Spots news

လီဗာပူးပရိတ်သတ်တွေ ဝမ်းသာသွားစေမယ့် ကလော့ပ်ရဲ့ စကား

Unicode Version

မကြာသေးခင်က လီဗာပူးလ်အသင်း ရဲ့ အီဂျစ် တိုက်စစ်မှူး တစ်ယောက်ဖြစ်တဲ့ မိုဟာမက် ဆာလက် တစ်ယောက် လီဗာပူးလ် အသင်းမှာ မပျော်မရွှင် ဖြစ်နေသလို လီဗာပူးလ် အသင်းကလည်း သူတို့ရဲ့ ကစားသမား ကို ရောင်းချဖို့အတွက် စီစဉ်နေတယ် လို့ ဆာလက်ရဲ့ နိုင်ငံအသင်းဖော် ဖြစ်သူက ဖွင့်ဟ ထားခဲ့ ပါသေးတယ်။

ထို့အတူပဲ မိုဟာမက် ဆာလက်ရဲ့ လီဗာပူးလ် အသင်းတို့ရဲ့ အနာဂတ် မရေမရာ အကြောင်း အရာတွေဟာ သတင်းစာမျက်နှာတွေမှာ ပျံ့နှံ့သွားခဲ့ပါတယ်။

ဆာလတ် ဟာ လီဗာပူးအသင်းနဲ့ အတူ ချန်ပီယံလိဂ်ဖလား ၊ ပရီးမီးယားလိဂ် ဖလား တို့ကို ရရှိထားသူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ခါနီးမှာ အသင်းဖော် တိုက်စစ်မှူး မာနေးနဲ့ ဆက်ဆံရေး အရ အဆင်မပြေ ဖြစ်ခဲ့သလို လက်ရှိ ဘောလုံးရာသီ မှာလည်း ချန်ပီယံလိဂ်ပွဲ တစ်ပွဲမှာ အသင်းခေါင်းဆောင် လက်ပတ် မပေးတာနဲ့ ပတ်သတ်ပြီး နည်းပြဖြစ်သူ ကလော့ပ်နဲ့လည်း အနည်းငယ် ဆက်ဆံရေး တင်းမာခဲ့သူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီ‌တင်းပတ် အနည်းငယ်က ဆာလတ်ဟာ လီဗာပူးအသင်းမှာ ပျော်ရွှင်မှု မရှိတော့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီး ဆာလတ် အနေနဲ့ အသင်းပြောင်းရွေ့ ဖို့ အစီအစဉ်များ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။

ဆာလက်ရဲ့ သတင်းတွေကို  နည်းပြကြီး ကလော့ပ် ကတော့ ကောလဟာလတွေလို့ ငြင်းဆို သွားခဲ့ ပြီး ဆာလက်ကို ၂၀၂၃ ထိ သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ် လို့လဲ ပြောပြသွားခဲ့ပါတယ်။

ကလော့ပ်က “ကျွန်တော်တို့ ဘယ်အချိန်ကမှ  အပေးအယူ ကိစ္စတွေ မပြောခဲ့ကြပါဘူး။ ဒါကို အခုမှ ဘာလို့ ပြောကြမှာလဲ? မို (ဆာလက်) မှာ ကောင်းတဲ့ ခံစားချက်မျိုး၊ ကောင်းတဲ့ အခိုက်အတန့် မျိုး ရှိနေပါတယ်။ ခြေစွမ်းပိုင်းကလည်း အတော်လေး ထက်မြက်နေပါတယ်။ ဒါကြောင့်မို့ အဲဒါကပဲ အရေးကြီးဆုံး အချက်ပါ။

လေ့ကျင့်ရေးဆင်းတဲ့ အခါမှာ သူတော်တော်လေး ရယ်ရယ်မောမော ဖြစ်နေတာကို ခင်များတို့  မြင်တွေ့နိုင်ပါတယ်။ အသင်းကလဲ သက်တမ်းတိုးဖို့ ပြင်ဆင်နေပါတယ်။ ကျန်တာကတော့ ခင်များတို့အတွက် သတင်းရေးဖို့ ကောင်းရင် ကောင်းပါလိမ့်မယ်။ ဒါပေမယ့် ကောလာဟလတွေက လုံးဝမမှန်ပါဘူး” လို့ ဆိုသွားခဲ့ပါတယ်။

