Spots news

တိုက်စစ် လိုက်နိုင်စွမ်းရည် တိုးတက်ဖို့ ဘစ်ဆာကာကို ကူညီပေးသူတွေ

ဝမ်ဘစ်ဆာကာ လို့ပြောလိုက်တာနဲ့ ယူနိုက်တက်ပရိတ်သတ်တွေရဲ့ အမြင်မှာ ပြိုင်ဘက်တိုက်စစ်မှူးရဲ့ ဘောလုံးကို အသည်းအသန် လိုက်ဖျက်တတ်ပြီး လျှောထိုးဖြတ်ထုတ်တဲ့ နေရာမှာလဲ ကျွမ်းကျင်တဲ့ ညာတောင်ပံ ခံစစ်မှူးလို့ မြင်ကြမှာပဲ ဖြစ်ပါတယ်။

ဘစ်ဆာကာ ဟာ ပရီးမီးယားလိဂ်ရဲ့ ကောင်းပေ့ဆိုတဲ့ တိုက်စစ်မှူးတွေကို ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အသာစီးရ‌လေ့ရှိသူ ဖြစ်ပြီး လူနဲ့ ဘောလုံး တစ်ခုပဲ အကျော်ခံမည် ဆိုတဲ့ ခံစစ်မှူးလဲ ဖြစ်ပါတယ်။

ဘစ်ဆာကာဟာ တိုက်စစ်ကိုလဲ မမောတန်းလိုက်ပါကာ ပြိုင်ဘက်နောက်ခံလူတွေကို လိမ်ခေါက်‌၍ အလုပ်ရှုပ်စေပေမယ့် ပြိုင်ဘက် ဧရိယာထဲ သို့ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံး‌တွေဟာ တိကျမှုမရှိပဲ ဂိုးလွန်ဘော သို့မဟုတ်

တစ်ဖက်အသင်းရဲ့ ခြေထဲသို့သာ ဘောလုံး ရရှိသွားတတ်ပါတယ်။ ဘစ်ဆာကာရဲ့ တိုက်စစ်လိုက်ပါပုံ ဖြတ်တင်ပုံကို ပရိတ်သတ်တွေသာမက အသင်းဖော်တွေပါ စိတ်ပျက်ရလေ့ရှိသူပါ။

သို့ပေမယ့် ယခုနှစ် ၂၀၂၁ ရဲ့ နှစ်အစပွဲစဉ် ဖြစ်တဲ့ အက်စတွန်ဗီလာအသင်းနဲ့ ပွဲစဉ်မှာတော့ ၎င်းဟာ အဆင့်အတန်းကောင်းမွန်တဲ့ ဖြတ်တင်ဘော၊ပေးပို့မှု တစ်ချို့ ကို လုပ်ဆောင်ပြနိုင်ခဲ့ပြီးမာရှယ်အတွက်လည်း ခေါင်းတိုက်သွင်းဂိုး တစ်ဂိုးကို လည်း ဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။

ထိုပွဲစဉ် အပြီး အင်တာဗျူးမှာတော့ ဝမ်ဘစ်ဆာကာက ၎င်း အနေနဲ့ တိုက်စစ် လိုက်ပါမှုမှာ ယုံကြည်မှုရှိစေရန် နည်းပြ ဖြစ်သူ ဆိုလ်းရှား အနေနဲ့ မည်သို့ မည်ပုံညွှန်ကြားထားပြီး ဖြစ်ကြောင်း ကို အောက်ပါအတိုင်း ဖွင့်ဟပြောပြ သွားခဲ့ပါတယ်။

“ နည်းပြ ကရှေ့တန်းကို အပြည့်အ၀ လိုက်ပါ တက်ကစားပြီး ဂိုးဖန်တီးမှု‌တွေ လုပ်ဖို့ လိုအပ်တယ်လို့ ကျွန်တော့်ကို ပြောခဲ့တယ်။ အက်စတွန်ဗီလာနဲ့ ပွဲက ကျွန်တော့်ရဲ့ ဖန်တီးမှု က နည်းပြ ဆိုလ်းရှားနဲ့ အသင်းဖော်တွေရဲ့ အကူအညီတွေ အများကြီးပါဝင်ပါတယ်။

အထူးသဖြင့် အဲရစ် ဘိုင်လီ တစ်ယောက် တကယ်ကိုတာဝန်ကျေပွန်ခဲ့ပါတယ်။သူနာက်မှာရှိနေတာက အသင်းရဲ့ ခံစစ်ကို စိတ်ချနေစေတာမလို့ ကျွန်တော့်အနေနဲ့ ဖိအားမရှိ ဖြတ်တင်ဘောတွေကို ပို့ပေးနိုင်ခဲ့ပါတယ်။

ဘိုင်လီဟာ ‌ခြေစွမ်းအရမ်းကောင်းမွန်ခဲ့ပြီး ကျွန်တော် တို့အားလုံး သူ့ရဲ့ ခြေစွမ်းအတွက် အရမ်းပျော်ရွှင်ရပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။