Spots news

ရာသီအစ အဖွင့်ပွဲကို ဆန်ချိုနဲ့ ဖွင့်မယ့် မန်ချက်စတာ ယူနိုက်တက်

Unicode Version

မန်ယူနိုက်တက်အသင်းရဲ့ ပေါင် ၇၃ သန်းတန် တောင်ပံကစားသမားဂျေဒန်ဆန်ချိုဟာ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ အသင်းသစ် ယူနိုက်တက် နဲ့အတူ

လေ့ကျင့်မှုတွေစတင်ခဲ့တာဖြစ်ပြီး ရာသီအဖွင့်ပွဲဖြစ်တဲ့ လိဒ်နဲ့ပွဲကို ပါဝင်ကစားနိုင်ဖွယ် ရှိတယ်လို့ ယူနိုက်တက်တရားဝင် အွန်လိုင်း စာမျက်နှာကနေ ဖော်ပြထားပါတယ်။

ယခု နွေရာသီ အပြောင်းအရွေ့ ကာလအတွင်းမှာ ဂျာမန်ကလပ် ဒေါ့မွန်ကနေ ခေါ်ယူထားတဲ့ ဆန်ချိုဟာ ယူရိုမှာ အင်္ဂလန် အသင်းနဲ့အတူ ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲအပြီး အသင်းနဲ့ လာရောက်မပူးပေါင်း အားလပ်ရက် အနားယူနေခဲ့တာလည်းဖြစ်ပါတယ်။

အခုတော့ အသင်းနဲ့ အတူ လူရောက်ပူးပေါင်းခဲ့ပြီး ယူနိုက်တက် လေ့ကျင့်ရေးကွင်းမှာ ဆန်ချိုကို ပျော်ပျော်ရွှင်ရွှင်နဲ့ မြင်တွေ့ခဲ့ရပြီး သူ့ခြေစွမ်းကို မြင်ရတော့ဖို့တော့ ပရိသတ်တွေအနေနဲ့ အနည်းငယ်သာ စောင့်ဆိုင်းရဖွယ် ရှိတော့ကာ ရာသီအဖွင့်ပွဲဖြစ်တဲ့ လိဒ်နဲ့ပွဲကို ပါဝင်ကစားနိုင်ဖွယ် ရှိပါတယ်။

ဆန်ချိုနည်းတူ ယခုနွေရာသီမှာပဲ ရီးရဲလ်မက်ဒရစ်အသင်း ကနေ ခေါ်ယူထားတဲ့ နောက်ခံလူသစ် ဗာရန်းကလည်း မန်ချက်စတာကို ရောက်ရှိနေပြီ ဖြစ်ပြီး ဗြိတိန်စည်းမျဉ်းများအရ ကွာရန်တင်းဝင်နေရတယ်လို့ သိရပါတယ်။

ယခုကွာရန်တင်း ဝင်ရမယ့်ရက် ပြည့်ခဲ့ပြီ ဖြစ်ပြီး ယူနိုက်တက် ကစားသမားသစ် ဗာရန်းဟာ ယနေ့ Covidစစ်ဆေးမှူအပြီး Negative ဖြစ်ခဲ့ပါက ဆေးစစ်မှူဆက်လက်လုပ်ဆောင်သွားမည်​ဖြစ်ပြီး မနက်ဖြန် တွင်အပြောင်းအရွေအတွက် တရားဝင် ကြေညာသွားမှာ ဖြစ်ပါတယ်။

 

ယူနိုက်တက်အနေနဲ့ လိဒ်ယူနိုက်တက်နဲ့ ပရီးမီးယားလိပ် အဖွင့်ပွဲမှာ အဲဗာတန်နဲ့ ခြေစမ်းပွဲ တုန်းကအတိုင်း မူလကစားသမားတွေနဲ့သာ ပွဲထွက်လာဖွယ် ရှိပြီး ဆန်ချိုအနေနဲ့တော့ လူစားဝင်ကစားသမားအဖြစ် ပါဝင်လာမှဖြစ်သလို ဗာရန်းကတော့ အနည်းငယ် ထပ်မံနောက်ကျနေဦးမှာဖြစ်ပါတယ်။

