Spots news

ပြောင်းရွေ့ကြေး အနည်းငယ်နဲ့ ခေါ်ယူနိုင်မယ့် မန်ယူနဲ့ အာဆင်နယ်ရဲ့ ပစ်မှတ် တိုလစ်ဆို

Unicode Version

ပရီးမီးယားလိဂ် အင်အားကြီး ကလပ်အသင်း နှစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ တိုလစ်ဆိုကို ခေါ်ယူဖို့ ကမ်းလှမ်းမှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း သိရပါတယ်။

ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ ကွင်းလယ်အင်အား ဖြည့်တင်းဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဂျာမန် နာမည်ကြီး သတင်းဌာန တစ်ခုကတော့ ဘိုင်ယန်မြူးနစ် အသင်းဟာ ကွင်းလယ်ကစားသမား တိုလစ်ဆိုကို ယူရို ၁၀ သန်း ဝန်းကျင်လောက်နဲ့ ရောင်းချဖွယ်ရှိနေတယ်လို့ ရေးသား ဖော်ပြထားပါတယ်။

ပြင်သစ်သားဟာ ယူရို ၂၀၂၀ ပြိုင်ပွဲဝင် ပြင်သစ်အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပြီး ဘိုင်ယန်မြူးနစ် အသင်းနဲ့ ၁ နှစ်သာ စာချုပ်သက်တမ်း ကျန်ရှိတော့တာဖြစ်ပါတယ်။ ဘိုင်ယန်ကတော့ ယခုနွေရာသီမှာ မလိုအပ်တဲ့ ကစားသမားတွေကို ရှင်းထုတ် နေတာဖြစ်ပြီး ထိုကစားသမားတွေထဲမှာ တိုလစ်ဆိုလည်း ပါဝင်နေပါတယ်။

ဘိုင်ယန်နည်းပြသစ်ကတော့ လိုက်ပ်ဇစ်ကွင်းလယ်လူ ဆာဘစ်ဇာကိုခေါ်ယူချင်နေတာဖြစ်ပါတယ်။ တိုလစ်ဆိုဟာ ဘိုင်ယန်အတွက် ၄ ရာသီမှာ ၅၇ ပွဲသာ ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပြီး ဈေးနှုန်း သက်သက်သာသာ နဲ့ ရရှိမယ့် ကွင်းလယ်လူကို ယူနိုက်တက်နဲ့ အာဆင်နယ်အပြင် ဂျူဗင်တပ်စ်နဲ့ ဝက်စ်ဟမ်းတို့ကလည်း စိတ်ဝင်စား နေပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ အင္အားႀကီး ကလပ္အသင္း ႏွစ္သင္းျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ အာဆင္နယ္အသင္းတို႔ဟာ ဂ်ာမန္ ထိပ္သီးကလပ္ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ တိုလစ္ဆိုကို ေခၚယူဖို႔ ကမ္းလွမ္းမႈမ်ား ျပဳလုပ္ရန္ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။

ယူနိုက္တက္နဲ႕ အာဆင္နယ္တို႔ဟာ ကြင္းလယ္အင္အား ျဖည့္တင္းဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး ဂ်ာမန္ နာမည္ႀကီး သတင္းဌာန တစ္ခုကေတာ့ ဘိုင္ယန္ျမဴးနစ္ အသင္းဟာ ကြင္းလယ္ကစားသမား တိုလစ္ဆိုကို ယူရို ၁၀ သန္း ဝန္းက်င္ေလာက္နဲ႕ ေရာင္းခ်ဖြယ္ရွိေနတယ္လို႔ ေရးသား ေဖာ္ျပထားပါတယ္။

ျပင္သစ္သားဟာ ယူရို ၂၀၂၀ ၿပိဳင္ပြဲဝင္ ျပင္သစ္အသင္းလူစာရင္းမွာ ပါဝင္ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ အသင္းနဲ႕ ၁ ႏွစ္သာ စာခ်ဳပ္သက္တမ္း က်န္ရွိေတာ့တာျဖစ္ပါတယ္။ ဘိုင္ယန္ကေတာ့ ယခုေႏြရာသီမွာ မလိုအပ္တဲ့ ကစားသမားေတြကို ရွင္းထုတ္ ေနတာျဖစ္ၿပီး ထိုကစားသမားေတြထဲမွာ တိုလစ္ဆိုလည္း ပါဝင္ေနပါတယ္။

ဘိုင္ယန္နည္းျပသစ္ကေတာ့ လိုက္ပ္ဇစ္ကြင္းလယ္လူ ဆာဘစ္ဇာကိုေခၚယူခ်င္ေနတာျဖစ္ပါတယ္။ တိုလစ္ဆိုဟာ ဘိုင္ယန္အတြက္ ၄ ရာသီမွာ ၅၇ ပြဲသာ ပါဝင္ခြင့္ရခဲ့တာ ျဖစ္ၿပီး ေဈးႏႈန္း သက္သက္သာသာ နဲ႕ ရရွိမယ့္ ကြင္းလယ္လူကို ယူနိုက္တက္နဲ႕ အာဆင္နယ္အျပင္ ဂ်ဴဗင္တပ္စ္နဲ႕ ဝက္စ္ဟမ္းတို႔ကလည္း စိတ္ဝင္စား ေနပါတယ္။