Spots news

မက်ဆီအား ပီအက်စ်ဂျီအသင်း ခေါ်ယူခွင့်မ‌ရစေရန် ဘာစီလိုနာရှေ့နေများ လုပ်ဆောင်နေ

Unicode Version

ဘာစီလိုနာ အသင်း ရှေ့နေများက FFP(ဘဏ္ဍာရေးမျှတစွာယှဉ်ပြိုင်မှု)စည်းမျဉ်းအရ ဘာစီလိုနာ အသင်းခေါင်းဆောင်ဟောင်း မက်ဆီကို ပီအက်စ်ဂျီ အသင်း ခေါ်ယူခွင့်မရစေရန် ကြိုးပမ်းလျက်ရှိကြောင်း ဗြိတိန်အခြေစိုက် Daily Mail သတင်း ဌာနက ဖော်ပြသွားပါတယ်

အသင်းခေါင်း‌ဆောင်မက်ဆီဟာ ဘာစီလိုနာအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းမှု အဆင်မပြေသဖြင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်း၏ နောက်ဆုံးနှုတ်ဆက်သတင်းစာရှင်းလင်းပွဲကို တနင်္ဂနွေ နေ့က ပြုလုပ်ခဲ့ပါတယ်။

မက်ဆီအား ခေါ်ယူလိုသည့် ထိပ်တန်းကလပ်များထဲမှ ဓနအင်အား အတောင့်တင်းဆုံး ပီအက်စ်ဂျီ အသင်းက ရေပန်းအစားဆုံးဖြစ်နေပြီး တစ်နှစ်လစာ ယူရိုသန်း ၄၀ ဖြင့် ကနဦး ၂ နှစ်စာချုပ် နဲ့အတူ တစ်နှစ်သက်တမ်းတိုးခွင့် ဖြင့် မက်ဆီအား သဘောတူညီမှု ရယူထားပြီးဖြစ်ကြောင်း သိရပါတယ်။

သို့ပေမယ့် မက်ဆီရဲ့ အသင်းဟောင်း ဘာစီလိုနာအသင်းရဲ့ရှေ့နေများက မက်ဆီကို ပီအက်စ်ဂျီ အသင်း ခေါ်ယူခွင့်မရစေရန်အတွက် ဥရောပအယူခံတရားရုံးသို့ ကန့်ကွက် တိုင်ကြားထားပါတယ်။

ပီအက်စ်ဂျီ နေမာ၊ ဘာပေ စတဲ့ ကစားသမားများကို လစာမြင့်မားစွာ ပေးချေနေရသလို ယခုနွေရာသီမှာ ၀ိုင်နယ်လ်ဒမ်း၊ ရာမို့စ်၊ ဒွန်နာရမ်မာ၊ ဟာကီမီစသည့် ထိပ်တန်းကစားသမားများ ခေါ်ယူထားပြီးဖြစ်သောကြောင့် မက်ဆီကို ထပ်မံခေါ်ယူပါက ဘဏ္ဍာရေးမျှတစွာ ယှဉ်ပြိုင်မှု စည်းမျဉ်းကို ဖောက်ဖျက်မယ့် အလားအလာရှိနေ ပါတယ်။

ဘာစီလိုနာရဲ့ ရှေ့နေဟွမ်ဘရန်ကိုက” ဘာစီလိုနာအသင်းကိုယ်စား ကျွန်တော့် ဥရောပကော်မရှင်ကို ကန့်ကွက်ဖို့ စီစဉ်နေပါတယ်။ ပီအက်စ်ဂျီ အသင်း မက်ဆီကို ခေါ်ယူမယ့် အစီအစဉ်ကို တားဆီးဖို့အတွက် ပြင်သစ်မှာရှိတဲ့ အရပ်ဘက်နဲ့ အုပ်ချုပ်ရေးတရားရုံးတွေက တောင်းဆိုဖို့ လုပ်သွားမှာပါ။

ပီအက်စ်ဂျီ ရဲ့ FFP စည်းမျဉ်းအချိုးက ဘာစီလိုနာထက်တောင် ပိုဆိုးပါသေးတယ်။ ၂၀၁၉- ၂၀၂၀ ရာသီမှာ PSG ရဲ့ လစာပေးချေမှု- ဝင်ငွေအချိုးက (၉၉) ရာခိုင်နှုန်းရှိပြီး ဘာစီလိုနာ က (၅၄) ရာခိုင်နှုန်းရှိပါတယ်။ဘောလုံးလောကမှာ အခွင့်အာဏာအသုံးပြုခြင်းက ပြိုင်ပွဲတွေကို ပျက်စီးစေပါတယ်” ဟု  ပြောကြားခဲ့ပါတယ်