Zawgyi Version

မန္ယူနိုက္တက္အသင္းရဲ႕ ေပါင္ ၇၃ သန္းတန္ ေတာင္ပံကစားသမားေဂ်ဒန္ဆန္ခ်ိဳဟာ ကာရင္တန္ ေလ့က်င့္ေရးကြင္းမွာ အသင္းသစ္ ယူနိုက္တက္ နဲ႕အတူ ေလ့က်င့္မႈေတြစတင္ခဲ့တာျဖစ္ၿပီး ရာသီအဖြင့္ပြဲျဖစ္တဲ့ လိဒ္နဲ႕ပြဲကို ပါဝင္ကစားနိုင္ဖြယ္ ရွိတယ္လို႔ ယူနိုက္တက္တရားဝင္ အြန္လိုင္း စာမ်က္ႏွာကေန ေဖာ္ျပထားပါတယ္။

ယခု ေႏြရာသီ အေျပာင္းအေ႐ြ႕ ကာလအတြင္းမွာ ဂ်ာမန္ကလပ္ ေဒါ့မြန္ကေန ေခၚယူထားတဲ့ ဆန္ခ်ိဳဟာ ယူရိုမွာ အဂၤလန္ အသင္းနဲ႕အတူ ပါဝင္ကစားခဲ့ၿပီး ၿပိဳင္ပြဲအၿပီး အသင္းနဲ႕ လာေရာက္မပူးေပါင္း အားလပ္ရက္ အနားယူေနခဲ့တာလည္းျဖစ္ပါတယ္။

အခုေတာ့ အသင္းနဲ႕ အတူ လူေရာက္ပူးေပါင္းခဲ့ၿပီး ယူနိုက္တက္ ေလ့က်င့္ေရးကြင္းမွာ ဆန္ခ်ိဳကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ ျမင္ေတြ႕ခဲ့ရၿပီး သူ႕ေျခစြမ္းကို ျမင္ရေတာ့ဖို႔ေတာ့ ပရိသတ္ေတြအေနနဲ႕ အနည္းငယ္သာ ေစာင့္ဆိုင္းရဖြယ္ ရွိေတာ့ကာ ရာသီအဖြင့္ပြဲျဖစ္တဲ့ လိဒ္နဲ႕ပြဲကို ပါဝင္ကစားနိုင္ဖြယ္ ရွိပါတယ္။

ဆန္ခ်ိဳနည္းတူ ယခုေႏြရာသီမွာပဲ ရီးရဲလ္မက္ဒရစ္အသင္း ကေန ေခၚယူထားတဲ့ ေနာက္ခံလူသစ္ ဗာရန္းကလည္း မန္ခ်က္စတာကို ေရာက္ရွိေနၿပီ ျဖစ္ၿပီး ၿဗိတိန္စည္းမ်ဥ္းမ်ားအရ ကြာရန္တင္းဝင္ေနရတယ္လို႔ သိရပါတယ္။

ယခုကြာရန္တင္း ဝင္ရမယ့္ရက္ ျပည့္ခဲ့ၿပီ ျဖစ္ၿပီး ယူနိုက္တက္ ကစားသမားသစ္ ဗာရန္းဟာ ယေန႕ Covidစစ္ေဆးမႉအၿပီး Negative ျဖစ္ခဲ့ပါက ေဆးစစ္မႉဆက္လက္လုပ္ေဆာင္သြားမည္​ျဖစ္ၿပီး မနက္ျဖန္ တြင္အေျပာင္းအေ႐ြအတြက္ တရားဝင္ ေၾကညာသြားမွာ ျဖစ္ပါတယ္။

ယူနိုက္တက္အေနနဲ႕ လိဒ္ယူနိုက္တက္နဲ႕ ပရီးမီးယားလိပ္ အဖြင့္ပြဲမွာ အဲဗာတန္နဲ႕ ေျခစမ္းပြဲ တုန္းကအတိုင္း မူလကစားသမားေတြနဲ႕သာ ပြဲထြက္လာဖြယ္ ရွိၿပီး ဆန္ခ်ိဳအေနနဲ႕ေတာ့ လူစားဝင္ကစားသမားအျဖစ္ ပါဝင္လာမွျဖစ္သလို ဗာရန္းကေတာ့ အနည္းငယ္ ထပ္မံေနာက္က်ေနဦးမွာျဖစ္ပါတယ္။