Spots news

ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ကစားသမားသစ်တွေနဲ့ ပွဲထွက်လာမယ့် ယူနိုက်တက်

Unicode Version

ယခုနှစ် ဘောလုံးရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ရီးရဲလ်မက်ဒရစ် အသင်းကနေ ခေါ်ယူထားတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံ ကစားသမားသစ် ပြင်သစ်လက်ရွေးစင် ဗာရန်းဟာ ဆေးစစ်မှု အပြီးမှာတော့ ယူနိုက်တက် အသင်းနှင့်အတူ လေ့ကျင့်ခန်းကို စတင်နိုင်ပြီ ဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ အသက် အသင်းမှာ ရှိနေတဲ့ အဓိက နောက်ခံလူ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ တွဲဖက်ကစားဖို့ ထိပ်တန်း နောက်ခံလူ တစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပြီး ပြင်သစ် လက်ရွေးစင် နောက်ခံလူဟာ ယူနိုက်တက်ရဲ့ လိုအပ်ချက်နဲ့ ကွက်တိ ဖြစ်နေပါတယ်။

အပြီးသတ် ပြောင်းရွှေ့ကြေး ပေါင် ၄၂သန်းနဲ့ ရီးရဲလ်မက်ဒရစ် ကနေ ရရှိထားတဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ဖြစ်တဲ့ လိဒ်ယူနိုက်တက်နဲ့ ပွဲစဉ်မှာ ပါဝင်ခွင့်ရဖို့ အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းဆင်းခွင့် တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဗာရန်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ဆေးစစ်မှုဟာ ယနေ့ နေ့လယ်ပိုင်းမှာ ပြီးဆုံးဖွယ် ရှိပြီး ဗာရန်းရဲ့ အပြောင်းအရွှေ့ အတွက် တရား​ဝင် ကြေညာမှုကိုတော့ ယနေ့ ညပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ ယခုနှစ်မှာ အဓိက ကစားသမားခေါ်ယူမှုအဖြစ် ရီးရဲအသင်းမှ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်း အပြင် ဒေ့ါမွန်အသင်းမှ အင်္ဂလန်ကြယ်ပွင့် တိုက်စစ်မှူး ဆန်ချိုတို့ကို ခေါ်ယူ ထားနိုင်ပါတယ်။

 

ဆန်ချိုဟာလဲ ယူနိုက်တက် လေ့ကျင့်ရေးကို လာရောက်ပူးပေါင်း နေပြီဖြစ်ပြီး သူ့ခြေစွမ်းကို မြင်ရတော့ဖို့တော့ ပရိသတ်တွေအနေနဲ့ အနည်းငယ်သာ စောင့်ဆိုင်းရဖွယ် ရှိတော့ကာ ရာသီအဖွင့်ပွဲဖြစ်တဲ့ လိဒ်နဲ့ပွဲကို ပါဝင်ကစားနိုင်ဖွယ် ရှိပါတယ်။

Zawgyi Version





မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ ယခုနှစ်မှာ အဓိက ကစားသမားခေါ်ယူမှုအဖြစ် ရီးရဲအသင်းမှ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်း အပြင် ဒေါ့မွန်အသင်းမှ အင်္ဂလန်ကြယ်ပွင့် တိုက်စစ်မှူး ဆန်ချိုတို့ကို ခေါ်ယူ ထားနိုင်ပါတယ်။