Zawgyi Version

ဘာစီလိုနာ အသင္း ေရွ႕ေနမ်ားက FFP(ဘ႑ာေရးမွ်တစြာယွဥ္ၿပိဳင္မႈ)စည္းမ်ဥ္းအရ ဘာစီလိုနာ အသင္းေခါင္းေဆာင္ေဟာင္း မက္ဆီကို ပီအက္စ္ဂ်ီ အသင္း ေခၚယူခြင့္မရေစရန္ ႀကိဳးပမ္းလ်က္ရွိေၾကာင္း ၿဗိတိန္အေျခစိုက္ Daily Mail သတင္း ဌာနက ေဖာ္ျပသြားပါတယ္

အသင္းေခါင္း‌ေဆာင္မက္ဆီဟာ ဘာစီလိုနာအသင္းႏွင့္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ႀကိဳးပမ္းမႈ အဆင္မေျပသျဖင့္ လမ္းခြဲေတာ့မည္ျဖစ္ေၾကာင္း ၾကာသပေတးေန႕တြင္ ထုတ္ျပန္ေၾကညာခဲ့ၿပီး ၎၏ ေနာက္ဆုံးႏႈတ္ဆက္သတင္းစာရွင္းလင္းပြဲကို တနဂၤေႏြ ေန႕က ျပဳလုပ္ခဲ့ပါတယ္။

မက္ဆီအား ေခၚယူလိုသည့္ ထိပ္တန္းကလပ္မ်ားထဲမွ ဓနအင္အား အေတာင့္တင္းဆုံး ပီအက္စ္ဂ်ီ အသင္းက ေရပန္းအစားဆုံးျဖစ္ေနၿပီး တစ္ႏွစ္လစာ ယူရိုသန္း ၄၀ ျဖင့္ ကနဦး ၂ ႏွစ္စာခ်ဳပ္ နဲ႕အတူ တစ္ႏွစ္သက္တမ္းတိုးခြင့္ ျဖင့္ မက္ဆီအား သေဘာတူညီမႈ ရယူထားၿပီးျဖစ္ေၾကာင္း သိရပါတယ္။

သို႔ေပမယ့္ မက္ဆီရဲ႕ အသင္းေဟာင္း ဘာစီလိုနာအသင္းရဲ႕ေရွ႕ေနမ်ားက မက္ဆီကို ပီအက္စ္ဂ်ီ အသင္း ေခၚယူခြင့္မရေစရန္အတြက္ ဥေရာပအယူခံတရား႐ုံးသို႔ ကန႔္ကြက္ တိုင္ၾကားထားပါတယ္။

ပီအက္စ္ဂ်ီ ေနမာ၊ ဘာေပ စတဲ့ ကစားသမားမ်ားကို လစာျမင့္မားစြာ ေပးေခ်ေနရသလို ယခုေႏြရာသီမွာ ၀ိုင္နယ္လ္ဒမ္း၊ ရာမို႔စ္၊ ဒြန္နာရမ္မာ၊ ဟာကီမီစသည့္ ထိပ္တန္းကစားသမားမ်ား ေခၚယူထားၿပီးျဖစ္ေသာေၾကာင့္ မက္ဆီကို ထပ္မံေခၚယူပါက ဘ႑ာေရးမွ်တစြာ ယွဥ္ၿပိဳင္မႈ စည္းမ်ဥ္းကို ေဖာက္ဖ်က္မယ့္ အလားအလာရွိေန ပါတယ္။

ဘာစီလိုနာရဲ႕ ေရွ႕ေနဟြမ္ဘရန္ကိုက” ဘာစီလိုနာအသင္းကိုယ္စား ကြၽန္ေတာ့္ ဥေရာပေကာ္မရွင္ကို ကန႔္ကြက္ဖို႔ စီစဥ္ေနပါတယ္။ ပီအက္စ္ဂ်ီ အသင္း မက္ဆီကို ေခၚယူမယ့္ အစီအစဥ္ကို တားဆီးဖို႔အတြက္ ျပင္သစ္မွာရွိတဲ့ အရပ္ဘက္နဲ႕ အုပ္ခ်ဳပ္ေရးတရား႐ုံးေတြက ေတာင္းဆိုဖို႔ လုပ္သြားမွာပါ။

ပီအက္စ္ဂ်ီ ရဲ႕ FFP စည္းမ်ဥ္းအခ်ိဳးက ဘာစီလိုနာထက္ေတာင္ ပိုဆိုးပါေသးတယ္။ ၂၀၁၉- ၂၀၂၀ ရာသီမွာ PSG ရဲ႕ လစာေပးေခ်မႈ- ဝင္ေငြအခ်ိဳးက (၉၉) ရာခိုင္ႏႈန္းရွိၿပီး ဘာစီလိုနာ က (၅၄) ရာခိုင္ႏႈန္းရွိပါတယ္။ေဘာလုံးေလာကမွာ အခြင့္အာဏာအသုံးျပဳျခင္းက ၿပိဳင္ပြဲေတြကို ပ်က္စီးေစပါတယ္” ဟု  ေျပာၾကားခဲ့ပါတယ္