Spots news

မက်ဒီဆင်ကို မခေါ်တော့ပဲ ဂျက်ဆီလင်ဂတ်ကို ပြောင်းလဲ ပစ်မှတ်ထားလာတဲ့ အာဆင်နယ်

Unicode Version

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့

ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း လန်ဒန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အာဆင်နယ်အသင်းဟာ ရက်ပိုင်းအတွင်းက အသင်းရဲ့ လူငယ် ကွင်းလယ်တိုက်စစ် ကစားသမား စမစ်ရိုဝီကို စာချုပ်သစ် ချုပ်ဆိုထားနိုင်ပေမယ့်

အသင်းရဲ့ ကွင်းလယ်အင်အားကို ပိုမို တောင့်တင်းစေဖို့ နောက်ထပ် တိုက်စစ်အားသန် ကွင်းလယ်လူ တဦးကို ခေါ်ယူမှာ ဖြစ်ပါတယ်။

မူလက အာဆင်နယ်အသင်းဟာ လက်စတာ ကွင်းလယ်လူ မက်ဒီဆင် ၊ ယမန်နှစ်က အသင်းထံ အငှားနဲ့ ခေါ်ယူဘူးတဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အိုဒီဂတ်တို့ကို

ခေါ်ယူဖို့ ချိတ်ဆက်နေပေမယ့် ပြောင်းရွှေ့ကြေးတွေဟာ မြင့်မားတာကြောင့် လင်ဂတ်ကို ခေါ်ယူဖို့ မျက်စိကျလာတာပဲ ဖြစ်ပါတယ်။

ဂျက်ဆီ လင်ဂတ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်သလို

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဝက်စ်ဟမ်းအသင်းထံ အငှားနဲ့ ပြောင်းရွှေ့ကစားကာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သူပါ။

ယခုနှစ် နွေဈေးကွက် အတွင်းမှာ အာဆင်နယ် အသင်းဟာ အင်္ဂလန်သားတွေကို ဦးစားပေး ခေါ်ယူဖို့ စီစဉ်ထားတာကြောင့် မက်ဒီဆင်ကို ခေါ်ယူနိုင်ဖို့

ခက်ခဲနေတဲ့ အတွက် လင်ဂတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို လင်ဂတ်အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်ဖွယ် ရှိကြောင်း သိရပါတယ်။

ယူနိုက်တက်အသင်းကတော့ လင်ဂတ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင် ရရှိတာနဲ့ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး လင်ဂတ်ကလည်း ပုံမှန် ပွဲထွက်ခွင့်

လိုချင်နေတာကြောင့် အာဆင်နယ်အသင်းဟာ လင်ဂတ်ကို ပြောင်းလဲ ခေါ်ယူပါက ခပ်မြန်မြန်ပဲ သဘောတူညီမှု ရရှိနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ နာမည္ႀကီးအသင္း တသင္း ျဖစ္တဲ့ အာဆင္နယ္အသင္းဟာ ၿပိဳင္ဘက္ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ကြင္းလယ္တိုက္စစ္ ကစားသမား လင္ဂတ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း လန္ဒန္ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

အာဆင္နယ္အသင္းဟာ ရက္ပိုင္းအတြင္းက အသင္းရဲ႕ လူငယ္ ကြင္းလယ္တိုက္စစ္ ကစားသမား စမစ္ရိုဝီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုထားနိုင္ေပမယ့္ အသင္းရဲ႕ ကြင္းလယ္အင္အားကို ပိုမို ေတာင့္တင္းေစဖို႔ ေနာက္ထပ္ တိုက္စစ္အားသန္ ကြင္းလယ္လူ တဦးကို ေခၚယူမွာ ျဖစ္ပါတယ္။

မူလက အာဆင္နယ္အသင္းဟာ လက္စတာ ကြင္းလယ္လူ မက္ဒီဆင္ ၊ ယမန္ႏွစ္က အသင္းထံ အငွားနဲ႕ ေခၚယူဘူးတဲ့ ရီးရဲလ္မက္ဒရစ္ ကြင္းလယ္လူ အိုဒီဂတ္တို႔ကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနေပမယ့္ ေျပာင္းေ႐ႊ႕ေၾကးေတြဟာ ျမင့္မားတာေၾကာင့္ လင္ဂတ္ကို ေခၚယူဖို႔ မ်က္စိက်လာတာပဲ ျဖစ္ပါတယ္။

ဂ်က္ဆီ လင္ဂတ္ဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ ကစားသမား တဦး ျဖစ္သလို ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာလည္း ဝက္စ္ဟမ္းအသင္းထံ အငွားနဲ႕ ေျပာင္းေ႐ႊ႕ကစားကာ ေျခစြမ္းေကာင္းေတြ ထုတ္ျပနိုင္ခဲ့သူပါ။

ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာ အာဆင္နယ္ အသင္းဟာ အဂၤလန္သားေတြကို ဦးစားေပး ေခၚယူဖို႔ စီစဥ္ထားတာေၾကာင့္ မက္ဒီဆင္ကို ေခၚယူနိုင္ဖို႔ ခက္ခဲေနတဲ့ အတြက္ လင္ဂတ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနသလို လင္ဂတ္အတြက္ တရားဝင္ ေဆြးေႏြးမႈေတြ စတင္ ျပဳလုပ္ဖြယ္ ရွိေၾကာင္း သိရပါတယ္။

ယူနိုက္တက္အသင္းကေတာ့ လင္ဂတ္ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၀သန္း ဝန္းက်င္ ရရွိတာနဲ႕ ေရာင္းခ်ဖိဳ႕ ဆုံးျဖတ္ထားၿပီး လင္ဂတ္ကလည္း ပုံမွန္ ပြဲထြက္ခြင့္ လိုခ်င္ေနတာေၾကာင့္ အာဆင္နယ္အသင္းဟာ လင္ဂတ္ကို ေျပာင္းလဲ ေခၚယူပါက ခပ္ျမန္ျမန္ပဲ သေဘာတူညီမႈ ရရွိနိုင္တဲ့ အေနအထားမွာ ရွိပါတယ္။