Unicode Version
ရိုးမားအသင်းဟာ ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟမ်ကို ပြောင်းရွှေ့ကြေးပေါင် ၄၃ သန်းဖြင့် ခေါ်ယူရန်တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ရိုးမားက ပထမတွင် အငှားဖြင့်ခေါ်ယူပြီးနောက်မှသာ အပြီးသတ်ခေါ်ယူရန် ထည့်သွင်းကမ်းလှမ်းခြင်း ဖြစ်ပါတယ်
ရိုးမားအသင်းဟာ အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားတဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဒီဇီကိုရဲ့ နေရာ အတွက် အစားထိုးမှု အဖြစ် ချဲလ်ဆီးအသင်းက အရောင်းစာရင်း တင်ထားတဲ့ အေဘရာဟမ်ကို ခေါ်ယူဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ပေါင် ၉၈ သန်းတန် လူကာကူကို အင်တာမှ ခေါ်ယူခဲ့ပြီး ဆီဗီလာနောက်ခံလူ ကွန်ဒီကိုခေါ်ယူရေးအတွက် အသင်းမှ အေဘရာဟမ် အပါအဝင် အသင်းရဲ့ ကစားသမားအချို့ကို ရောင်းချရန် ပြင်ဆင်နေခြင်းဖြစ်ပါတယ်။
တိုက်စစ်မှူး အေဘရာဟမ်ဟာ ချဲလ်ဆီးအသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး ပင်ကိုယ် အရည်အသွေး ကောင်းမွန်သူ တဦး ဖြစ်ပေမယ့်အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ မသေချာတာကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်ထားသူပါ။
အေဗရာဟမ်ကို အာဆင်နယ် ၊ အတ္တလန်တာအသင်းတို့က ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ရိုးမားအသင်းဟာ အေဘရာဟမ်အတွက် ချဲလ်ဆီးအသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ဝန်းကျင်ကို ပေးချေမှာ ဖြစ်တာကြောင့် ရိုးမားအသင်းနဲ့ သဘောတူညီမှု ရရှိဖို့ ပိုမိုနီးစပ်နေပြီ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရိုးမားအသင်းဟာ အေဗရာဟမ်ကို ခေါ်ယူဖို့ အတွက် လိုအပ်တဲ့ တရားဝင် စာရွက်စာတမ်း ကိစ္စတွေကို လုပ်ဆောင်နေပြီ ဖြစ်သလို အေဘရာဟမ်ကလည်း ချဲလ်ဆီး နည်းပြဟောင်း မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစားချင်နေပါတယ်။
Zawgyi Version
ရိုးမားအသင္းဟာ ခ်ဲလ္ဆီးတိုက္စစ္မႉး ေအဘရာဟမ္ကို ေျပာင္းေ႐ႊ႕ေၾကးေပါင္ ၄၃ သန္းျဖင့္ ေခၚယူရန္တရားဝင္ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။ ရိုးမားက ပထမတြင္ အငွားျဖင့္ေခၚယူၿပီးေနာက္မွသာ အၿပီးသတ္ေခၚယူရန္ ထည့္သြင္းကမ္းလွမ္းျခင္း ျဖစ္ပါတယ္
ရိုးမားအသင္းဟာ အင္တာမီလန္အသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈ ရထားတဲ့ အသင္းရဲ႕ အဓိက တိုက္စစ္မႉး ဒီဇီကိုရဲ႕ ေနရာ အတြက္ အစားထိုးမႈ အျဖစ္ ခ်ဲလ္ဆီးအသင္းက အေရာင္းစာရင္း တင္ထားတဲ့ ေအဘရာဟမ္ကို ေခၚယူဖို႔ စီစဥ္ခဲ့တာ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ ေပါင္ ၉၈ သန္းတန္ လူကာကူကို အင္တာမွ ေခၚယူခဲ့ၿပီး ဆီဗီလာေနာက္ခံလူ ကြန္ဒီကိုေခၚယူေရးအတြက္ အသင္းမွ ေအဘရာဟမ္ အပါအဝင္ အသင္းရဲ႕ ကစားသမားအခ်ိဳ႕ကို ေရာင္းခ်ရန္ ျပင္ဆင္ေနျခင္းျဖစ္ပါတယ္။
တိုက္စစ္မႉး ေအဘရာဟမ္ဟာ ခ်ဲလ္ဆီးအသင္းရဲ႕ လူငယ္ အကယ္ဒမီ ကေန ထြက္ေပၚလာတဲ့ တိုက္စစ္မႉး တဦး ျဖစ္ၿပီး ပင္ကိုယ္ အရည္အေသြး ေကာင္းမြန္သူ တဦး ျဖစ္ေပမယ့္အသင္းမွာ ပုံမွန္ ပြဲထြက္ခြင့္ ရဖို႔ မေသခ်ာတာေၾကာင့္ အသင္းေျပာင္းဖို႔ ဆုံးျဖတ္ထားသူပါ။
ေအဗရာဟမ္ကို အာဆင္နယ္ ၊ အတၱလန္တာအသင္းတို႔က ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ရိုးမားအသင္းဟာ ေအဘရာဟမ္အတြက္ ခ်ဲလ္ဆီးအသင္းက ေတာင္းဆိုထားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း ၄၀ ဝန္းက်င္ကို ေပးေခ်မွာ ျဖစ္တာေၾကာင့္ ရိုးမားအသင္းနဲ႕ သေဘာတူညီမႈ ရရွိဖို႔ ပိုမိုနီးစပ္ေနၿပီ ျဖစ္ပါတယ္။
လက္ရွိမွာေတာ့ ရိုးမားအသင္းဟာ ေအဗရာဟမ္ကို ေခၚယူဖို႔ အတြက္ လိုအပ္တဲ့ တရားဝင္ စာ႐ြက္စာတမ္း ကိစၥေတြကို လုပ္ေဆာင္ေနၿပီ ျဖစ္သလို ေအဘရာဟမ္ကလည္း ခ်ဲလ္ဆီး နည္းျပေဟာင္း ေမာ္ရင္ဟိုရဲ႕ လက္ေအာက္မွာ ကစားခ်င္ေနပါတယ္။