Spots news

ဆေးစစ်မှုတွေ ပြီးဆုံးပြီး လိဒ်နဲ့ပွဲမှာပါဝင်ဖို့ အသင်းဖော်တွေ‌နဲ့ လေ့ကျင့်ခန်းဆင်းရန် ဗာရန်းတောင်းဆို

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းထံ ပြောင်းရွှေ့လာဖို့ သဘောတူညီမှု ရရှိထားတဲ့ ပြင်သစ် နောက်ခံလူ ဗာရန်းကို ယနေ့ မနက်အစောပိုင်းမှာပဲ ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ဗာရန်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ဆေးစစ်မှုဟာ ယနေ့ နေ့လယ်ပိုင်းမှာ ပြီးဆုံးဖွယ် ရှိပြီး ဗာရန်းရဲ့ အပြောင်းအရွှေ့ အတွက် တရား​ဝင် ကြေညာမှုကိုတော့ ယနေ့ ညပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဗာရန်းဟာ ဆေးစစ်မှု ပြီးဆုံးတာနဲ့ သူ့ရဲ့ အသင်းဖော်သစ်တွေနဲ့ အတူ လေ့ကျင့်ခန်းဆင်းခွင့် တောင်းဆိုထားပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ရာသီအဖွင့်ပွဲ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လိဒ်ယူနိုက်တို့ရဲ့ ပွဲစဉ်မှာ ပါဝင် ကစားနိုင်ဖို့ ကြိုးစား လေ့ကျင့်ချင်နေပါတယ်။

 

ဗာရန်းဟာ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်မှာ ၁၀ နှစ်ကြာကစားခဲ့တဲ့ အတွေ့အကြုံရှိသူ ဖြစ်သလို စပိန်ထိပ်သီး နောက်ခံလူရာမို့စ်နဲ့ တွဲဖက်ကစားခဲ့တာဖြစ်ပါတယ်။

ပွဲပေါင်း ၂၆၀ ကျော် ကစားပေးခဲ့ပြီး ၁၇ ဂိုးသွင်းယူပေးခဲ့ကာ လာလီဂါဖလား ၃ လုံး၊ ချန်ပီယံလိဂ်ဖလား ၄ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြင်သစ်နဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့သူလဲ ဖြစ်ပါတယ်။

 

ဆက်စပ်သတင်းတွေအရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခု နွေဈေးကွက် မပိတ်သိမ်းမီ ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ စီစဉ်နေပြီး ကာမာဗင်ဂါ ၊ နီဗက်နဲ့ ဆာအူလ်တို့ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပစ်မှတ် ကစားသမားစာရင်းမှာ ပါဝင်နေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသင္းထံ ေျပာင္းေ႐ႊ႕လာဖို႔ သေဘာတူညီမႈ ရရွိထားတဲ့ ျပင္သစ္ ေနာက္ခံလူ ဗာရန္းကို ယေန႕ မနက္အေစာပိုင္းမွာပဲ ေဆးစစ္မႈေတြ လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။

ဗာရန္းနဲ႕ မန္ခ်က္စတာ ယူနိုက္တက္အသင္းတို႔ရဲ႕ ေဆးစစ္မႈဟာ ယေန႕ ေန႕လယ္ပိုင္းမွာ ၿပီးဆုံးဖြယ္ ရွိၿပီး ဗာရန္းရဲ႕ အေျပာင္းအေ႐ႊ႕ အတြက္ တရား​ဝင္ ေၾကညာမႈကိုေတာ့ ယေန႕ ညပိုင္းမွာ ျပဳလုပ္ဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။

ဗာရန္းဟာ ေဆးစစ္မႈ ၿပီးဆုံးတာနဲ႕ သူ႕ရဲ႕ အသင္းေဖာ္သစ္ေတြနဲ႕ အတူ ေလ့က်င့္ခန္းဆင္းခြင့္ ေတာင္းဆိုထားၿပီး မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ရာသီအဖြင့္ပြဲ ျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ လိဒ္ယူနိုက္တို႔ရဲ႕ ပြဲစဥ္မွာ ပါဝင္ ကစားနိုင္ဖို႔ ႀကိဳးစား ေလ့က်င့္ခ်င္ေနပါတယ္။

ဗာရန္းဟာ စပိန္ထိပ္သီးကလပ္ ရီးရဲလ္မက္ဒရစ္မွာ ၁၀ ႏွစ္ၾကာကစားခဲ့တဲ့ အေတြ႕အႀကဳံရွိသူ ျဖစ္သလို စပိန္ထိပ္သီး ေနာက္ခံလူရာမို႔စ္နဲ႕ တြဲဖက္ကစားခဲ့တာျဖစ္ပါတယ္။

ပြဲေပါင္း ၂၆၀ ေက်ာ္ ကစားေပးခဲ့ၿပီး ၁၇ ဂိုးသြင္းယူေပးခဲ့ကာ လာလီဂါဖလား ၃ လုံး၊ ခ်န္ပီယံလိဂ္ဖလား ၄ လုံးအထိ ဆြတ္ခူးနိုင္ခဲ့ပါတယ္။ ျပင္သစ္နဲ႕အတူ ၂၀၁၈ ကမာၻ႔ဖလားကို ဆြတ္ခူးနိုင္ခဲ့သူလဲ ျဖစ္ပါတယ္။

ဆက္စပ္သတင္းေတြအရ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ယခု ေႏြေဈးကြက္ မပိတ္သိမ္းမီ ကြင္းလယ္လူ တဦးကို ေခၚယူဖို႔ စီစဥ္ေနၿပီး ကာမာဗင္ဂါ ၊ နီဗက္နဲ႕ ဆာအူလ္တို႔ဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ပစ္မွတ္ ကစားသမားစာရင္းမွာ ပါဝင္ေနပါတယ္။