Spots news

ပေါ့ဘာကို ယခုနွေမှာ မခေါ်တော့ပေမယ့် မန်ယူနဲ့စာချုပ်သစ်မချုပ်ရန် ပီအက်စ်ဂျီ မျှော်လင့်

Unicode Version

လက်ရှိ နွေရာသီ အပြောင်းအရွေ့ ဈေးကွက် အတွင်းမှာ ခြေလှမ်းကြဲကြီး လှမ်းထားတဲ့ ပီအက််စ်ဂျီ အသင်းဟယ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ အားခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ယခုနွေရာသီအပြောင်းအရွေ့မှာ ယူနိုက်တက် ကွင်းလယ် ကစားသမားအား ပေါလ်ပေါ့ဘာ အား ခေါ်ယူတော့မှာ မဟုတ်ကြောင်း သိရပါတယ်။

 

အလွတ်ပြောင်းရွေ့ကြေးဖြင့် ပီအက်စ်ဂျီဟာ နာမည်ကြီး ကစားသမားများ အားဖြည့်ထားပြီး ပေးချေရမည့် လုပ်ခလစာကလဲ မြင့်မားနေတဲ့ အတွက် အသင်းရှိကစားသမား 10 ယောက်ခန့်အား အငှား (သို့မဟုတ်)ရောင်းချမှူများပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။

သို့ပေမယ့် ပီအက်စ်ဂျီ အနေဖြင့် ယခုနွေရာသီမှာ မခေါ်ယူတော့ဘူး ဆိုပေမယ့် ပေါ့ဘာရဲ့ အပြောင်းအရွေ့အား စောင့်ကြည့်နေပြီး အသင်းရဲ့ ပစ်မှတ် ပေါ့ဘာ အနေနဲ့ မန်ချက်စတာ ယူနိုက်တက် နှင့် စာချုပ်သက်တမ်းမတိုးဖို့ မျှော်လင့်နေကြောင်းလဲ သိရပါတယ်။

လတ်တလော သတင်းတွေအရ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာအနေနဲ့ ယူနိုက်တက်ရဲ့ ကစားသမား အပြောင်းအရွေ့ကို သဘောကျ နေသလို ယူနိုက်တက် နည်းပြအဖွဲ့ဝင်များနှင့် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး နည်းပြ အိုလေ မှာလည်း ကစားသမားအပေါ်အကောင်းမြင်မှူများ ရှိနေပါတယ်။

ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာ အနေနဲ့လဲ လက်ရှိ အချိန်မှာ အသက် 28 နှစ်ရှိနေပြီး ကစားသမားဘဝအကောင်းဆုံးအခြေအနေကို ရောက်ရှိနေသည့်အတွက် သူ့ရဲ့ အနာဂတ်ကို အလျင်အမြန် ဆုံးဖြတ်ရန် ဆန္ဒ မရှိကြောင်း သိရပါတယ်။

Zawgyi Version

လက္ရွိ ေႏြရာသီ အေျပာင္းအေ႐ြ႕ ေဈးကြက္ အတြင္းမွာ ေျခလွမ္းႀကဲႀကီး လွမ္းထားတဲ့ ပီအက္္စ္ဂ်ီ အသင္းဟယ ဘာစီလိုနာ တိုက္စစ္မႉး မက္ဆီ အားေခၚယူနိုင္ခဲ့ၿပီ ျဖစ္တဲ့အတြက္ ယခုေႏြရာသီအေျပာင္းအေ႐ြ႕မွာ ယူနိုက္တက္ ကြင္းလယ္ ကစားသမားအား ေပါလ္ေပါ့ဘာ အား ေခၚယူေတာ့မွာ မဟုတ္ေၾကာင္း သိရပါတယ္။

အလြတ္ေျပာင္းေ႐ြ႕ေၾကးျဖင့္ ပီအက္စ္ဂ်ီဟာ နာမည္ႀကီး ကစားသမားမ်ား အားျဖည့္ထားၿပီး ေပးေခ်ရမည့္ လုပ္ခလစာကလဲ ျမင့္မားေနတဲ့ အတြက္ အသင္းရွိကစားသမား 10 ေယာက္ခန့္အား အငွား (သို႔မဟုတ္)ေရာင္းခ်မႉမ်ားျပဳလုပ္ရေတာ့မွာ ျဖစ္ပါတယ္။

သို႔ေပမယ့္ ပီအက္စ္ဂ်ီ အေနျဖင့္ ယခုေႏြရာသီမွာ မေခၚယူေတာ့ဘူး ဆိုေပမယ့္ ေပါ့ဘာရဲ႕ အေျပာင္းအေ႐ြ႕အား ေစာင့္ၾကည့္ေနၿပီး အသင္းရဲ႕ ပစ္မွတ္ ေပါ့ဘာ အေနနဲ႕ မန္ခ်က္စတာ ယူနိုက္တက္ ႏွင့္ စာခ်ဳပ္သက္တမ္းမတိုးဖို႔ ေမွ်ာ္လင့္ေနေၾကာင္းလဲ သိရပါတယ္။

လတ္တေလာ သတင္းေတြအရ ျပင္သစ္လက္ေ႐ြးစင္ ကြင္းလယ္လူ ေပါ့ဘာအေနနဲ႕ ယူနိုက္တက္ရဲ႕ ကစားသမား အေျပာင္းအေ႐ြ႕ကို သေဘာက် ေနသလို ယူနိုက္တက္ နည္းျပအဖြဲ႕ဝင္မ်ားႏွင့္ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိၿပီး နည္းျပ အိုေလ မွာလည္း ကစားသမားအေပၚအေကာင္းျမင္မႉမ်ား ရွိေနပါတယ္။

ကမာၻ႔ဖလား ခ်န္ပီယံ ျပင္သစ္ ကြင္းလယ္လူ ေပါ့ဘာ အေနနဲ႕လဲ လက္ရွိ အခ်ိန္မွာ အသက္ 28 ႏွစ္ရွိေနၿပီး ကစားသမားဘဝအေကာင္းဆုံးအေျခအေနကို ေရာက္ရွိေနသည့္အတြက္ သူ႕ရဲ႕ အနာဂတ္ကို အလ်င္အျမန္ ဆုံးျဖတ္ရန္ ဆႏၵ မရွိေၾကာင္း သိရပါတယ္။