Spots news

သန်း ၃၀၀ လောက်ဆုံးရှုံးဖွယ်ရှိလို့ မက်ဆီကို စာချုပ်သစ် ကမ်းလှမ်းနေတဲ့ ဘာစီလိုနာ

Unicode Version

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အသင်းကနေ ထွက်ခွာခွင့် ပြုထားတဲ့ လီယွန်နယ် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြန်လည် ကြိုးစားနေပါတယ်။

ဘာစီလိုနာအသင်းဟာ မက်ဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးခဲ့ပြီးနောက် အသင်းရဲ့ တန်ဖိုးဟာ ယူရို ၂၀၀သန်းလောက် လျော့ကျသွားသလို ယခုနှစ်အတွက် ဝင်ငွေပိုင်းမှာလည်း ယူရို ၃၀၀သန်းလောက် နစ်နာဆုံးရှုံးဖို့ ရှိနေတာကြောင့် မက်ဆီကို စာချုပ်သစ် ချုပ်ဖို့ ကြိုးစားလာတာပဲ ဖြစ်ပါတယ်။

တဖက်မှာလည်း လာလီဂါအဖွဲ့ချုပ်ဟာ လာလီဂါပြိုင်ပွဲအပေါ် ပရိသတ်တွေ စိတ်ဝင်စားမှု လျော့နည်းသွားမှာကို စိုးရိမ်တာကြောင့် ဘာစီလိုနာအသင်း အနေနဲ့ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ လိုအပ်တဲ့ စည်းမျဉ်းပိုင်းဆိုင်ရာ ဖြေလျော့မှုတွေကို လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။

ဒါပေမယ့် မက်ဆီဟာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီး မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့စ်မက်ဆီနဲ့ ရှေ့နေအဖွဲ့ဟာ ပီအက်စ်ဂျီအသင်းနဲ့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေကို ပြုလုပ်နေပါတယ်။

ဒါကြောင့် ဘာစီလိုနာအသင်းဟာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အခွင့်အရေး နည်းပါးနေပြီး မက်ဆီကလဲ သူ့အပေါ် ဖုံးကွယ်မှုတွေ လုပ်ခဲ့တဲ့ လာပေါ်တာနဲ့ ဘာစီလိုနာ ဘုတ်အဖွဲ့ကို အယုံအကြည် မရှိတော့ကြောင်း သိရပါတယ်။

ဒါပေမယ့် ဘာမဆို ဖြစ်လာနိုင်တဲ့ ဘောလုံးလောကရဲ့ သဘောတရားအတိုင်း မက်ဆီ တယောက် ဘာစီလိုနာအသင်းမှာ ဆက်နေမလား ၊ ဒါမှမဟုတ် ပီအက်စ်ဂျီအသင်းဆီပဲ ပြောင်းသွားမလား ဆိုတာကို ဆက်လက် စောင့်ကြည့်သွားရမှာပါ။

 

Zawgyi Version

ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းကမွ အသင္းကေန ထြက္ခြာခြင့္ ျပဳထားတဲ့ လီယြန္နယ္ မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ျပန္လည္ ႀကိဳးစားေနပါတယ္။

ဘာစီလိုနာအသင္းဟာ မက္ဆီကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ထြက္ခြာခြင့္ ေပးခဲ့ၿပီးေနာက္ အသင္းရဲ႕ တန္ဖိုးဟာ ယူရို ၂၀၀သန္းေလာက္ ေလ်ာ့က်သြားသလို ယခုႏွစ္အတြက္ ဝင္ေငြပိုင္းမွာလည္း ယူရို ၃၀၀သန္းေလာက္ နစ္နာဆုံးရႈံးဖို႔ ရွိေနတာေၾကာင့္ မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဖို႔ ႀကိဳးစားလာတာပဲ ျဖစ္ပါတယ္။

တဖက္မွာလည္း လာလီဂါအဖြဲ႕ခ်ဳပ္ဟာ လာလီဂါၿပိဳင္ပြဲအေပၚ ပရိသတ္ေတြ စိတ္ဝင္စားမႈ ေလ်ာ့နည္းသြားမွာကို စိုးရိမ္တာေၾကာင့္ ဘာစီလိုနာအသင္း အေနနဲ႕ မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ဖို႔ လိုအပ္တဲ့ စည္းမ်ဥ္းပိုင္းဆိုင္ရာ ေျဖေလ်ာ့မႈေတြကို လုပ္ေဆာင္ဖို႔ ျပင္ဆင္ေနပါတယ္။

ဒါေပမယ့္ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ေနၿပီး မက္ဆီရဲ႕ ဖခင္ျဖစ္သူ ေဂ်ာ့စ္မက္ဆီနဲ႕ ေရွ႕ေနအဖြဲ႕ဟာ ပီအက္စ္ဂ်ီအသင္းနဲ႕ ေနာက္ဆုံးအဆင့္ ေဆြးေႏြးမႈေတြကို ျပဳလုပ္ေနပါတယ္။

ဒါေၾကာင့္ ဘာစီလိုနာအသင္းဟာ မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ဖို႔ အခြင့္အေရး နည္းပါးေနၿပီး မက္ဆီကလဲ သူ႕အေပၚ ဖုံးကြယ္မႈေတြ လုပ္ခဲ့တဲ့ လာေပၚတာနဲ႕ ဘာစီလိုနာ ဘုတ္အဖြဲ႕ကို အယုံအၾကည္ မရွိေတာ့ေၾကာင္း သိရပါတယ္။

ဒါေပမယ့္ ဘာမဆို ျဖစ္လာနိုင္တဲ့ ေဘာလုံးေလာကရဲ႕ သေဘာတရားအတိုင္း မက္ဆီ တေယာက္ ဘာစီလိုနာအသင္းမွာ ဆက္ေနမလား ၊ ဒါမွမဟုတ္ ပီအက္စ္ဂ်ီအသင္းဆီပဲ ေျပာင္းသြားမလား ဆိုတာကို ဆက္လက္ ေစာင့္ၾကည့္သြားရမွာပါ။