Spots news

မက်ဆီထွက်ခွာပြီးနောက် ဘာစီလိုနာရဲ့ ရှယ်ယာတန်ကြေးတွေ ဆက်တိုက်ကျဆင်း

Unicode Version

ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီမရှိတော့တဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကိုပါ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီကို လက်လွှတ်ခံလိုက်ရတာကြောင့် အချိန်နဲ့အမျှ အဘက်ဘက်က ဝင်ငွေတွေကိုဆုံးရှုံးနေတော့မှာဖြစ်ပြီး ဒီဆုံးရှုံးမှုပေါင်းက တစ်နှစ်ကို ယူရိုသန်း (၃၀၀) နီးပါးအထိရှိနိုင်တာပါ။

မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၆ကြိမ်တိုင်တိုင် ရရှိထားသူ ဖြစ်တာကြောင့် ကမ္ဘာပေါ်မှာ အထင်ရှားဆုံး အားကစားသမားတွေထဲက တစ်ဦး ဖြစ်ပြီး သူ မရှိတော့တဲ့နောက်မှာ ဘာစီလိုနာ အသင်းရဲ့ ပုံရိပ်ဟာလည်း နိမ့်ကျသွားခဲ့ရပါတယ်။

နာမည်ကျော် စီးပွားရေး သတင်းဌာန တစ်ခု ဖြစ်တဲ့ Brand Financeရဲ့ တွက်ချက်မှုတွေအရ မက်ဆီ မရှိတော့တဲ့နောက် ဘာစီလိုနာအသင်းရဲ့ ပုံရိပ်တန်ကြေးဟာ ယူရို ၁၃၇သန်း လျော့ကျသွားသလို တစ်နှစ်တာ စီးပွားရေး အမြတ်အစွန်း ရရှိမှုမှာလည်း ယူရို ၇၇သန်း လျော့ကျဖို့ ရှိကြောင်း သိရပါတယ်။

ပွဲကစားတဲ့နေ့တွေမှာလည်း ကွင်းဝင်ကြေးအပါအဝင် အခြားသောဝင်ငွေတွေကတစ်ဆင့် ယူရို (၁၇) သန်း လျော့ကျသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီနဲ့ အဓိကထိန်းညှိထားရတဲ့ အသင်းဂျာစီရောင်းချမှုမှာလည်း မက်ဆီမရှိတော့တာကြောင့် ယူရို (၄၃) သန်းအထိ ဆုံးရှုံးရတော့မှာပါ။

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီကို စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိခဲ့ဘဲ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုခဲ့ရတာပါ။

Zawgyi Version

ဘာစီလိုနာအသင္းအေနနဲ႕ မက္ဆီမရွိေတာ့တဲ့ ေနာက္ဆက္တြဲအက်ိဳးဆက္ေတြကိုပါ ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။ ဘာစီလိုနာအသင္းအေနနဲ႕ မက္ဆီကို လက္လႊတ္ခံလိုက္ရတာေၾကာင့္ အခ်ိန္နဲ႕အမွ် အဘက္ဘက္က ဝင္ေငြေတြကိုဆုံးရႈံးေနေတာ့မွာျဖစ္ၿပီး ဒီဆုံးရႈံးမႈေပါင္းက တစ္ႏွစ္ကို ယူရိုသန္း (၃၀၀) နီးပါးအထိရွိနိုင္တာပါ။

မက္ဆီဟာ ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားဆုကို ၆ႀကိမ္တိုင္တိုင္ ရရွိထားသူ ျဖစ္တာေၾကာင့္ ကမာၻေပၚမွာ အထင္ရွားဆုံး အားကစားသမားေတြထဲက တစ္ဦး ျဖစ္ၿပီး သူ မရွိေတာ့တဲ့ေနာက္မွာ ဘာစီလိုနာ အသင္းရဲ႕ ပုံရိပ္ဟာလည္း နိမ့္က်သြားခဲ့ရပါတယ္။

နာမည္ေက်ာ္ စီးပြားေရး သတင္းဌာန တစ္ခု ျဖစ္တဲ့ Brand Financeရဲ႕ တြက္ခ်က္မႈေတြအရ မက္ဆီ မရွိေတာ့တဲ့ေနာက္ ဘာစီလိုနာအသင္းရဲ႕ ပုံရိပ္တန္ေၾကးဟာ ယူရို ၁၃၇သန္း ေလ်ာ့က်သြားသလို တစ္ႏွစ္တာ စီးပြားေရး အျမတ္အစြန္း ရရွိမႈမွာလည္း ယူရို ၇၇သန္း ေလ်ာ့က်ဖိဳ႕ ရွိေၾကာင္း သိရပါတယ္။

ပြဲကစားတဲ့ေန႕ေတြမွာလည္း ကြင္းဝင္ေၾကးအပါအဝင္ အျခားေသာဝင္ေငြေတြကတစ္ဆင့္ ယူရို (၁၇) သန္း ေလ်ာ့က်သြားမွာျဖစ္ပါတယ္။ ဒါ့အျပင္ မက္ဆီနဲ႕ အဓိကထိန္းညွိထားရတဲ့ အသင္းဂ်ာစီေရာင္းခ်မႈမွာလည္း မက္ဆီမရွိေတာ့တာေၾကာင့္ ယူရို (၄၃) သန္းအထိ ဆုံးရႈံးရေတာ့မွာပါ။

ဘာစီလိုနာအသင္းဟာ အသင္းရဲ႕ သမိုင္းတေလွ်ာက္ အေကာင္းဆုံး ကစားသမား အျဖစ္ သတ္မွတ္ခံထားရတဲ့ မက္ဆီကို စာခ်ဳပ္သစ္ အတြက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ အဆုံးသတ္မွာေတာ့ အသင္းရဲ႕ ဘ႑ာေရး အေျခအေနေၾကာင့္ မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ျခင္း မရွိခဲ့ဘဲ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ထြက္ခြာခြင့္ ျပဳခဲ့ရတာပါ။