဒ်စ်နှင့်ပွဲကိုဝင်ရောက်ကစားနိုင်ဖွယ်ရှိနေပါတယ်။

PSG ဟာ ပေါလ်ပေါ့ဘာအတွက် မည်သည့်တရားဝင်ကမ်းလှမ်းမှုကိုမျှ မပြုလုပ်ဖူးသလို ယူနိုက်တက်နဲ့ တိုက်ရိုက် ဆွေးနွေးခြင်းမျိုးလည်း မပြုလုပ်ဖူးပါဘူး။ PSG ဟာ သူ့ကို

စောင့်ကြည့်နေတဲ့ အခြေအနေသာ ဖြစ်ပါတယ်။ တကယ်လို့ ယူနိုက်တက်နဲ့ စာချုပ်သစ်သာ မချုပ်ဆိုနိုင်ခဲ့ပါက ပြင်သစ်ကလပ်ဟာ ပေါ့ဘာကိုခေါ်ယူဖို့ ၂၀၂၂ မှာ အမှန်တကယ် ကြိုးပမ်းလာမှာဖြစ်ပါတယ်။

စပါအသင်း နည်းပြသစ် နူနိုဆန်တိုရဲ့ ပြောကြားချက်အရ လာမယ့်တစ်ပတ်မှာ ယှဥ်ပြိုင်ကစားသွားရတော့မယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဥ်ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ပွဲစဥ်အတွင်း အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဟာရီကိန်း ဝင်ရောက်ကစားနိုင်လိမ့်မယ့်လို့ သိရှိရပါတယ်

လူကာကူဟာ အသင်းဟောင်း ချယ်လ်ဆီးအသင်းဆီကို ပြန်လည်ပြောင်းရွှေ့ကစားဖို့အတွက် ဆေးစစ်မှုတွေကို မီလန်မြို့မှာပဲ ခံယူခဲ့ပြီးပြီဖြစ်တာကြောင့် လာမယ့်တစ်ပတ်အတွင်းမှာပဲ သူရဲ့အပြောင်းအရွှေ့ကို တရားဝင် ထုတ်ပြန်ကြေညာဖွယ် ရှိနေပါတယ်

Zawgyi Version

ေအစီမီလန္ဟာ ဒါး‌ေလာ့ အတြက္ယူနိုက္တက္နဲ႕ညွိမရတဲ့အတြက္ ရိုးမားညာေနာက္ခံလူ ဖေလာ္ရန္ဇီကိုေျပာင္းလဲႀကိဳးပမ္းေနၿပီလို႔ sky italia သတင္းအရသိရပါတယ္ ။

ဒါး‌ေလာ့ကိုေရာင္းရမွ အဲဒီေငြေၾကးနဲ႕ ထရစ္ပီယာကိုႀကိဳးပမ္းမွာျဖစ္တဲ့အတြက္ လက္ရွိအေျခအေနအရေတာ့ ထရစ္ပီယာေရာက္လာဖို႔မရွိေတာ့ဘဲ ဒါးေလာ့ဆက္ရွိေနမွာ ျဖစ္ပါတယ္။

ဒါးေလာ့ အေနျဖင့္လည္း ရာသီႀကိဳကာလ ရရွိေသာ အခြင့္အေရးမ်ားအား ေက်နပ္ကာ ဝမ္ဘစ္ဆာကာ ႏွင့္ ယွဥ္ၿပိဳင္နိုင္မည္ဟု ယုံၾကည္ေန ပါတယ္။

ဒါးေလာ့ကို အငွါးေခၚယူရန္ ေအစီက ကမ္းလွမ္းခဲ့ေသာ္လည္း ယူနိုက္တက္က ပယ္ခ်ခဲ့ၿပီး အစားထိုး အစြန္ေနာက္ခံလူေခၚယူရန္ထက္ ကြင္းလယ္လူတစ္ဦး ေခၚယူရန္သာ ျပင္ဆင္ေနပါတယ္။

ယူနိုက္တက္ ေနာက္ခံလူသစ္ ဗာရန္းရဲ႕ ေဆးစစ္မႈ ၊ လက္မွတ္ေရးထိုးျခင္းႏွင့္ တရားဝင္ေၾကညာျခင္းကို ဗုဒၶဟူးေန႕တြင္အၿပီးသတ္မည္ဟု အသင္းက ယုံၾကည္ထားသည့္ အတြက္

ဗာရန္းဟာ ၾကာသပေတး ၊ ေသာၾကာေန႕မ်ားတြင္အသင္းႏွင့္ပူးေပါင္းေလ့က်င့္နိုင္မည္ျဖစ္ၿပီး အဖြင့္ပြဲစဥ္ျဖစ္ေသာ လိဒ္စ္ႏွင့္ပြဲကိုဝင္ေရာက္ကစားနိုင္ဖြယ္ရွိေနပါတယ္။

PSG ဟာ ေပါလ္ေပါ့ဘာအတြက္ မည္သည့္တရားဝင္ကမ္းလွမ္းမႈကိုမွ် မျပဳလုပ္ဖူးသလို ယူနိုက္တက္နဲ႕ တိုက္ရိုက္ ေဆြးေႏြးျခင္းမ်ိဳးလည္း မျပဳလုပ္ဖူးပါဘူး။ PSG ဟာ သူ႕ကို

ေစာင့္ၾကည့္ေနတဲ့ အေျခအေနသာ ျဖစ္ပါတယ္။ တကယ္လို႔ ယူနိုက္တက္နဲ႕ စာခ်ဳပ္သစ္သာ မခ်ဳပ္ဆိုနိုင္ခဲ့ပါက ျပင္သစ္ကလပ္ဟာ ေပါ့ဘာကိုေခၚယူဖို႔ ၂၀၂၂ မွာ အမွန္တကယ္ ႀကိဳးပမ္းလာမွာျဖစ္ပါတယ္။

စပါအသင္း နည္းျပသစ္ ႏူနိုဆန္တိုရဲ႕ ေျပာၾကားခ်က္အရ လာမယ့္တစ္ပတ္မွာ ယွဥ္ၿပိဳင္ကစားသြားရေတာ့မယ့္ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ျဖစ္တဲ့ မန္စီးတီးအသင္းနဲ႕ ပြဲစဥ္အတြင္း အသင္းရဲ႕ အဓိက တိုက္စစ္ကစားသမား ဟာရီကိန္း ဝင္ေရာက္ကစားနိုင္လိမ့္မယ့္လို႔ သိရွိရပါတယ္

လူကာကူဟာ အသင္းေဟာင္း ခ်ယ္လ္ဆီးအသင္းဆီကို ျပန္လည္ေျပာင္းေ႐ႊ႕ကစားဖို႔အတြက္ ေဆးစစ္မႈေတြကို မီလန္ၿမိဳ႕မွာပဲ ခံယူခဲ့ၿပီးၿပီျဖစ္တာေၾကာင့္ လာမယ့္တစ္ပတ္အတြင္းမွာပဲ သူရဲ႕အေျပာင္းအေ႐ႊ႕ကို တရားဝင္ ထုတ္ျပန္ေၾကညာဖြယ္ ရွိေနပါတယ္