Zawgyi Version

မၾကာေသးခင္က လီဗာပူးလ္အသင္းရဲ႕ အီဂ်စ္တိုက္စစ္မႉး တစ္ေယာက္ျဖစ္တဲ့ မိုဟာမက္ ဆာလက္ တစ္ေယာက္ လီဗာပူးလ္ အသင္းမွာ မေပ်ာ္မ႐ႊင္ ျဖစ္ေနသလို လီဗာပူးလ္ အသင္းကလည္း သူတို႔ရဲ႕ ကစားသမားကို ေရာင္းခ်ဖိဳ႕အတြက္ စီစဥ္ေနတယ္လို႔ ဆာလက္ရဲ႕ နိုင္ငံအသင္းေဖာ္ ျဖစ္သူက ဖြင့္ဟ ထားခဲ့ပါေသးတယ္။ ထို႔အတူပဲ မိုဟာမက္ ဆာလက္ရဲ႕ လီဗာပူးလ္ အသင္းတို႔ရဲ႕ အနာဂတ္ မေရမရာ အေၾကာင္း အရာေတြဟာ သတင္းစာမ်က္ႏွာေတြမွာ ပ်ံ့ႏွံ႕သြားခဲ့ပါတယ္။

ဆာလတ္ ဟာ လီဗာပူးအသင္းနဲ႕ အတူ ခ်န္ပီယံလိဂ္ဖလား ၊ ပရီးမီးယားလိဂ္ဖလား တို႔ကို ရရွိထားသူ ျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ ေဘာလုံးရာသီ ကုန္ခါနီးမွာ အသင္းေဖာ္ တိုက္စစ္မႉး မာေနးနဲ႕ ဆက္ဆံေရးအရ အဆင္မေျပ ျဖစ္ခဲ့သလို လက္ရွိ ေဘာလုံးရာသီ မွာလည္း ခ်န္ပီယံလိဂ္ပြဲ တစ္ပြဲမွာ အသင္းေခါင္းေဆာင္ လက္ပတ္ မေပးတာနဲ႕ ပတ္သတ္ၿပီး နည္းျပျဖစ္သူ ကေလာ့ပ္နဲ႕လည္း အနည္းငယ္ ဆက္ဆံေရး တင္းမာခဲ့သူလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ သီ‌တင္းပတ္ အနည္းငယ္က ဆာလတ္ဟာ လီဗာပူးအသင္းမွာ ေပ်ာ္႐ႊင္မႈ မရွိေတာ့ေၾကာင္း သတင္းမ်ား ထြက္ေပၚလာခဲ့ၿပီး။ ဆာလတ္အေနနဲ႕ အသင္းေျပာင္းေ႐ြ႕ ဖို႔ အစီအစဥ္မ်ား ျပဳလုပ္ေနေၾကာင္း သတင္းမ်ား ထြက္ေပၚလာပါတယ္။ ဆာလက္ရဲ႕ သတင္းေတြကို နည္းျပႀကီး ကေလာ့ကေတာ့ ေကာလဟာလေတြလို႔ ျငင္းဆိုသြားခဲ့ ၿပီး ဆာလက္ကို ၂၀၂၃ ထိသက္တမ္းတိုးဖို႔ ျပင္ဆင္ေနတယ္လို႔လဲ ေျပာျပသြားခဲ့ပါတယ္။

ကေလာ့ပ္က “ကြၽန္ေတာ္တို႔ ဘယ္အခ်ိန္ကမွ အေပးအယူကိစၥေတြ မေျပာခဲ့ၾကပါဘူး။ ဒါကို အခုမွ ဘာလို႔ ေျပာၾကမွာလဲ? မို (ဆာလက္) မွာ ေကာင္းတဲ့ ခံစားခ်က္မ်ိဳး၊ ေကာင္းတဲ့ အခိုက္အတန႔္မ်ိဳး ရွိေနပါတယ္။ ေျခစြမ္းပိုင္းကလည္း အေတာ္ေလး ထက္ျမက္ေနပါတယ္။ ဒါေၾကာင့္မို႔ အဲဒါကပဲ အေရးႀကီးဆုံး အခ်က္ပါ။ ေလ့က်င့္ေရးဆင္းတဲ့ အခါမွာ သူေတာ္ေတာ္ေလး ရယ္ရယ္ေမာေမာ ျဖစ္ေနတာကို ခင္မ်ားတို႔ ျမင္ေတြ႕နိုင္ပါတယ္။ အသင္းကလဲ သက္တမ္းတိုးဖို႔ျပင္ဆင္ေနပါတယ္။ က်န္တာကေတာ့ ခင္မ်ားတို႔အတြက္ သတင္းေရးဖို႔ ေကာင္းရင္ေကာင္းပါလိမ့္မယ္။ ဒါေပမယ့္ ေကာလာဟလေတြက လုံးဝမမွန္ပါဘူး” လို႔ ဆိုသြားခဲ့ပါတယ္။