Spots news

ဒက်ကလန်ရိုက် အတွက်မန်ယူနဲ့ ချယ်လ်ဆီး မ‌ပေးချင်တဲ့ ဈေးကို ဝက်စ်ဟမ်းသတ်မှတ်

Unicode Version

ဝက်စ်ဟမ်းအသင်းရဲ့ အင်္ဂလန်ကွင်းလယ်ခံစစ်ကစားသမား ဒက်ကလန်ရိုက်ဟာ ကလပ် အသင်းက သူ့ရဲ့ပြောင်းရွှေ့ကြေးတန်ဖိုးကို ပေါင်သန်း ၉၀ ဟု သတ်မှတ်လိုက်ပြီးနောက် ယခုရာသီမှာ ဝက်စ်ဟမ်းအသင်းမှာပဲ ဆက်နေရ ဖွယ်ရှိကြောင်း သိရပါတယ်။

အသက် ၂၂ နှစ်အရွယ်သာ ဒက်ကလန်ရိုက်ဟာ အင်္ဂလန်လက်ရွေးစင်အဖြစ် ရွေးချယ်ခံရပြီး ပရီးမီးယားလိဂ် ထိပ်သီးကလပ် များရဲ့ ပစ်မှတ်ကစားသမား ဖြစ်လာကာ ချယ်လ်ဆီး၊ မန်ယူနှင့် မန်စီးတီးအသင်းတို့ရဲ့ အဓိက ပစ်မှတ်ထားခြင်းကို ခံနေရသူ ဖြစ်ပါတယ်။

ဒက်ကလန်ရိုက်ကလဲ ဝက်စ်ဟမ်းမှ ထွက်ခွာပြီး ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့်ရသတဲ့ အသင်းတစ်သင်းထံ ပြောင်းရွှေ့ရန် လိုလားနေပေမယ့် ဝက်စ်ဟမ်းအသင်းက ပြောင်းရွှေ့ကြေး တန်ဖိုးကို

ပေါင်သန်း ၉၀ ဟု သတ်မှတ်ခဲ့ရာ အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ဖွယ် မရှိတော့ပဲ ယခုရာသီမှာလဲ ဝက်စ်ဟမ်းမှာသာ ဆက်နေရဖွယ် ရှိပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ဒက်ကလန်ရိုက်ကို ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး နောက်တစ်နှစ်သက်တမ်း တိုးနိုင်သည့် သဘောတူညီမှုလည်း ရယူထားခြင်းကြောင့် အလွယ်တကူလက်လွှတ်လို ခြင်းမရှိပဲ တန်ဖိုးမြင့်မားစွာ သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

သို့ပေမယ့် ယခုနွေရာသီအတွင်း ဝက်စ်ဟမ်းအသင်းရဲ့ သက်တမ်းတိုး စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းမှုနှစ်ကြိမ်ကို ဒက်ကလန်ရိုက်က ငြင်းပယ်ထားပြီး ယခုနှစ် နွေရာသီမှာ အသင်းပြောင်းရွှေ့ရန်သာ လိုလားနေကြောင်း သိရပါတယ်။

ဒက်ကလန်ရိုက်က ”ကစားသမားတိုင်း ထိပ်တန်းအသင်းမှာ၊ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရတဲ့အသင်းမှာ ကစားချင်ကြမှာပါပဲ။ ဒီလိုမျိုး ဆန္ဒမရှိဘူးဆိုရင် ဘောလုံးကစားရတာ ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ပါဘူး”ဟု ပြောကြားခဲ့ ပါတယ်။

ထို့ကြောင့် လာမည့်ရာသီမှာ ဝက်စ်ဟမ်းအသင်းတွင်ဆက်နေဖွယ် ရှိသော်လဲ နောက်နှစ်နွေရာသီတွင် သေချာပေါက် အသင်းပြောင်းရွှေ့ရန် ရည်ရွယ်နေပါတယ်။ ဒက်ကလန်ရိုက်ကို ခေါ်ယူရန် စိတ်ဝင်စား‌နေတဲ့ အသင်းများက ပေါင်သန်း ၆၀ ဝန်းကျင်သာ ပေးချေလိုနေပါတယ်။

