Spots news

ချန်ပီယံလိဂ်အုပ်စု မဲခွဲရာမှာ မန်ယူနိုက်တက်တွေ့ဆုံနိုင်တဲ့အသင်းများ

Unicode Version

မန်ချက်စတာ ယူနိုက်တက်ဟာ ယူအီးအက်ဖ်အေ ဥရောပ ချန်ပီယံလိဂ်ကို ၂ ရာသီဆက်ကစားခွင့်ရမှာဖြစ်ပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဗီလာရီးရဲကို ရှုံးနိမ့်ခဲ့တာကအုပ်စုမဲခွဲရာမှာ အခြေအနေ ကောင်းသွားစေနိုင်ပါတယ်။

သရဲနီတို့ဟာ မေလမှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဗီလာရီးရဲကို ပင်နယ်တီအဆုံးအဖြတ် အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲပွဲမှာ မဲအိုး နံပါတ် ( ၂ )နေရာရရှိမှာဖြစ်ပြီး ယူရိုပါလိဂ်ချန်ပီယံ ဗီလာရီးရဲအသင်းကတော့ မဲအိုးနံပါတ်( ၁ )ထဲကျရောက်သွားခဲ့ပါတယ်။

ဒါကြောင့် အိုလေ ဂန်းနား ဆိုးရှားအနေနဲ့ အသင်းကြီးအများစုကိုအုပ်စုအဆင့်မှာ ရှောင်လွဲနိုင်မှာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်၊ ဘာစီလိုနာ ၊ ဂျူဗင်တပ် ၊ပီအက်စ်ဂျီ ၊ ဆီဗီလာ ၊ ဒေါ့မွန် နှင့် လီဗာပူးအသင်းတွေက မဲအိုး ( ၂ ) ထဲမှာ ရှိနေတာကြောင့် ယူနိုက်တက်ဟာ သူတို့နဲ့ တစ်အုပ်စုတည်း ကျရောက်မှာ မဟုတ်ပါဘူး။

မဲအိုး ( ၁ ) ထဲမှာရှိတဲ့ မန်စီးတီး နှင့် ချဲလ်ဆီးတို့ကလည်း အင်္ဂလန်ကလပ်တွေဖြစ်တာကြောင့် အုပ်စုအဆင့်မှာ ယူနိုက်တက်နဲ့ တွေ့ဆုံမှာ မဟုတ်ပါဘူး ။

မဲအိုး ( ၁ ) ထဲမှ ယူနိုက်တက်တွေ့ဆုံနိုင်တဲ့အသင်းတွေကတော့ ဗီလာရီးရဲ၊အက်သလက်တီကို ၊ အင်တာမီလန် ၊ ဘိုင်ယန်မြူးနစ် ၊ စပို့တင်း နှင့် လိုင်လီတို့ဖြစ်ပါတယ်။ ပေါ်တို ၊ အိုင်းယက်စ် ၊ လိုက်ဇစ် ၊အတ္တလန္တာ နှင့် ဇင်းနစ်တို့ကတော့

မဲအိုး ( ၃ ) မှာ ရှိနေပြီး အေစီမီလန် ၊ ဝုစ်ဗတ် ၊ ဒိုင်နမိုကိဗ် ၊ ဘက်ဆီးတပ် နှင့်ဘရုဂျက်တို့ကတော့ ယခုလနှောင်းပိုင်း ချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်တွေပြီးမှသာဘယ်မဲအိုးထဲ ကျရောက်မယ်ဆိုတာ သိရှိမှာဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ဟာ ယူအီးအက္ဖ္ေအ ဥေရာပ ခ်န္ပီယံလိဂ္ကို ၂ ရာသီဆက္ကစားခြင့္ရမွာျဖစ္ၿပီး ယူရိုပါလိဂ္ ဗိုလ္လုပြဲမွာ ဗီလာရီးရဲကို ရႈံးနိမ့္ခဲ့တာကအုပ္စုမဲခြဲရာမွာ အေျခအေန ေကာင္းသြားေစနိုင္ပါတယ္။

သရဲနီတို႔ဟာ ေမလမွာ ကစားခဲ့တဲ့ပြဲစဥ္အတြင္း ဗီလာရီးရဲကို ပင္နယ္တီအဆုံးအျဖတ္ အေရးနိမ့္ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ မဲခြဲပြဲမွာ မဲအိုး နံပါတ္ ( ၂ )ေနရာရရွိမွာျဖစ္ၿပီး ယူရိုပါလိဂ္ခ်န္ပီယံ ဗီလာရီးရဲအသင္းကေတာ့ မဲအိုးနံပါတ္( ၁ )ထဲက်ေရာက္သြားခဲ့ပါတယ္။

ဒါေၾကာင့္ အိုေလ ဂန္းနား ဆိုးရွားအေနနဲ႕ အသင္းႀကီးအမ်ားစုကိုအုပ္စုအဆင့္မွာ ေရွာင္လြဲနိုင္မွာျဖစ္ပါတယ္။ ရီးရဲမက္ဒရစ္၊ ဘာစီလိုနာ ၊ ဂ်ဴဗင္တပ္ ၊ပီအက္စ္ဂ်ီ ၊ ဆီဗီလာ ၊ ေဒါ့မြန္ ႏွင့္ လီဗာပူးအသင္းေတြက မဲအိုး ( ၂ ) ထဲမွာ ရွိေနတာေၾကာင့္ ယူနိုက္တက္ဟာ သူတို႔နဲ႕ တစ္အုပ္စုတည္း က်ေရာက္မွာ မဟုတ္ပါဘူး။

မဲအိုး ( ၁ ) ထဲမွာရွိတဲ့ မန္စီးတီး ႏွင့္ ခ်ဲလ္ဆီးတို႔ကလည္း အဂၤလန္ကလပ္ေတြျဖစ္တာေၾကာင့္ အုပ္စုအဆင့္မွာ ယူနိုက္တက္နဲ႕ ေတြ႕ဆုံမွာ မဟုတ္ပါဘူး ။

မဲအိုး ( ၁ ) ထဲမွ ယူနိုက္တက္ေတြ႕ဆုံနိုင္တဲ့အသင္းေတြကေတာ့ ဗီလာရီးရဲ၊အက္သလက္တီကို ၊ အင္တာမီလန္ ၊ ဘိုင္ယန္ျမဴးနစ္ ၊ စပို႔တင္း ႏွင့္ လိုင္လီတို႔ျဖစ္ပါတယ္။ ေပၚတို ၊ အိုင္းယက္စ္ ၊ လိုက္ဇစ္ ၊အတၱလႏၲာ ႏွင့္ ဇင္းနစ္တို႔ကေတာ့

မဲအိုး ( ၃ ) မွာ ရွိေနၿပီး ေအစီမီလန္ ၊ ဝုစ္ဗတ္ ၊ ဒိုင္နမိုကိဗ္ ၊ ဘက္ဆီးတပ္ ႏွင့္ဘ႐ုဂ်က္တို႔ကေတာ့ ယခုလေႏွာင္းပိုင္း ခ်န္ပီယံလိဂ္ ေျခစစ္ပြဲစဥ္ေတြၿပီးမွသာဘယ္မဲအိုးထဲ က်ေရာက္မယ္ဆိုတာ သိရွိမွာျဖစ္ပါတယ္။