Spots news

မန်ချက်စတာ ကွာရန်တင်းမှာ ဘောလုံးစကေးပြနေခဲ့တဲ့ နောက်ခံလူသစ် ဗာရန်း

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံ ကစားသမားသစ် ရာဖေးလ် ဗာရန်းဟာ လက်ရှိ မန်ချက်စတာမြို့မှာ သီးသန့်နေထိုင်လျက်ရှိပြီး ယူနိုက်တက်ထံ ပြောင်းရွေ့မှု အပြီးမသတ်ခင် ဆေးစစ်ချက်ရယူဖို့သာ လိုအပ်ပါတော့တယ်။

ရာသီကြိုခြေစမ်းပွဲ အဖြစ် အဲဗာတန်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာလည်း အိုလေ ဂန်းနား ဆိုးရှားက အသက် (၂၈) နှစ် အရွယ် ကစားသမားရဲ့ ဗြိတိန်ကို ရောက်ရှိမှုဟာ ဗီဇာပြဿနာအချို့ကြောင့် နောက်ကျခဲ့ရတယ်လို့ အင်တာဗျူးမှာ ‌ဖြေဆိုခဲ့ပါတယ်

အခုတော့ နောက်ခံလူ ဗာရန်းက ယခုအပတ်အတွင်း မန်ချက်စတာမြို့ကို ရောက်ရှိလာပြီး နောက်ခံလူသစ်ဟာ ယူနိုက်တက်ရဲ့ နောက်ဆုံးရာသီကြိုပွဲစဉ်ကို လွဲချော်ခဲ့ပေမယ့် ကွာရန်တင်းနေထိုင်ရာကနေ ယူနိုက်တက်ကို အားပေးနေတဲ့ ဓာတ်ပုံကို မျှဝေထားတာ မြင်တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် ယူနိုက်တက် နောက်ခံလူသစ် ဗာရန်းက သူ့ရဲ့ လူမှုကွန်ယက်မှတစ်ဆင့် ဘောလုံးစကေးပြသနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို “ ကွာရန်တင်း လေ့ကျင့်မှု” ဟု ရေးသားကာ သူ့ကိုစောင့်မျှော်နေတဲ့ ယူနိုက်တက်ပရိသတ်တွေအတွက် မျှဝေခဲ့တာတွေ့ရပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ေနာက္ခံ ကစားသမားသစ္ ရာေဖးလ္ ဗာရန္းဟာ လက္ရွိ မန္ခ်က္စတာၿမိဳ႕မွာ သီးသန႔္ေနထိုင္လ်က္ရွိၿပီး ယူနိုက္တက္ထံ ေျပာင္းေ႐ြ႕မႈ အၿပီးမသတ္ခင္ ေဆးစစ္ခ်က္ရယူဖို႔သာ လိုအပ္ပါေတာ့တယ္။

ရာသီႀကိဳေျခစမ္းပြဲ အျဖစ္ အဲဗာတန္အသင္းကို အနိုင္ရခဲ့တဲ့ ပြဲစဥ္အၿပီးမွာလည္း အိုေလ ဂန္းနား ဆိုးရွားက အသက္ (၂၈) ႏွစ္ အ႐ြယ္ ကစားသမားရဲ႕ ၿဗိတိန္ကို ေရာက္ရွိမႈဟာ ဗီဇာျပႆနာအခ်ိဳ႕ေၾကာင့္ ေနာက္က်ခဲ့ရတယ္လို႔ အင္တာဗ်ဴးမွာ ‌ေျဖဆိုခဲ့ပါတယ္

အခုေတာ့ ေနာက္ခံလူ ဗာရန္းက ယခုအပတ္အတြင္း မန္ခ်က္စတာၿမိဳ႕ကို ေရာက္ရွိလာၿပီး ေနာက္ခံလူသစ္ဟာ ယူနိုက္တက္ရဲ႕ ေနာက္ဆုံးရာသီႀကိဳပြဲစဥ္ကို လြဲေခ်ာ္ခဲ့ေပမယ့္ ကြာရန္တင္းေနထိုင္ရာကေန ယူနိုက္တက္ကို အားေပးေနတဲ့ ဓာတ္ပုံကို မွ်ေဝထားတာ ျမင္ေတြ႕ခဲ့ရပါတယ္။

ဒါ့အျပင္ ယူနိုက္တက္ ေနာက္ခံလူသစ္ ဗာရန္းက သူ႕ရဲ႕ လူမႈကြန္ယက္မွတစ္ဆင့္ ေဘာလုံးစေကးျပသေနတဲ့ ဗီဒီယိုဖိုင္တစ္ခုကို “ ကြာရန္တင္း ေလ့က်င့္မႈ” ဟု ေရးသားကာ သူ႕ကိုေစာင့္ေမွ်ာ္ေနတဲ့ ယူနိုက္တက္ပရိသတ္ေတြအတြက္ မွ်ေဝခဲ့တာေတြ႕ရပါတယ္။