Spots news

ဘာစီက ဆုံးဖြတ်ချက်ပြင်ပေမယ့် မက်ဆီက ပြန်လာဖို့ စိတ်ကူးမရှိတော့

Unicode Version

ဘာစီလိုနာအသင်းရဲ့ စာချုပ်သစ် အတွက် ကမ်းလှမ်းမှုကို ရရှိထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မက်ဆီကတော့ ပီအက်စ်ဂျီအသင်းဆီသာ ပြောင်းရွှေ့ဖို့ ယတိပြတ် ဆုံးဖြတ်ချက် ချလိုက်ပါပြီ။

ယခုအချိန်မှာ မက်ဆီဟာ ဘာစီလိုနာမြို့မှာသာ ရှိနေပေမယ့် သူ့ရဲ့ဖခင် ဂျော့စ်မက်ဆီနဲ့ ရှေ့နေအဖွဲ့ဟာ ပီအက်စ်ဂျီအသင်းနဲ့ တရားဝင် တွေ့ဆုံ ဆွေးနွေးနေပြီး ဆွေးနွေးမှုတွေဟာ ပြီးပြတ်တော့မယ်လို့ သိရပါတယ်။

စာချုပ်ကိစ္စ ဆွေးနွေးမှုတွေ ပြီးပြတ်တာနဲ့ မက်ဆီဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ သွားရောက်ကာ ပီအက်စ်ဂျီအသင်းနဲ့ တရားဝင် စာချုပ် ချုပ်ဆိုမှာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက မက်ဆီကို စာချုပ်သစ် အတွက် ထပ်မံ ကမ်းလှမ်းခဲ့တာနဲ့ ပတ်သတ်ပြီး နှစ်ဖက်စလုံးက အတည်ပြုခြင်း မရှိသေးပေမယ့် ဘာစီလိုနာမြို့မှာ မက်ဆီ ဆက်ရှိနေခြင်း

ဘာစီလိုနာ ဘုတ်အဖွဲ့အတွင်းမှာ မက်ဆီရဲ့ကိစ္စနဲ့ ပတ်သတ်ပြီး သဘောထား ကွဲလွဲမှုတွေ ရှိနေတဲ့ အခြေအနေတို့ကြောင့် ဘာစီလိုနာအသင်းကမက်ဆီကို စာချုပ်သစ် ကမ်းလှမ်းခဲ့တယ် ဆိုတာဟာ မှန်ကန်ဖို့ များပါတယ်။

ဒါပေမယ့် မက်ဆီကတော့ ဘာစီလိုနာအသင်းဆီ ပြန်လာဖို့ စိတ်ကူးမရှိတော့ပဲ ကစားသမားဘဝရဲ့ အကြီးမားဆုံး စိန်ခေါ်မှုတရပ် အဖြစ် ပီအက်စ်ဂျီအသင်းဆီသာ ပြောင်းရွှေ့တော့မှာပါ။

Zawgyi Version

ဘာစီလိုနာအသင္းရဲ႕ စာခ်ဳပ္သစ္ အတြက္ ကမ္းလွမ္းမႈကို ရရွိထားတယ္လို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္ မက္ဆီကေတာ့ ပီအက္စ္ဂ်ီအသင္းဆီသာ ေျပာင္းေ႐ႊ႕ဖို႔ ယတိျပတ္ ဆုံးျဖတ္ခ်က္ ခ်လိဳက္ပါၿပီ။

ယခုအခ်ိန္မွာ မက္ဆီဟာ ဘာစီလိုနာၿမိဳ႕မွာသာ ရွိေနေပမယ့္ သူ႕ရဲ႕ဖခင္ ေဂ်ာ့စ္မက္ဆီနဲ႕ ေရွ႕ေနအဖြဲ႕ဟာ ပီအက္စ္ဂ်ီအသင္းနဲ႕ တရားဝင္ ေတြ႕ဆုံ ေဆြးေႏြးေနၿပီး ေဆြးေႏြးမႈေတြဟာ ၿပီးျပတ္ေတာ့မယ္လို႔ သိရပါတယ္။

စာခ်ဳပ္ကိစၥ ေဆြးေႏြးမႈေတြ ၿပီးျပတ္တာနဲ႕ မက္ဆီဟာ ျပင္သစ္နိုင္ငံ ပဲရစ္ၿမိဳ႕သို႔ သြားေရာက္ကာ ပီအက္စ္ဂ်ီအသင္းနဲ႕ တရားဝင္ စာခ်ဳပ္ ခ်ဳပ္ဆိုမွာပဲ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းက မက္ဆီကို စာခ်ဳပ္သစ္ အတြက္ ထပ္မံ ကမ္းလွမ္းခဲ့တာနဲ႕ ပတ္သတ္ၿပီး ႏွစ္ဖက္စလုံးက အတည္ျပဳျခင္း မရွိေသးေပမယ့္ ဘာစီလိုနာၿမိဳ႕မွာ မက္ဆီ ဆက္ရွိေနျခင္း

ဘာစီလိုနာ ဘုတ္အဖြဲ႕အတြင္းမွာ မက္ဆီရဲ႕ကိစၥနဲ႕ ပတ္သတ္ၿပီး သေဘာထား ကြဲလြဲမႈေတြ ရွိေနတဲ့ အေျခအေနတို႔ေၾကာင့္ ဘာစီလိုနာအသင္းကမက္ဆီကို စာခ်ဳပ္သစ္ ကမ္းလွမ္းခဲ့တယ္ ဆိုတာဟာ မွန္ကန္ဖို႔ မ်ားပါတယ္။

ဒါေပမယ့္ မက္ဆီကေတာ့ ဘာစီလိုနာအသင္းဆီ ျပန္လာဖို႔ စိတ္ကူးမရွိေတာ့ပဲ ကစားသမားဘဝရဲ႕ အႀကီးမားဆုံး စိန္ေခၚမႈတရပ္ အျဖစ္ ပီအက္စ္ဂ်ီအသင္းဆီသာ ေျပာင္းေ႐ႊ႕ေတာ့မွာပါ။