Spots news

ပွဲထွက်ခွင့်ရတိုင်း ခြေစွမ်းကောင်းတွေပြသနေတဲ့ ဒီယာလိုကို အငှားချမယ့် နည်းပြ ဆိုးလ်ရှား

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှားဟာ အသင်းရဲ့ အိုင်ဗရီကိုစ့် လက်ရွေးစင် လူငယ်တောင်ပံ တိုက်စစ် ကစားသမား အာမတ်ဒီယာလိုကို ပုံမှန်ပွဲထွက်ခွင့် ရမယ့် တခြားကလပ်အသင်းတစ်သင်းဆီ အငှားချဖို့ စီစဉ်နေကြောင်း သတင်းများ အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီ ဇန်နဝါရီ အပြောင်းအရွေ့မှာ  အတ္တလန်တာ အသင်းကနေ ပြောင်းရွေ့ကြေး ပေါင် ၃၆သန်းနဲ့ ယူနိုက်တက် အသင်းဆီရောက်ရှိခဲ့တဲ့ အိုင်ဗရီကို့စ်လက်ရွေးစင် လူငယ်ကြယ်ပွင့် ကစားသမား ဒီယာလိုဟာ

လက်ရှိအချိန်မှာ အသက် ၁၉ နှစ် အရွယ်သာ ရှိသေးပြီး အနာဂတ်ဘောလုံး လောကမှာ တောက်ပလာမယ့် ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ၂၀၂၀-၂၁ ရာသီမှာ ယူနိုက်တက် အသင်းကြီးအတွက် ပွဲဦးထွက်ကစားခွင့် ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆိုစီဒက် အသင်းနဲ့ ယူရိုပါလိဂ် ရ၃၂ သင်းအဆင့် ပထမအကျော့ပွဲမှာ အသင်းအတွက် ဒီယာလို ပထမဆုံး အကြိမ် ပါဝင် ကစားခွင့်ရခဲ့ပြီး  အေစီမီလန်နဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ၁၆ သင်းအဆင့်မှာတော့ ယူနိုက်တက် ကစားသမားဘဝ ပထမဆုံး ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။

ဒီယာလိုဟာ သူပါဝင် ပွဲထွက် ကစားခွင့် ရတဲ့ပွဲတိုင်းမှာ ပုံစံကောင်း ခြေစွမ်းကောင်းတွေနဲ့ တည်ငြိမ်မှုတွေ ပြသနိုင်ခဲ့ပေမယ့်လည်း အခုလောလောဆယ် ယူနိုက်တက် အသင်းတိုက်စစ်မှာ

အသစ်ခေါ်ယူထားတဲ့ တောင်ပံ ကစားသမားသစ် ဆန်ချို၊ မာရှယ်၊ ဂရင်းဝုဒ် စတဲ့ကစားသမားတွေ ရှိနေတာကြောင့် ဆိုးလ်ရှားက ဒီယာလိုကို ပုံမှန်ပွဲထွက်ခွင့်ရနိုင်မယ့် အသင်းတစ်သင်းဆီ အငှားချဖို့စီစဉ် နေတာလည်း ဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းနည္းျပ ဆိုးလ္ရွားဟာ အသင္းရဲ႕ အိုင္ဗရီကိုစ့္ လက္ေ႐ြးစင္ လူငယ္ေတာင္ပံ တိုက္စစ္ ကစားသမား အာမတ္ဒီယာလိုကို ပုံမွန္ပြဲထြက္ခြင့္ ရမယ့္ တျခားကလပ္အသင္းတစ္သင္းဆီ အငွားခ်ဖိဳ႕ စီစဥ္ေနေၾကာင္း သတင္းမ်ား အရ သိရပါတယ္။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီ ဇန္နဝါရီ အေျပာင္းအေ႐ြ႕မွာ  အတၱလန္တာ အသင္းကေန ေျပာင္းေ႐ြ႕ေၾကး ေပါင္ ၃၆သန္းနဲ႕ ယူနိုက္တက္ အသင္းဆီေရာက္ရွိခဲ့တဲ့ အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ လူငယ္ၾကယ္ပြင့္ ကစားသမား ဒီယာလိုဟာ

လက္ရွိအခ်ိန္မွာ အသက္ ၁၉ ႏွစ္ အ႐ြယ္သာ ရွိေသးၿပီး အနာဂတ္ေဘာလုံး ေလာကမွာ ေတာက္ပလာမယ့္ ၾကယ္တစ္ပြင့္အျဖစ္ သတ္မွတ္ခံထားရသူျဖစ္ၿပီး ၂၀၂၀-၂၁ ရာသီမွာ ယူနိုက္တက္ အသင္းႀကီးအတြက္ ပြဲဦးထြက္ကစားခြင့္ ရခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဆိုစီဒက္ အသင္းနဲ႕ ယူရိုပါလိဂ္ ရ၃၂ သင္းအဆင့္ ပထမအေက်ာ့ပြဲမွာ အသင္းအတြက္ ဒီယာလို ပထမဆုံး အႀကိမ္ ပါဝင္ ကစားခြင့္ရခဲ့ၿပီး  ေအစီမီလန္နဲ႕ ၁ ဂိုးစီ သေရက်ခဲ့တဲ့ ၁၆ သင္းအဆင့္မွာေတာ့ ယူနိုက္တက္ ကစားသမားဘဝ ပထမဆုံး ဂိုးသြင္းယူ နိုင္ခဲ့ပါတယ္။

ဒီယာလိုဟာ သူပါဝင္ ပြဲထြက္ ကစားခြင့္ ရတဲ့ပြဲတိုင္းမွာ ပုံစံေကာင္း ေျခစြမ္းေကာင္းေတြနဲ႕ တည္ၿငိမ္မႈေတြ ျပသနိုင္ခဲ့ေပမယ့္လည္း အခုေလာေလာဆယ္ ယူနိုက္တက္ အသင္းတိုက္စစ္မွာ

အသစ္ေခၚယူထားတဲ့ ေတာင္ပံ ကစားသမားသစ္ ဆန္ခ်ိဳ၊ မာရွယ္၊ ဂရင္းဝုဒ္ စတဲ့ကစားသမားေတြ ရွိေနတာေၾကာင့္ ဆိုးလ္ရွားက ဒီယာလိုကို ပုံမွန္ပြဲထြက္ခြင့္ရနိုင္မယ့္ အသင္းတစ္သင္းဆီ အငွားခ်ဖိဳ႕စီစဥ္ ေနတာလည္း ျဖစ္ပါတယ္။