Zawgyi Version

ဝက္စ္ဟမ္းအသင္းရဲ႕ အဂၤလန္ကြင္းလယ္ခံစစ္ကစားသမား ဒက္ကလန္ရိုက္ဟာ ကလပ္ အသင္းက သူ႕ရဲ႕ေျပာင္းေ႐ႊ႕ေၾကးတန္ဖိုးကို ေပါင္သန္း ၉၀ ဟု သတ္မွတ္လိုက္ၿပီးေနာက္ ယခုရာသီမွာ ဝက္စ္ဟမ္းအသင္းမွာပဲ ဆက္ေနရ ဖြယ္ရွိေၾကာင္း သိရပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္သာ ဒက္ကလန္ရိုက္ဟာ အဂၤလန္လက္ေ႐ြးစင္အျဖစ္ ေ႐ြးခ်ယ္ခံရၿပီး ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ မ်ားရဲ႕ ပစ္မွတ္ကစားသမား ျဖစ္လာကာ ခ်ယ္လ္ဆီး၊ မန္ယူႏွင့္ မန္စီးတီးအသင္းတို႔ရဲ႕ အဓိက ပစ္မွတ္ထားျခင္းကို ခံေနရသူ ျဖစ္ပါတယ္။

ဒက္ကလန္ရိုက္ကလဲ ဝက္စ္ဟမ္းမွ ထြက္ခြာၿပီး ခ်န္ပီယံလိဂ္ ယွဥ္ၿပိဳင္ခြင့္ရသတဲ့ အသင္းတစ္သင္းထံ ေျပာင္းေ႐ႊ႕ရန္ လိုလားေနေပမယ့္ ဝက္စ္ဟမ္းအသင္းက ေျပာင္းေ႐ႊ႕ေၾကး တန္ဖိုးကို

ေပါင္သန္း ၉၀ ဟု သတ္မွတ္ခဲ့ရာ အေျပာင္းအေ႐ႊ႕ ျဖစ္ေျမာက္နိုင္ဖြယ္ မရွိေတာ့ပဲ ယခုရာသီမွာလဲ ဝက္စ္ဟမ္းမွာသာ ဆက္ေနရဖြယ္ ရွိပါတယ္။

ဝက္စ္ဟမ္းအသင္းဟာ ဒက္ကလန္ရိုက္ကို ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး ေနာက္တစ္ႏွစ္သက္တမ္း တိုးနိုင္သည့္ သေဘာတူညီမႈလည္း ရယူထားျခင္းေၾကာင့္ အလြယ္တကူလက္လႊတ္လို ျခင္းမရွိပဲ တန္ဖိုးျမင့္မားစြာ သတ္မွတ္ခဲ့ျခင္း ျဖစ္ပါတယ္။

သို႔ေပမယ့္ ယခုေႏြရာသီအတြင္း ဝက္စ္ဟမ္းအသင္းရဲ႕ သက္တမ္းတိုး စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ကမ္းလွမ္းမႈႏွစ္ႀကိမ္ကို ဒက္ကလန္ရိုက္က ျငင္းပယ္ထားၿပီး ယခုႏွစ္ ေႏြရာသီမွာ အသင္းေျပာင္းေ႐ႊ႕ရန္သာ လိုလားေနေၾကာင္း သိရပါတယ္။

ဒက္ကလန္ရိုက္က ”ကစားသမားတိုင္း ထိပ္တန္းအသင္းမွာ၊ ခ်န္ပီယံလိဂ္ယွဥ္ၿပိဳင္ခြင့္ရတဲ့အသင္းမွာ ကစားခ်င္ၾကမွာပါပဲ။ ဒီလိုမ်ိဳး ဆႏၵမရွိဘူးဆိုရင္ ေဘာလုံးကစားရတာ ဘာအဓိပၸာယ္မွ ရွိမွာမဟုတ္ပါဘူး”ဟု ေျပာၾကားခဲ့ ပါတယ္။

ထို႔ေၾကာင့္ လာမည့္ရာသီမွာ ဝက္စ္ဟမ္းအသင္းတြင္ဆက္ေနဖြယ္ ရွိေသာ္လဲ ေနာက္ႏွစ္ေႏြရာသီတြင္ ေသခ်ာေပါက္ အသင္းေျပာင္းေ႐ႊ႕ရန္ ရည္႐ြယ္ေနပါတယ္။ ဒက္ကလန္ရိုက္ကို ေခၚယူရန္ စိတ္ဝင္စား‌ေနတဲ့ အသင္းမ်ားက ေပါင္သန္း ၆၀ ဝန္းက်င္သာ ေပးေခ်လိဳေနပါတယ္။