Spots news

နေမာ နဲ့ ပီအက်စ်ဂျီ ဥက္ကဌတို့ရဲ့ ကြိုးပမ်းမှုကြောင့် မက်ဆီ ပီအက်စ်ဂျီကို ရောက်ပါပြီ

Unicode Version

အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားပါပြီ။

မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၄ခုနှစ် အထိ သက်တမ်း ရှိမယ့် စာချုပ်တရပ် ချုပ်ဆိုဖို့ ရှိသလို စာချုပ်ပါအရ ပီအက်စ်ဂျီအသင်းဘက်က နောက်ထပ် ၁နှစ် သက်တမ်းတိုးပိုင်ခွင့် ရှိပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ တနှစ်ကို အခြေခံ လုပ်ခလစာအဖြစ် အခွန်ဆောင်ပြီး ယူရို ၂၅သန်း ရရှိမှာ ဖြစ်သလို အပိုဆုကြေးတွေကိုပါ ပေါင်းလိုက်ရင်တော့ တနှစ်ကို အခွန်ဆောင်ပြီး ယူရို ၃၅သန်း ဝန်းကျင် ရရှိနိုင်ပါတယ်။

ဒါပေမယ့် အဆိုပါ လုပ်ခလစာဟာ မက်ဆီတယောက် ဘာစီလိုနာအသင်းမှာ ရရှိနေတဲ့ လုပ်ခလစာထက် အတော်လေးကို နည်းပါးပါတယ်။

ပီအက်စ်ဂျီအသင်းထံ မက်ဆီ ပြောင်းရွှေ့လာဖို့ ပီအက်စ်ဂျီအသင်း ဥက္ကဌ အယ်ခါလိုင်ဖီ ၊ အားကစားဒါရိုက်တာ လီယိုနာဒိုနဲ့ မက်ဆီရဲ့ အသင်းဖော်ဟောင်း နေမာတို့ဟာ လွန်ခဲ့တဲ့ ၅ရက်လုံးလုံး မနားမနေ ကြိုးစားခဲ့ပါတယ်။

လက်ရှိမှာတော့ စာချုပ်ကိစ္စ သဘောတူညီမှု ရရှိခဲ့တာကြောင့် မက်ဆီဟာ ဘာစီလိုနာမြို့ကနေ ပီအက်စ်ဂျီအသင်း အခြေစိုက်ရာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆီကို သွားရောက်တော့မှာပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို ဆေးစစ်မှုတွေ လုပ်ဆောင်တော့မှာ မဟုတ်ပဲ မက်ဆီ ရောက်ရှိလာတာနဲ့ ကစားသမားသစ် အဖြစ် ကြေညာဖို့ စီစဉ်ထားပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို ခေါ်ယူနိုင်ကြောင်း တရားဝင် ကြေညာမယ့် အချိန်မှာ ပဲရစ်မြို့ရဲ့ အထင်ကရ အီဖယ်တာဝါမှာလည်း မက်ဆီရဲ့ ဓာတ်ပုံနဲ့ အာဂျင်တီးနားအလံတို့ကို ချိတ်ဆွဲကာ အလှဆင် ပြသဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

Zawgyi Version

အာဂ်င္တီးနား အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီဟာ ျပင္သစ္ အင္အားႀကီးကလပ္ ပီအက္စ္ဂ်ီအသင္းထံ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈ ရရွိသြားပါၿပီ။

မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းနဲ႕ ၂၀၂၄ခုႏွစ္ အထိ သက္တမ္း ရွိမယ့္ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုဖို႔ ရွိသလို စာခ်ဳပ္ပါအရ ပီအက္စ္ဂ်ီအသင္းဘက္က ေနာက္ထပ္ ၁ႏွစ္ သက္တမ္းတိုးပိုင္ခြင့္ ရွိပါတယ္။

မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းမွာ တႏွစ္ကို အေျခခံ လုပ္ခလစာအျဖစ္ အခြန္ေဆာင္ၿပီး ယူရို ၂၅သန္း ရရွိမွာ ျဖစ္သလို အပိုဆုေၾကးေတြကိုပါ ေပါင္းလိုက္ရင္ေတာ့ တႏွစ္ကို အခြန္ေဆာင္ၿပီး ယူရို ၃၅သန္း ဝန္းက်င္ ရရွိနိုင္ပါတယ္။

ဒါေပမယ့္ အဆိုပါ လုပ္ခလစာဟာ မက္ဆီတေယာက္ ဘာစီလိုနာအသင္းမွာ ရရွိေနတဲ့ လုပ္ခလစာထက္ အေတာ္ေလးကို နည္းပါးပါတယ္။

ပီအက္စ္ဂ်ီအသင္းထံ မက္ဆီ ေျပာင္းေ႐ႊ႕လာဖို႔ ပီအက္စ္ဂ်ီအသင္း ဥကၠဌ အယ္ခါလိုင္ဖီ ၊ အားကစားဒါရိုက္တာ လီယိုနာဒိုနဲ႕ မက္ဆီရဲ႕ အသင္းေဖာ္ေဟာင္း ေနမာတို႔ဟာ လြန္ခဲ့တဲ့ ၅ရက္လုံးလုံး မနားမေန ႀကိဳးစားခဲ့ပါတယ္။

လက္ရွိမွာေတာ့ စာခ်ဳပ္ကိစၥ သေဘာတူညီမႈ ရရွိခဲ့တာေၾကာင့္ မက္ဆီဟာ ဘာစီလိုနာၿမိဳ႕ကေန ပီအက္စ္ဂ်ီအသင္း အေျခစိုက္ရာ ျပင္သစ္နိုင္ငံ ပဲရစ္ၿမိဳ႕ဆီကို သြားေရာက္ေတာ့မွာပဲ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ မက္ဆီကို ေဆးစစ္မႈေတြ လုပ္ေဆာင္ေတာ့မွာ မဟုတ္ပဲ မက္ဆီ ေရာက္ရွိလာတာနဲ႕ ကစားသမားသစ္ အျဖစ္ ေၾကညာဖို႔ စီစဥ္ထားပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ မက္ဆီကို ေခၚယူနိုင္ေၾကာင္း တရားဝင္ ေၾကညာမယ့္ အခ်ိန္မွာ ပဲရစ္ၿမိဳ႕ရဲ႕ အထင္ကရ အီဖယ္တာဝါမွာလည္း မက္ဆီရဲ႕ ဓာတ္ပုံနဲ႕ အာဂ်င္တီးနားအလံတို႔ကို ခ်ိတ္ဆြဲကာ အလွဆင္ ျပသဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။