Spots news

မက်ဆီကိုခေါ်ယူရန် အတွက် ကစားသမား ၈ ယောက်ခန့် ပီအက်စ်ဂျီ ရောင်းမည်

Unicode Version

ပီအက်စ်ဂျီအသင်းဟာ မက်ဆီကိုခေါ်ယူရေးအတွက် အသင်းမှ ကစားသမား ၁၀ ယောက်ခန့် ရောင်းထုတ်သွားမှာ ဖြစ်ပါတယ်။ ဘာစီလိုနာမှာ ၂၁ နှစ်ကြာ

ကစားပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ရန်ဖြစ်လာခဲ့သော မက်ဆီကို ခေါ်ယူရေးတွင် ပြင်သစ်ကလပ် အသင်းကပဲ ဦးဆောင်နေတာပါ။

ပီအက်စ်ဂျီအသင်းဟယ အသက် ၃၄ နှစ်အရွယ်ရှိ မက်ဆီကို ခေါ်ယူခွင့်ရလျှင် အသင်းရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး အပြောင်းအရွှေ့တစ်ခု

အကောင်အထည်ဖော်ခွင့် ရရှိသွားမည်ဖြစ်ပြီး ဝင်ငွေ ထွက်ငွေ မျှတစေရေးအတွက် အသင်းမှ ပိုလျှံ ကစားသမားများကို ရောင်းထုတ်ရန် ပြင်ဆင်ခြင်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ မက်ဆီရဲ့ ကမ္ဘာတစ်ဝှမ်း ဈေးကွက်ချဲ့ထွင်နိုင်စွမ်းအားနှင့် ဝင်ငွေရှာပေးနိုင်မှုကို ယုံကြည်သော်လည်း ၎င်းတို့၏ စုစုပေါင်း လစာပေးရငွေပမာဏကို လျှော့ချရန်နဲ့ FFP စည်းမျဉ်းနဲ့ ကိုက်ညီမှု ရှိစေရန် လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီမှ အငှား သို့မဟုတ် အပြီးသတ်အရောင်းဖြင့် ထွက်ခွာရန်ရှိသော ကစားသမားများမှာ ဒီယာလို၊ ကာရာ၊ ဂူယီ၊ ရာဖင်ဟာ၊ အီကာဒီနှင့် ဟာရဲယားတို့ ပါဝင်‌နေပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီမှာ ၂ နှစ်စာချုပ် ချုပ်ဆိုမည် ဖြစ်ပြီး

တစ်နှစ်ထပ်မံ သက်တမ်းတိုးရန် သဘောတူညီချက်လည်း ပါဝင်ပါတယ်။ မက်ဆီ၏ လုပ်ခလစာမှာ တစ်နှစ်လျှင် ယူရိုသန်း ၄၀ ခန့် ဖြစ်ဖွယ်ရှိပါတယ်။ မက်ဆီဟာ ကြာသပတေးနေ့က ပိုချက်တီနိုနှင့် ဆက်သွယ်ပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့ကြောင်းလဲ သိရပါတယ်။

Zawgyi Version






